By 7 Day Daily, Shweproperty.com
Updated at 2 October 2017
မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ် မြရည်နန္ဒာ တန်ဖိုး မျှတအိမ်ရာ အပိုင်း (၂) ရှိ တိုက် ခန်းများကို လာမည့် ဒီဇင်ဘာ ၂၀ ရက်ကစတင်၍ နေထိုင်ခွင့်ပေး မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။
အခန်း ၈၀၀ ပါရှိသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ အပိုင်း(၂) ရှိ တိုက်ခန်းများကို အိမ်ရာပိုင်ဆိုင်ထားမှုမရှိသည့် အစိုးရဝန်ထမ်း၊ အငြိမ်းစား၊ ကုမ္ပဏီဝန်ထမ်းနှင့် ဝင်ငွေနည်း ပြည်သူတို့အား ဇန်နဝါရီ ၄ ရက်က မဲနှိုက်ရောင်းချပေးပြီးနောက် လျှပ်စစ်မီးသွယ်တန်းမှုလုပ်ငန်းစဉ် မပြီးသေးသဖြင့် အခန်းအပ်နှံနိုင်ခြင်းမရှိသေးကြောင်း၊ လာမည့် ဒီဇင်ဘာ ၂၀ ရက်တွင် မီးသွယ်တန်းမှုပြီးဆုံးမည်ဖြစ်၍ အခန်းကိုအပ်နှံမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘‘ရွှေစာရံဓာတ်အားခွဲရုံက နေ ၁၃ မိုင်ကွာ ဝေးတဲ့နေရာကနေ မီးသွယ်တန်းနေပါတယ်။ မီးရမှပဲ ရေကသုံးလို့ရမှာ။ ဘဏ်နဲ့အား လုံးစာချုပ်ချုပ်ဆိုပြီးတဲ့သူတွေက နေချင်တယ်ဆိုရင် တိုက်ခန်း ပေးပါ့မယ်။ ဒါပေမဲ့ ရေ၊ မီးမရ သေးပါဘူး။ ဒီဇင်ဘာ ၂၀ ကျမှ အကုန်ရမှာပါ’’ဟု ဦးသက်နိုင်က ပြောသည်။ တိုက်ခန်းဝယ်ယူခွင့်ရရှိထားသူများထဲမှ ၂၆ ဦးအားတိုက်ခန်းသော့ အပ်နှံထားပြီးဖြစ် ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနမှ သိရသည်။
ကျန်ရှိသည့် အခန်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအစီအမံဖြင့် ၄၅ ခန်း၊ ၁၉၅ ခန်း ကို ပြည်ထောင်စုအစိုးရအဖွဲ့ ဝန် ထမ်းများအတွက် မဲနှိုက်ရောင်းချ ခဲ့ကြောင်း ဦးသက်နိုင်က ပြော ကြားသည်။
တန်ဖိုးမျှတအိမ်ရာ အပိုင်း (၂) စီမံကိန်းတွင် ရဲစခန်းများ၊ မီး သတ်စခန်းများ၊ စာသင်ကျောင်း များ၊ ဘဏ်များ၊ ဈေးများ၊ ဈေး ဝယ်စင်တာများ၊ ကားပါကင်များ စသည်တို့ပါရှိမည်ဖြစ်ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ အားလုံး အကောင်အထည်ဖော်ပြီးဆုံးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
တန်ဖိုးမျှတအိမ်ရာ အပိုင်း (၂) ရှိ တိုက်ခန်းကို မဲပေါက်၍ ဝယ်ယူခွင့်ရရှိပြီးနောက် တိုက်ခန်းအရစ်ကျ ၃၀ ရာခိုင်နှုန်းကို လအတော်ကြာ ပေးသွင်းထားသော်လည်း တိုက်ခန်းကို လက်ရှိအချိန်ထိ အပ်နှံနိုင်ခြင်းမရှိမှုအပေါ် နစ်နာကြောင်း ဝယ်ယူခွင့်ရရှိသူများက ပြောကြားသည်။
Ref & Photo Credit : 7 Day Daily & Builder Guide
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ