By Kumudra, Shweproperty.com
Updated at 6 February 2019
မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာတွေကို ဒုတိယအကြိမ်မြောက် ရောင်းချတဲ့အခါ ပင်စင်စားနဲ့ ဝန်ထမ်းတွေအပြင် ပြင်ပက လူပုဂ္ဂိုလ်တွေကိုလည်း ရောင်းချပေးဖို့ ဆွေးနွေးနေတယ် လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။
အဆိုပါ အိမ်ရာတွေကို ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်း ပထမအကြိမ် ရောင်းချ ခဲ့စဉ်က ပင်စင်စားနဲ့ ဝန်ထမ်း တွေကိုသာ ဦးစားပေး ရောင်းချခဲ့တာပါ။ ဒုတိယ အကြိမ်မြောက်အဖြစ် အခုနှစ် ဇူလိုင်လအတွင်း ရောင်းချသွားဖို့ ရည်ရွယ်ထားပြီး ပင်စင်စားနဲ့ ဝန်ထမ်းတွေအပြင် ပြင်ပက လူပုဂ္ဂိုလ်တွေ ကိုလည်း ရောင်းချပေးနိုင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
“ဒီတစ်ကြိမ် ရောင်းရင်တော့ ပင်စင်စားနဲ့ ဝန်ထမ်းလဲပါသလို ပြင်ပကပုဂ္ဂိုလ်တွေကိုလဲ ရောင်းမယ်လို့တော့ ဆွေးနွေး နေကြတယ်၊ ဆုံးဖြတ်တာတော့ မဆုံးဖြတ် ရသေးဘူး” လို့ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။
တိုက်ခန်းတွေကို ရောင်းချရာမှာ လက်ငင်းငွေချေတဲ့စနစ်၊ဘဏ်ချေးငွေနဲ့ ရောင်းချတဲ့စနစ်တွေနဲ့ရောင်းချသွားမယ် လို့ သိရပါတယ်။
အဆိုပါ တန်ဖိုးမျှတအိမ်ရာ စီမံကိန်း မှာ တိုက်အလုံးပေါင်း ၁၄၀ တည်ဆောက် မှာဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလအတွင်းက တိုက်အလုံးပေါင်း ၃၂ လုံး ဆောက်လုပ် ပြီးစီးခဲ့တယ်လို့ သိရပါတယ်။ ၎င်းတိုက် အလုံး ၃၂ လုံးက တိုက်ခန်းပေါင်း ၆၇၂ ခန်း မှာ မြေညီထပ် အခန်းတွေကို ကျပ်သိန်း ၂၆၀၊ ပထမထပ် ကျပ်သိန်း ၂၄၀ ၊ ဒုတိယထပ် ကျပ်သိန်း ၂၂၀ ၊ တတိယထပ် ကျပ်သိန်း ၂၁၀၊ စတုတ္ထထပ်ကျပ်သိန်း ၂ဝဝ၊ ပဉ္စမထပ်ကျပ်သိန်း ၁၉၀ စတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။
Ref : Kumudra
Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ