By kumudra, Shweproperty.com
Updated at 24 October 2014
မန္တလေး ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒ္ဒ္ဒာတန်ဖိုးနည်း အိမ်ရာစီမံကိန်းအပြင် အဲ့ဒီအနီးဝင်းကျင်မှာ နောက်ထပ်တန်ဖိုးနည်းအိမ်ယာ စီမံကိန်းတွေအကောင်အထည်ဖော်ဖို့မြို့တော်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်နေတဲ့အတွက် အဲ့ဒီနေရာဝင်းကျင်က မြေကွက်တွေဟာ ရင်းနှီးမြှုပ်နှံဖို့ အလားအလာ အကောင်းဆုံးနေရာတွေအဖြစ် ရှိနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အချို့က သုံးသပ်ပါတယ်။
ချမ်းမြသာစည်မြို့နယ် တန်ဖိုးနည်းအိမ်ယာ စီမံကိန်းက တိုက်ခန်းပေါင်း ၁၃၄၄ခန်းကို လာမယ့်ဒီဇင်ဘာလအတွင်း တရားဝင်ရောင်းချပေးတော့မှာ ဖြစ်သလို အဲ့ဒီစီမံကိန်းအနီးမှာပဲ တိုက်ခန်းပေါင်း ၃၆၅၆ခန်းကို ၂၀၁၅ခုနှစ်အပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ လူနေထိုင်မှု တွေများလာမှာဖြစ်သလို လူနေထိုင်မှုတွေနဲ့လိုက်ရောညီထွေဖြစ်ဖို့ အခြေခံအဆောက်အအုံ လမ်း၊လျှပ်စစ်မီး၊ရေစတာတွေ ပြည့်စုံလာမှာ ဖြစ်တဲ့အတွက် အလားအလာကောင်းတဲ့ ရင်းနှီုးမြှုပ်နှံစရာနေရာ တစ်ခုဖြစ်တယ်လို့ဆိုကြပါတယ်။
“တန်ဖိုးနည်းအိမ်ရာစီမံကိန်းက အခန်းပေါင်း၁၃၄၄ ခန်းရှိပါတယ်၊ တစ်ခန်းကို သုံးဦးပဲနေတယ်ထားဦး လူနေထိုင်မှု ၄၀၀၀ကျော်၊၅၀၀၀လောက်ရှိလာမယ်၊ နောက်ထပ်တိုက်ခန်းပေါင်း ၃၀၀၀ကျော်ဆောက်ရုံနဲ့ မရဘူး လူတွေဆက်သွယ် သွားလာရေးအတွက် လမ်းတွေ၊လူတွေရဲ့ နေထိုင်မှုအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေပါရှိလာမယ်၊ ရေရှည်ရင်းနှီုးမြှုပ်နှံဖိုကအကောင်းဆုံးအကွက်တွေပါပဲ” လို့ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုဝဏ္ဏစိုးက ပြောပါတယ်။
ယခုရက်ပိုင်းအတွင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းနားက မြေနေရာတွေကို အမေးများလာသလို လူစိတ်ဝင်စားမှုလည်းများတယ်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိတဲ့နေရာမှာ ၄၄လမ်း၊၄၈လမ်း၊၄၉လမ်းတွေရှိပြီး အဲ့သည်လမ်းတွေဟာ အချက်အချာ ကျတယ်။ အရှေ့အနောက်မှာလည်း မနော်ဟရီရယ်၊မဉ္ဇူလမ်း၊ မင်းကြီးရန်နောင်လမ်း၊ အဲ့သည်လမ်းသုံးလမ်းဆုံရာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းနားက ဘဘ၊ဖဖ၊ဗဗ အကွက်တွေ နောက်ပိုင်းဈေးတက်ဖို့ အလားအလာရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အချို့ကသုံးသပ်ပါတယ်။
လက်ရှိအချိန်မှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းနားက မြေကွက်တွေဟာ ပေ၄၀xပေ၆၀ တစ်ကွက်ကို ကျပ်သိန်း၅၀၀မှ ၆၀၀ကြားရှိပြီး ဈေးတက်ဖို့အလားအလာကောင်းတွေ ရှိတဲ့နေရာတစ်ခုလည်း ဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်အချို့က သုံးသပ်ကြပါတယ်။
Ref : Kumudra Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ