By kumudra, Shweproperty.com
Updated at 19 August 2014
ရောင်းချပေးတော့မယ်လို့ မကြာခဏသတင်းတွေ ထွက်ရှိနေတဲ့ မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာစီမံကိန်းအတွင်း တိုက်ခန်းတွေကို လာမယ့် အောက်တိုဘာလဆန်းမှာ သေချာပေါက်ရောင်းချပေးတော့မှာ ဖြစ်တယ်လို့ မန္တလေး စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါတယ်။
မန္တလေးမြို့ရဲ့ ပထမဆုံးတန်ဖိုးနည်း အိမ်ရာစီမံကိန်းက တိုက်ခန်းတွေကို စိတ်ဝင်စားမှုများနေပေမဲ့ မန္တလေးတိုင်းအစိုး အဖွဲ့ရော မန္တလေးစည်ပင်ကပါ ဈေးနှုန်း ရောင်းချပေးမယ့် ပုံစံတွေကို အရင်က တိကျစွာ ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။
ယခုအခါ တိုက်ခန်းတွေကို တည်ဆောက်ပြီးစီးတာကြောင့် ရောင်းချဖို့ အတွက် စည်းကမ်းသတ်မှတ်ချက်တွေကို တိုင်းအစိုးရထံ တင်ပြထားပြီး လာမယ့် အောက်တိုဘာလဆန်းမှာ ရောင်းချမှာဖြစ်တယ်။
' မြန်မာတွေက အိမ်ပြောင်းရွေ့တာကို သီတင်းကျွတ်မှ ပြောင်းရွေ့ တက်ကြတာ၊ အဲ့ဒါကြောင့် အောက်တိုဘာလဆန်းပိုင်းလောက်မှာ ရောင်းချမှာဖြစ်တယ် ' လို့ ဦးသက်နိုင်ထွန်းကပြောပါတယ်။
တန်ဖိုးနည်းအိမ်ရာ ရောင်းချဖို့ကတွက် စည်းမျဉ်း စည်းကမ်းတွေ၊ ရောင်းချမှုပုံစံတွေ တရားဝင် မထွက်သေးပေမဲ့ အကြမ်းဖျဉ်း အနေနဲ့ ကျပ်သိန်း ၁၀၀ အောက် ရောင်းချမှာဖြစ်ပြီး၊ ရောင်းမှား ဝယ်မှားဇြစ်ခဲ့သူတွေ၊ အငြိမ်းစားဝန်ထမ်းတွေကို ရောင်းချပေးမယ်လို့ သိရပါတယ်။
' တိုက်ခန်းဝယ်ယူသူတွေကို ပိုင်ဆိုင်ခွင့်စာအုပ်ပေးမယ်၊ ငါးနှစ်အတွင်း ပြန်လည်ရောင်း ချခွင့် မရှိဘူး၊ ရောင်းချတယ်ဆိုရင် တိုက်ခန်းပြန်သိမ်းတာမျိုးတွေ ပြုလုပ်မယ် ' လို့ မန္တလေးစည်ပင်မှ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ငါးနှစ်ကျော်လာပါက ပြန်လည်ရောင်းချခွင့်ရှိတယ်လို့ ဆိုပါတယ်။
မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာမှာ လေးခန်းတွဲ တိုက်ခန်း ၃၀လုံး၊ ရှစ်ခန်းတွဲ တိုက်ခန်း ၂၇လုံး ပါဝင်ပြီး အခန်းပေါင်း ၁၃၀၀ ကျော် ပါဝင်ပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ