By ကိုရွှေသိန်း(မြဝတီ), Shweproperty.com
Updated at 4 June 2012
မြဝတီမြို့တွင်း ရပ်ကွက်များတွင် ပြည်ပအလုပ်အကိုင်ရှာဖွေသူ အလုပ်သမား ယာယီနိုင်ငံကူးလက် မှတ်လာရောက်လျှောက်ထားသူများ ကြောင့်လုံးချင်း နေအိမ်ငှားရမ်းခများ ဈေးမြင့်လျက်ကြောင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ပြီး နောက် ကုန်စည်စီးဆင်းမှု၊ ရောင်းဝယ်မှုဈေးကွက် ရပ်ဝန်းလှုပ် ခတ်လာခဲ့ပြီးအိမ်ခြံမြေဈေးများအဆများစွာ မြင့်တက်သွားကြောင်းသိရ သည်။
''အရင်ကမိသားစုနေ့ဖိုငှား တဲ့အိမ်တစ်လငါးသောင်းပဲရတယ်၊အခုတော့ နယ်တွေကရောက်လာတဲ့ လူတွေ နေဖို့စားဖို့အတွက်၊ ပတ်စပို့လုပ်တဲ့အေးဂျင့်တွေကိုငှားတဲ့အတွက် တစ်လတစ်သိန်းခွဲရရှိပါတယ်၊ အိမ် ငှားရက်ခကိုကျွန်မတို့မြင့်တာမဟုတ် ပါဘူး''ဟု အမှတ်(၄)ရပ်ကွက်မှ အိမ် လုံးချင်းငှားသူတစ်ဦးကပြောပါသည်။
''ဒီလိုသာမငှားထားရင် တစ်နေ့ ညအိမ်ကြေး(တစ်ညလုံး-၁ဝဝဝ)နဲ့ မသက်သာပါဘူး၊ထမင်းကျွေးစရိတ် တွေက မြင့်တော့ ပတ်စပို့စာအုပ် အမြန်ရစေချင်ပါတယ်။ အနည်းဆုံးသုံးပတ်နဲ့လေးပတ်တော့ ကြာတာ ပါပဲ။ဒါကိုနားမလည်တဲ့လူသစ်တွေ တော့ရှိပါတယ်''ဟု အလုပ်အကိုင် အခွင့်အလမ်းရှာဖွေပေးသူအေးဂျင့် တစ်ဦးကပြောသည်။''၂ဝ၁၂ ခုနှစ်အတွင်းမှာ မြဝတီ ရဲ့စီးပွားရေးဈေကွက် အရမ်းလှုပ် ခတ်လာပါတယ်။ အိမ်ငှားခတွေ တင်ဈေးမြင့်သွားတာမဟုတ်ပါဘူး။ ကုန်စည်စီးဆင်းဖို့အတွက် ဒုတိယ မြောက်တည်ဆောက်မယ့် ကုန်စည် တံတားရယ်။ မြဝတီ-ကောကရိတ် ၁၈ မိုင်သာရှည်မယ့် ဒုတိယလမ်း ပိုင်းရယ်။ မြဝတီစက်မှုဇုန်သစ်ကြီး စီမံကိန်းရယ်ကြောင့် မြို့တွင်းအိမ်ခြံ မြေသာမက မြို့ပြင်အာရှလမ်းဘေး ဝဲ၊ယာ စက်မှုဇုန်တည်ဆောက်မယ့် ရွာသစ်ရွာပတ်ဝန်းကျင်တွေမှာပါ ဈေးမြင့်တက်သွားပါတယ်'' ဟု မြဝတီ မြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
''မြဝတီစက်မှုဇုန်တည်ဆောက်ဖို့ ဧရိယာမြေတိုင်းတာမှုတွေလုပ်ပြီးတဲ့ နောက်၊ ကျွန်တော့်အနီးကမြေကွက် တွေ ယခင်ကျပ်နှစ်သိန်းကနေကျပ် ၁ဝ သိန်း၊ သိန်း ၂ဝ ထိမြင့်သွားပြီ။ လမ်းမကြီးအနီး ခြံကွက်တွေက ရာ ဂဏန်းနဲ့ ထောင်ဂဏန်းကြားမှာ ရှိတယ်' ဟု ရွာသစ်ရွာမှ ကိုဖြိုးက ပြောသည်။
မြဝတီတွင်တရားဝင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းအနေဖြင့် ရောင်းသူနှင့်ဝယ်သူကြား ကြိုက် ရောင်းကြိုက်ဝယ်အတွက် ကြာရှည်ခံ အိမ်ခြံမြေ အကျိုးဆောင်လုပ်သူများ သာရှိပြီးအဆိုပါလုပ်ငန်းအားစိတ်ဝင် စားသူအမြောက်အမြားရှိကြောင်း သိရသည်။Source : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ