By Democracy Today, Shweproperty.com
Updated at 1 February 2019
မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီမှ တာဝန်ယူဆောက်လုပ်သော ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ တန်ဖိုးမျှတတိုက်ခန်းများအား ဝယ်ယူခွင့်မဲပေါက်သော်လည်း ယခုနှစ်ဇန်နဝါရီလကုန်ပိုင်းအထိ တိုက်ခန်းကိုလာရောက်ဝယ်ယူမှု မရှိသူ ၂၂၁ ဦးရှိနေပြီးゞင်းတို့ကို နောက်ဆက်လက်ရောင်းချမည့် တိုက်ခန်းများအတွက် လျှောက် လွှာတင်ခွင့်မပေးတော့ဘဲ Black List စာရင်းထည့်သွင်းသွားမည် ဖြစ်ကြောင်းသိရသည်။
""လာရောက်ဝယ်ယူမှုမရှိလို့ ကျန်နေတဲ့တိုက်ခန်းတွေကို အခု နှစ်မှာ ဆောက်လုပ်ဆဲတိုက်ခန်း တွေနဲ့အတူပေါင်းပြီးတော့ အရင် တိုက်ခန်းတွေကိုလျှောက်ထားပြီး ဝယ်ယူခွင့်မဲမပေါက်ခဲ့တဲ့သူတွေ ကို ဦးစားပေးချထားပေးဖို့စီစဉ် ထားပါတယ်။Black List စာရင်း သွင်းခံခဲ့ရတဲ့ သူတွေအနေနဲ့ နောင်ချထားပေးမယ့် တန်ဖိုးမျှတ တိုက်ခန်းတွေအတွက် လျှောက် ထားခွင့်မရှိတော့ပါဘူး။ အိမ်(သို့ မဟုတ်) မြေပိုင်ဆိုင်မှုရှိကြောင်း စစ်ဆေးတွေ့ရှိတဲ့ နိုင်ငံ့ဝန်ထမ်း တွေရဲ့တိုက်ခန်းတွေကိုလည်း တန်ဖိုးငွေပြန်လည်ပေးအပ်မှာ မဟုတ်ဘဲ ပြန်လည်သိမ်းယူသွား မှာဖြစ်ပါတယ်""ဟု မန္တလေးမြို့ တော်စည်ပင်သာယာရေး ကော်မ တီမှ ဦးကျော်ဇောအောင်က ဇန်န ဝါရီ ၃၀ ရက်တွင် ဒီမိုကရေစီတူဒေး သို့ပြောကြားသည်။
အဆိုပါမဲပေါက်ထားသည့် တိုက်ခန်းကို ဝယ်ယူခွင့်ရရှိသူကိုယ် တိုင်နေထိုင်ရမည်ဖြစ်သည့်အပြင် ငါးနှစ်အတွင်းတခြားသူကို ငှား ရမ်းခြင်း၊ တစ်ဆင့်လွှဲပြောင်းရောင်း ချခြင်းများမပြုလုပ်ရန်တားမြစ် ထားကာ သတ်မှတ်ကာလကျော် လွန်သောအခါကော်မတီကို တင် ပြလျှောက်ထား၍ခွင့်ပြုချက် ရရှိ မှသာ တိုက်ခန်းလွှဲပြောင်းခြင်း၊ ရောင်း
ချခြင်းတို့ကို ခွင့်ပြုမည်ဖြစ် ပြီး တိုက်ခန်းများအနက် ပထမ အသုတ်အဖြစ် အာစီရ်လေးခန်း တွဲ ခြောက်ထပ်ဆောင်အဆောက် အအုံ ၂၈ လုံးမှ အခန်းပေါင်း ၆၇၂ ခန်းကို ပင်စင်စားများနှင့်လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ ဝန်ထမ်းများအား လုပ်သက်သတ် မှတ်၍ ၂၀၁၈ ခုနှစ်ဩဂုတ်လ နောက်ဆုံးပတ်အတွင်းက ချထား ပေးခဲ့သည်။
ယင်းသို့ တိုက်ခန်းများရောင်း ချရာတွင်တိုက်ခန်းမဲပေါက်ထား သူများအဆင်ပြေစေရန် ရတနာ ပုံဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ ဧရာဝတီဘဏ်နှင့် CHID ဘဏ် များ၌ တိုက်ခန်းတန်ဖိုး၏ ၃၀ ရာ ခိုင်နှုန်းကို ပေးသွင်းထားနိုင်သည့် ဘဏ်ချေးငွေစနစ်နှင့်အတူလက် ငင်းငွေချေစနစ်ဖြင့် ရောင်းချပေး ထားခြင်းဖြစ်ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ မှ သိရသည်။
Ref & Photo Credit : Democracy Today
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ