By 7daydaily, Shweproperty.com
Updated at 22 February 2016
မီးလောင်မှုကြောင့်တစ် မြို့လုံးနီးပါး ပျက်စီးခဲ့သည့် နမ့် ဆန်မြို့ကို မြို့ပြစီမံကိန်းအသစ် ရေးဆွဲ၍ မြို့ပြပြန်လည်တည် ဆောက်မှုစတင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ နမ့်ဆန်မြို့ကို မြို့ပြစီမံကိန်း သစ်ရေးဆွဲ၍ ပြန်လည်တည် ဆောက်ရာတွင် အဆင့်သုံးဆင့် ဖြင့် တည်ဆောက်မည်ဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ဥက္က ဋ္ဌ ဦးမောင်ကျော်က ပြောသည်။
‘‘မြေပြန့်လို မဟုတ်တဲ့အ တွက် တောင်နံရံ၊ ကမ်းပါးတွေရှိ တယ်။ မြို့ပြစီမံကိန်းဆွဲတော့ လို အပ်သလို ချဲ့လို့မရဘူး။ ဘက်ဟိုးနဲ့ လမ်းတွေကို စချဲ့နေပါပြီ။ ပြန်လည်နေရာချထားရေး မလုပ် သေးပါဘူး။ ယာယီတဲထိုးပြီး နေ ခိုင်းထားပါတယ်။ လမ်းချဲ့ပြီးမှ အားလုံးကို နေရာချပေးမှာပါ’’ဟု ဦးမောင်ကျော်က ပြောသည်။
နမ့်ဆန်မြို့သည် တောင် ထိပ်ပေါ်တွင် တည်ထားသော ကြောင့် မြို့တည်ဆောက်ရာ၌ စနစ်ကျနမှုမရှိ၍ မီးလောင်ကျွမ်း ရာတွင် မီးသတ်ကားအဝင်၊ အ ထွက်လမ်းနှင့် မြို့ပတ်မရှိသဖြင့် အဓိကရောင်းဝယ်ဖောက်ကား ရာ မင်္ဂလာနှင့် မြို့လယ်ရပ်၌ ပျက်စီးဆုံးရှုံးမှုများခဲ့ရကြောင်း ဒေသခံများက ပြောသည်။
မြို့ပြစီမံကိန်းသစ် ပထမအ ဆင့်တွင် လမ်းနေရာချဲ့ထွင်ခြင်း၊ နေအိမ်များ အနောက်သို့ ဆုတ်ခြင်း၊ နေအိမ်တစ်အိမ်နှင့် တစ်အိမ်ကြား ခြောက်ပေခန့်အကွာတွင် ပြန်လည် ဆောက်လုပ်ခြင်း၊ လမ်းနေရာအပါအဝင် မျက်နှာချင်းဆိုင်နေအိမ် တစ်အိမ်နှင့် တစ်အိမ် အကွာအဝေး ပေ ၃၀ အထိ ချထားခြင်း၊ဒုတိယအဆင့်တွင် မြို့ရှောင်ပတ်လမ်းဖောက်လုပ်ခြင်း၊ တံတားများ တည်ဆောက်ခြင်း၊ တတိယအဆင့်တွင် လူနေအိမ် များ ဆောက်လုပ်နိုင်မည့် တောင်စွယ်နေရာများ၌ နေရာချဲ့ထွင်ခြင်း စသည်တို့ ရေးဆွဲပြုလုပ်မည်ဖြစ်ကြောင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ သတင်းရရှိသည်။
‘‘ပထမအဆင့်ကတော့ လတ်တလောအဆင်ပြေတယ်။ ဒုတိယနဲ့ တတိယကတော့ ပြည် ထောင်စုအစိုးရ အကူအညီလို အပ်တယ်။ တောင်စွယ်တွေ ဖြို ဖျက်ရမယ်။ လိုအပ်လာရင် လက်ဖက်စိုက်ခင်းတွေ ဖျက်ဆီးရမှာ ဖြစ်တဲ့အတွက် လျော်ကြေးပေး လျော်ရမှာတွေ ရှိတယ်။ ဒါကတော့ မီးဘေးအန္တရာယ်အတွက် ပိုပြီး စိတ်ချသွားမယ်’’ဟု ဦးမောင်ကျော်က ဆိုသည်။
မီးလောင်ကျွမ်းသည့် မီး လောင်ပြင်တွင် ရှင်းလင်းရေးများ လုပ်ဆောင်နေပြီး ဖေဖော်ဝါရီ ၂၁ ရက်၌ အားလုံးပြီးဆုံး၍ မြို့ပြစီမံကိန်းအသစ် စတင်မည် ဖြစ် ကြောင်း သတင်းရရှိသည်။
‘‘လူဦးရေတစ်ထောင်ကျော် လောက်မှာ ၈၀ ကျော်လောက်က တော့ ဘုန်းကြီးကျောင်းမှာပဲ အိပ် တယ်။ ကျန်တဲ့လူတွေက ဆွေမျိုး နီးစပ်တော်စပ်တဲ့လူတွေ အိမ်မှာ သွားနေကြတယ်။ မီးလောင်ပြင် ကို ရှင်းလင်းတုန်းပဲရှိသေးတော့ ယာယီတဲထိုးဖို့ အဆင်မပြေသေး ဘူး’’ဟု မီးဘေးသင့်ပြည်သူများ အား ကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးဦးစီးကော်မတီမှ ဦးအောင်မြင့်က ပြောသည်။
နမ့်ဆန်မီးဘေးသင့်စခန်းသို့ လာရောက်လှူဒါန်းမှုသည် ဖေဖော်ဝါရီ ၁၈ ရက်အထိ ကျပ်သိန်းတစ်သောင်းကိုးထောင်ကျော်ရရှိ ထားကြောင်း ယင်းကော်မတီမှ စုံစမ်းသိရသည်။
လက်ဖက်လုပ်ငန်းကိုသာ အဓိကလုပ်ကိုင်သည့် နမ့်ဆန်မြို့ တွင် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲမှ စတင်၍ ၁၇ နာရီကျော်ကြာ မီးလောင်ကျွမ်းခဲ့မှုကြောင့် အိမ်ခြေ ၂၀၉ လုံးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၃၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ