By ဟိန်းကိုစိုး, Shweproperty.com
Updated at 26 November 2013
ပို့ဆောင်ရေးဝန်ကြီးှဌာနက တည် ဆောက်မည့် ရန်ကုန်၊ နန်းသီတာဆိပ်ကမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ကန့်ကွက်ခဲ့သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် စည်ပင်သာယာ ရေး ကော်မတီနှင့် ပြန်လည်ညှိနှိုင်းသွား မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဉာဏ် ထွန်းအောင်က နိုဝင်ဘာ ၂၅ ရက်တွင် ပြောသည်။
အဆိုပါ ဆိပ်ကမ်းအဆင့်မြှင့်တင်ခြင်းတွင် အထပ် ၂ဝ ရှိ ဟိုတယ်နှင့် အခြားအထပ်မြင့် အဆောက်အအုံများ ပါဝင်သော်လည်း လက်ရှိတွင် ရန်ကုန် စည်ပင်သာယာရေးကော်မတီက နှစ်ထပ် အထိသာ ဆောက်လုပ်ခွင့်ပြုသည့် အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနက ပြန်လည်ညှိနှိုင်းသွားမည် ဟု မြန်မာ့ဆိပ် ကမ်း အာဏာပိုင်ရုံးချုပ် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ဝန်ကြီးက ပြောကြားခဲ့ ခြင်းဖြစ်သည်။
ယင်းစီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက စီမံကိန်းတည်နေရာသည် မြို့တွင်း ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံ ထိန်းသိမ်းရေးနယ်မြေနှင့်ဆက်စပ်လျက် ရှိသည့်နေရာ ဖြစ်သောကြောင့် လည်း ကောင်း၊ မြို့တွင်း အဆောက်အအုံ ဆောက်လုပ်မှုအဆင့် သတ်မှတ်ရာတွင် ပေ ၁၆ဝ အထိသာ ခွင့်ပြုထားသည့်နယ် မြေဖြစ်သောကြောင့် လည်းကောင်း ပြန် လည်ညှိနှိုင်းရန်လိုသည်ဟု ပြောသည်။
အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် လက်ရှိတွင် လုပ်ကိုင်ခွင့်ရရှိထားသည့် တင်ဒါများကိုလည်းရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ မှလုပ်ကိုင်ခွင့်ပြုပေးပြီးဖြစ်ခြင်းကြောင့် စည်ပင်သာယာရေးကော်မတီမှ အထပ် မြင့် သတ်မှတ်ချက်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများအတိုင်း ဆက်လက်ဆောင် ရွက်နိုင်ရန် နှစ်ဖက်ပြေလည်နိုင်မည့်အ ချက်များကို ဆွေးနွေးဆောင်ရွက်ရမည် ဟုလည်း ၎င်းကပြောကြားသည်။
''နိုင်ငံတကာမှာလည်း သူသက်ဆိုင်တဲ့ စည်းမျဉ်းတွေ ချမှတ်ပြီးလုပ်တာပဲ စည်းကမ်းတကျ ဆောင်ရွက်ရမယ်။ နိုင်ငံတကာမှာရှိတဲ့ စည်းမျဉ်းတွေက ခိုင်မာမှုရှိတယ်''ဟု ဦးကျော်စိုးက ဆိုသည်။
ရန်ကုန်မြို့ရှိ နန်းသီတာဆိပ်ကမ်း ကို အဆင့်မြှင့်တင်ရန်အတွက် ပို့ဆောင် ရေးဝန်ကြီးဌာနမှ ပြည်တွင်းကုမ္ပဏီများ သို့ တင်ဒါကြေငြာကာ လုပ်ကိုင်ခွင့်ပြုခဲ့ ဖြစ်ပြီး ၎င်းဆိပ်ကမ်းတွင်းဆောက်လုပ် မယ့် အထပ်မြင့်အဆောက်အုံ ဆောက် လုပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးကော် မတီ၊ Yangon HeritageTrust တို့မှ ကန့် ကွက်ခြင်းဖြစ်သဖြင့် ဆိပ်ကမ်းအဆင့်မြင့် လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ထပ်မံညှိနှိုင်းရမည်ဖြစ်သည်ဟုလည်း ဦးကျော်စိုးက ပြောကြားခဲ့သည်။
အဆိုပါနန်းသီတာဆိပ်ကမ်းအဆင့် မြင့်တင်ရေးတွင် Service Apartment အထပ် ၂ဝ၊ Office Building အထပ် ၂ဝ၊ Hotel ၁၆ ထပ် ၊ Shopping Mall လေး ထပ်၊ Cruise and Terminal သုံးထပ်တို့ ကို ဆောက်လုပ်ရန်အတွက် ၂ဝ၁၂ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ၂ဝ၁၂ ခုနှစ် စက်တင်ဘာတွင် တင်ဒါရွေးချယ်ယှဉ် ပြိုင်လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ တင်ဒါခေါ်ပြီး လုပ် တုန်းက စည်ပင်ကနေ တင်ဒါအပေါ်မှာ ဘာမှအကြောင်းကြားလာတာ မရှိဘူး။ အခု တင်ဒါလည်းပေးပြီးသွားပြီ ဆိုတော့ နှစ်ဖက် အဆင်ပြေဆုံးဖြစ်အောင်လို့ ညှိနှိုင်းရမယ်''ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ဆိုသည်။
လက်ရှိတွင် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် News Down ကုမ္ပဏီအနေဖြင့် တင်ဒါခွင့်ပြုထားသည့် အတိုင်းဆောက် လုပ်ခွင့်ရရှိမည် မဟုတ်သော်လည်း အစိုးရ အဖွဲ့တို့မှ ထပ်မံညှိနှိုင်းမှုမှရရှိ လာသည့် ရလာဒ်အတိုင်း ဆောင်ရွက် ရန်ရှိသည်ဟု ကုမ္ပဏီညွှန်ကြားရေးမှူး ဦးစိုးတင့်က ဆိုသည်။
''ဒီနေရာမှက အထပ်နိမ့်ပဲ ဆောက်လုပ်ဖို့ ကောင်းပါတယ်။ အခုရှိတဲ့ သိုလှောင်ရုံတွေကိုလည်း အစည်းဝေးတွေ လုပ်လို့ရတဲ့ ခန်းမကြီးတွေအဖြစ် အရင် လက်ရာမပျက် ဆောင်ရွက်သင့်တယ်'' ဟု Yangon Heritage Trust မ Program Manager ဦးကြံတိုင်းအောင်ကအဆိုပါ အစည်းဝေးတွင် အကြံပြုပြောသည်။
ရန်ကုန်တိုင်းအတွင်း ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ရာတွင်ရှေးဟောင်း အဆောက်အုံများ၏ အပြင်ဘက်ဒီဇိုင်း များကိုရှေးမူမပျက်စေဘဲ အတွင်းအပြင် အဆင်ကို ပြုပြင်ဆောင်ရွက်နိုင်ခွင့်ကို ခွင့်ပြုထားသော်လည်း နိုင်ငံဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများတွင် အနည်းနှင့် အများ ထိခိုက်မှုရှိနိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ