By Aye Sandar, Shweproperty.com
Updated at 26 January 2021
အဆိုပါစီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ရင်းနှီးမြှုပ်နှံမည့်အပြင် ပြည်ထောင်စု အဆင့်ကလည်း ခွင့်ပြုနိုင်ဖွယ်ရှိကြောင်းနှင့် ခွင့်ပြုချက်ရသည် နှင့်တပြိုင်နက် အမြန်ဆုံး အကောင်အထည်ဖော်ရန် စီစဉ်နေပြီဖြစ်ကြောင်းကို မြိတ်အများပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားသည်။ မြတ်မြို့နယ် ကျွဲကူးကျေးရွာအုပ်စုအတွင်း အကောင်အထည်ဖော်လုပ်ဆောင်မည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးကြီးနှင့် စက်မှုဇုန်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းစဉ်များကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်းလည်းသိရသည်။ အဆိုပါစီမံကိန်းကို မြိတ်အများပိုင် ကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး မြေနေရာကို ဧက ၂၀၀၀ ကျော် လျာထားကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမအပတ်တွင် မြိတ်အများပိုင်မှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အစိုးရအဖွဲ့ထံ လုပ်ငန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က “ ငါးလေလံဈေးနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်ဘက်မှ အဆိုပြုချက်များကို လာရောက် ရှင်းပြသွားကြောင်း၊ လုပ်ရမည့် လုပ်ငန်းဆောင်တာကိုတော့ ပြည်ထောင်စုအဆင့်ကို တင်ပြရန်ရှိသေးကြောင်း နှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် အဆင့်များလည်း ကျန်သေးသည်ဟု ဆိုပါသည်။ ဒါ့အပြင် ငါးလေလံစျေးမှာလည်း အဟောင်းနဲ့ အသစ်ဟူ၍ မဟုတ်ကြောင်း၊ မြိတ်အများပိုင်များမှ သူတို့ဘက်ကလုပ်ချင်တဲ့အပိုင်းအတွက် အဆို တင်ပြချက်များသာ ဖြစ်သည်ဟု” ဆိုပါသည်။ အဆိုပါငါးလေလံဈေးနှင့် စက်မှုဇုန်မှာ ကုန်ကြမ်းကနေ ကုန်ချောထုတ်လုပ်နိုင်မည့် အဆင့်ထိဆို တစ်ဆက်တည်းမြေဧက ၂ ထောင် လိုအပ်မည်ဟု သိရသည်။ ရင်းနှီးမြှုပ်နှံမှု အနေနဲ့လည်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိပြီး ပြည်ထောင်စုအဆင့်မှ ခွင့်ပြုချက်ရသည်နှင့် စီစဉ်ဆောင်ရွက်သွားဖို့ ပြင်ဆင်လျက်ရှိသည်။ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းမှာလည်း ပိုမိုပွင့်လင်းလာမည်ဖြစ်သလို လုပ်ငန်းရှင်ငယ်များလည်း ပေါ်ထွက်လာနိုင်သည်ဟု ဆိုပါသည်။ ထို့အပြင် မောတောင်ခမ်းကို အခြေပြုပြီး လုပ်ဆောင်လျက်ရှိပေမယ့် စျေးကွက် တွက်ချေကိုက်သော် ရန်ကုန်လိုမြို့ကြီးများကိုလည်း တင်ပို့သွားမည်ဟု မြိတ်အများပိုင် ကော်ပိုရေးရှင်းဉက္ကဌဖြစ်သူ ဦးလှသန်းက ပြောကြားသွားပါသည်။ လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ထွက်ကုန်များဖြစ်သည့် ရေထွက်ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေပြီး ငါးစျေးကွက်မှာလည်း ထိုင်းနိုင်ငံစျေးကွက်သို့ ရောက်ရှိနေကြောင်း သိရသည်။ မြိတ်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးကြီးမှာ ဒေါ်လာ သန်း ၇၀ ခန့်ရထားသော်လည်း အစိုးရက ရင်းနှီးမြှုပ်နှံမှုငွေလွှဲခြင်းကို ခွင့်ပြုပေးခြင်း မရှိသည့်အတွက် ယခုထိ နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်နေကြောင်း သိရှိရသည်။ နောက်ဆုံးရ သတင်းများ ရုပ်ရှင်လောကသားများ အဆင်ပြေစေရန်ရည်ရွယ်၍ အရစ်ကျအိမ်ရာများ စီမံဆောင်ရွက်လျက်ရှိ မြန်မာပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁ သိန်းခန့် ဖန်တီးပေးနိုင်မည့် ကိုရီးယား -မြန်မာ စက်မှုဇုန် အဆင့်မြင့် ဈေးဝယ်စင်တာများ၊ ဟိုတယ်နှင့် RESORT များအပြင် တန်ဖိုးသင့်အိမ်ရာများပါ ပါဝင်မည့် ပုသိမ်စက်မှုမြို့တော် စီမံကိန်း အိမ်ရာနှင့် အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID BANK) ၌ အတိုးနှုန်း ၁၀ရာခိုင်နှုန်းထိ လျှော့ချပေးလျက်ရှိ Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ