ရန်ကုန်မြို့ရဲ့ နေအိမ် ၊ တိုက်တာ ၊ အဆောက်အအုံမှာ နေထိုင်သူအများစုဟာ သဘာဝအငွေ့အသက်တွေနဲ့ အလှမ်းဝေးနေပါတယ်။
 
သဘာဝရဲ့ အငွေ့အသက် လတ်ဆက်မှုဟာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
 
တိုးတက်မှုနဲ့ အတူ လုပ်ငန်းခွင်တွေ ၊ နေအိမ်တွေမှာ စမတ်ဖုန်းနဲ့ ကွန်ပျူတာဖန်သားပြင်တွေကိုသာ ကြည့်ရူ့ရင်း လူအများစုဟာ အချိန်ကုန်နေတတ်ကြပါတယ်။
 
သူတို့ဟာ စိတ်အပန်းဖြေစရာ စိမ်းလန်းတဲ့သစ်ပင်တွေရဲ့ သဘာဝအလှတရားကို ခံစားဖို့ မေ့လျော့နေကြသလို ၊ တိုးတက်လာတဲ့ မြို့ပြကြီးမှာ သဘာဝအလှတရားတွေဟာလည်း ပျောက်ဆုံးနေတာတွေ့ရပါတယ်။
 
သဘာဝအလှတရားတွေ ပျောက်ဆုံးနေတဲ့ မြို့ပြရဲ့ မသန့်ရှင်းတဲ့ လေထုကို နေ့စဉ် ရှုရှိုက်ရင်း မွန်းကြပ်မှုဒဏ်ကို ခံစားနေရပါတယ်။
 
ဒါပေမဲ့ နေထိုင်တဲ့ အိမ်မှာ သဘာဝရဲ့ လတ်ဆတ်အေးချမ်းမှုကို ခံစားနိုင်ဖို့ ပြုလုပ်နိုင်တဲ့  အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
 
ဒါ့ကြောင့်မိမိရဲ့ နေအိမ် ၊ တိုက်တာ အဆောက်အအုံမှာ သဘာဝအငွေ့အသက်တွေရှင်သန်နေဖို့ဘယ်လို လုပ်ရမလဲဆိုတာကို အကြံပြုလိုက်ပါတယ်။
 
 

(၁) အပင်လေးတွေ
ကိုယ်ကြိုက်နှစ်သက်တဲ့ ပန်းပင်လေးတွေကို အိမ်ထဲမှာ စိုက်ပျိုးပေးခြင်းအားဖြင့်လည်း သဘာဝရဲ့ အရသာကို ခံစားနိုင်မှာပါ။ဒါ့အပြင် အိမ်ထဲမှာ စိမ်းစိမ်းစိုစိုနဲ့ လန်းဆန်းမှုကိုပါ ပေးစွမ်းနိုင်မှာပါ။ဧည့်ခန်းထဲက စားပွဲပေါ်မှာ ပန်းအိုးထားတာပဲ ဖြစ်ဖြစ် အပင်အသေးလေးတွေကို စိုက်ပျိုးပေးတာပဲ ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
 
(၂) အိမ်တွင်း ပရိဘောဂတွေရဲ့ အရောင်
 
Cabinet တွေ၊ ထိုင်ခုံတွေ နဲ့ နံရံတွေကို အစိမ်းရင့်ရင့်၊ ရွှေရောင်ရင့်ရင့် နဲ့ ချောကလက်ရောင်ရင့်ရင့် စတဲ့ အရောင်တွေကို အသုံးပြုပေးမယ်ဆိုရင် သဘာဝအရသာကို ခံစားနိုင်ဖို့ အကောင်းဆုံးဖြစ်မှာပါ။အိမ်ကို သစ်လွင်နေစေမှာ ဖြစ်တဲ့အပြင် အမြင် လန်းဆန်းမှုကိုပါ ပေးစွမ်းနိုင်မှာပါ။
 
(၃)ဖန်တီးမှုလေးတွေ ထပ်လုပ်ပါ။
 
ဥပမာ- သစ်ရွက်ပုံလေးတွေပါတဲ့ နံရံကပ်စက္ကူကပ်တာပဲ ဖြစ်ဖြစ် သစ်ပင်တွေပါတဲ့ ဓာတ်ပုံတွေကို နံရံမှာ ချိတ်ဆွဲတာပဲ ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကူးအတိုင်း အလှဆင်နိုင်သလို Online မှာလည်း Idea လေးတွေ ရှာပြီး အလှဆင်နိုင်ပါတယ်။
 
 

(၄) အိမ်ထဲကို အလင်းရောင်များများ ဝင်ပါစေ
 
အိမ်ထဲမှာ အလင်းရောင်များများ ရရှိအောင် ပြုလုပ်ဖို့ မမေ့ပါနဲ့။တိုက်ခန်းမှာ နေထိုင်သူတွေအတွက် အလင်းရောင် ပေါများစွာ ရရှိတာကြောင့် တကူးတက ပြုလုပ်စရာ မလိုပါဘူး။ပြတင်းပေါက်တွေ ဖွင့်ထားဖို့ မမေ့ပါနဲ့။ လိုက်ကာ အသုံးပြုမယ် ဆိုရင် အရောင်ဖျော့ပြီး အလင်းရောင် ဖောက်နိုင်မယ့် အရောင်မျိုး ရွေးချယ်ပြီး အသုံးပြုပါ။
 
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ရွှေငွေဥစ္စာဝင်ရာလမ်းကြောင်းဖြစ်သည့် ဖုန်းရွှေတံခါးပေါက်ပွင့်စေရန်
မိသားစုအတွက်ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်မယ့် အိမ်အလှဆင်နည်း(၇)မျိုး
သင့်မိသားစု ကျန်းမာရေးအတွက် အိမ်တွင်း သတိမူရမည့်အရာများ


Posted By: Ra Wai (ShweProperty.com)