By ဖြိုး, Shweproperty.com
Updated at 13 February 2014
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှ ကနဦး တည်ဆောက်နေသော အဆောက်အအုံများကို၂ဝ၁၄ခုနှစ်၊ မေလ တွင် အပြီးတည်ဆောက်သွားရန် ခန့်မှန်း ထားကြောင်း မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''လက်ရှိတည်ဆောက်နေတဲ့ အကွက် နှစ်ကွက် (မမ ၁၅၊ ၁၆)က မေလမှာ ပြီးဖို့ မှန်းထားတယ်။ ဒါပြီးရင် ဘတ်ဂျက်အခြေ အနေအရ ဆက်ဆောက်သွားမယ်။ ဈေး နှုန်းကတော့ အထပ်လိုက်မှာ နည်းနည်းစီ ကွာသွားမယ်''ဟု ၎င်းက ပြောသည်။
မမ - ၁၅ အကွက်ပေါ်တွင် အခန်း ပေါင်း ၈၆၄ ခန်းရှိသော ရှစ်ခန်းတွဲ လေး ထပ် အဆောက်အအုံ၂၇လုံးနှင့် မမ - ၁၆ အကွက်ပေါ်တွင် အခန်းပေါင်း ၄၈ဝ ရှိ သည့် လေးခန်းတွဲလေးထပ်အဆောက် အအုံအလုံး ၃ဝ တည်ဆောက်လျက်ရှိသည်။
အဆိုပါ အခန်းများ တည်ဆောက်ရန် ပြည်ပမှ နည်းပညာများ ရယူကာ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဘတ်ဂျက်ဖြင့် ၂ဝ၁၃ခုနှစ် စက်တင်ဘာ ၁ဝ ရက်က ကနဦးတည် ဆောက်ခဲ့သည်။
တည်ဆောက်မည့် အထပ်နှင့် အခန်း နေရာအလိုက် ဈေးနှုန်းသတ်မှတ်ချက်ကွာ ခြားသွားမည်ဖြစ်ပြီး မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီက အဆိုပါ စီမံကိန်း၏ မြေညီထပ်အခန်းများကို အခကြေး ငွေဖြင့် နှစ်ရှည်ငှားရမ်းကာ ရရှိလာသည့် ငွေကြေးဖြင့် နောက်ထပ်အဆောက်အ အုံများ ထပ်တိုးတည်ဆောက်မည်ဖြစ်သည်။
၎င်းအိမ်ရာစီမံကိန်းက အဆောက်အ အုံများ ပြန်လည်ရောင်းချရာတွင်လည်း ယခုနေရာ၌ ယခင်က ရောင်းမှား၊ ဝယ်မှား ဖြစ်ခဲ့သူများနှင့် အစိုးရဝန်ထမ်း ပင်စင်စား များကို စာရင်းကောက်ယူ၍ အဓိကဦး စားပေး ရောင်းချသွားမည်ဖြစ်သည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ