By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 11 March 2020
မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာတိုက်ခန်းများကို ယခုနှစ်မှာ တတိယအကြိမ်မြောက်အဖြစ်ရောင်းချခဲ့ပြီး လာရောက်လျှောက်ထားသူပေါင်း (၄၀၀၀)ကျော်ရှိတယ်လို့ သိရပါတယ်။ အဆိုပါလျှောက်ထားသူများကို ဝယ်ယူခွင့်ရရှိဖို့ မဲနှိုက်ချထားမှုကို မတ်လ(၁၀)ရက်နေ့က မန္တလေးမြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
ရောင်းချမယ့် အခန်းအရေအတွက်ဟာ (၅၇၄)ခန်းဖြစ်ပြီး လျှောက်လွှာအမျိုးအစား (၄)မျိုးအား အချိုးကျ ခွဲဝေရောင်းချ ပေးခြင်းဖြစ်ပြီး ခွဲတမ်းအရဆိုရင် ပြင်ပပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများအတွက် အခန်း(၅၇)ခန်း၊ ပြည်သူများအတွက် အခန်းအရေအတွက် (၁၁၉)ခန်း၊ အငြိမ်းစားဝန်ထမ်းများအတွက် (၁၁၇)ခန်းနဲ့ နိုင်ငံ့ ဝန်ထမ်းများအတွက် (၂၉၃) ခန်းစီ ခွဲဝေရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိရောင်းချပေးမယ့် အကြိမ်တွင် အခန်းဈေးနှုန်းပြင်ဆင်သတ်မှတ်ထားပါတယ်။ ပြင်ဆင်ထားတဲ့ ဈေးနှုန်းအရ မြေညီထပ်မှာ ယခင်ကထက် ကျပ်သိန်း (၂၀)ပိုသွားပြီး၊ ပဉ္ဂမထပ်ကတော့ (၁၅)သိန်း ကျပ် လျော့သွားတယ်လို့ သိရပါတယ်။
တန်ဖိုးမျှတအိမ်ရာတိုက်ခန်းတစ်ခန်းလျှင် (၆၆၁) စတုရန်းပေ အကျယ်အဝန််းရှိပြီး တိုက်ခန်းဈေးနှုန်းကတော့ အခွန်(၃)ရာခိုင်နှုန်းအပါအဝင် မြေညီထပ်တစ်ခန်းကို (၂၈၈)သိန်းကျော်၊ ပထမထပ် (၂၅၇)သိန်းကျော်၊ ဒုတိယ (၂၃၁)သိန်းကနေ အထပ်မြင့်အလိုက် ဈေးနှုန်းကွာဟပါတယ်။
မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများကို ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ရောင်းချခဲ့ပြီး အခန်းပေါင်း (၁၂၀၀) ကျော်ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : 7day
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ