By ကိုဖြိုး(နေပြည်တော်), Shweproperty.com
Updated at 3 April 2012
မကြာမီရောက်ရှိတော့မည့် မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလ နီးကပ်လာသည်နှင့်အမျှ နေပြည်တော်ရှိ အိမ်၊ ခြံ၊ မြေဈေးကွက်မှာ အရောင်းအဝယ်အေးနေကြောင်း မြေဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။“အိမ်၊ ခြံ၊ မြေဈေးကွက် အခြေအနေက သင်္ကြန်နီးလာတော့ စိတ်ဝင်စားမှု နည်းသွားတယ်၊ ဈေးနှုန်းတွေက အရမ်းကြီးတက်တာတော့ မရှိဘူး၊ ပုံမှန်အတိုင်းပဲရှိနေတယ်။ သိန်းထောင်ချီတဲ့ မြေကွက်တွေ ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်တာက ကျပ်သိန်းတစ်ရာအောက်တွေ အများဆုံးဖြစ်တယ်။ ဒီနှစ်ကူးပြီးရင်တော့ ဈေးတွေ ပြန်ပြီးလှုပ်ခတ်လာနိုင်ပါတယ်” ဟု ပျဉ်မနားမြို့ရှိ မြေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။နေပြည်တော်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်များသည် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှစတင်ကာ သိသိသာသာ မြင့်တက်ခဲ့ပြီး ထိုစဉ်က အရောင်းအဝယ်များလည်း ကောင်းမွန်သည့် အနေအထား၌ ရှိခဲ့ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှ စတင်ကာ ရောင်းဝယ်ခြင်းများထက် အပေါင်းခံခြင်းများက အလုပ်ဖြစ်နေသည်ဟု ပွဲစားများက ဆိုသည်။“ဝန်ထမ်းဟောင်းတွေ အများဆုံးနေတဲ့ ပဗ္ဗုသီရီဆိုရင် အရင်က ဧရာသဝတီလမ်းမကြီးဘေးကို ကျပ်သိန်း ငါးရာပေါက်ဈေးရှိတယ်။ အခုတော့ ကျပ်သိန်းသုံးရာပေါက်ဈေးရှိတာတောင် ဝယ်သူတွေက သိပ်မပေးချင်ကြဘူး။ ဈေးဆစ်ရင်လည်း ထက်ဝက်လောက်အထိ ဆစ်ချလိုက်တယ်။ အဲဒီတော့ ရောင်းသူက မရောင်းတော့ပဲ အပေါင်ခံတဲ့ဘက်ကို လှည့်လာကြတယ်။ တချို့ကတော့ သင်္ကြန်ပွဲပြီးတဲ့ အထီဈေးကွက်ကို စောင့်ကြည့်မယ်လို့ ပြောတယ်” ဟု ပဗ္ဗုသီရီ မြို့ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောသည်။ယခင်က အိမ်၊ ခြံ၊ မြေဈေးကွက် အရောင်းအဝယ်ကောင်းခဲ့ကြသည့် ဇမ္ဗူသီရိမြို့ရှိ ရွှေကြာပင် ရပ်ကွက်၊ သပြေကုန်းရပ်ကွက်နှင့် ဒက္ခိဏသီရိမြို့ရှိ မြေများသည်လည်း လက်ရှိတွင် လေ့လာသူများ ရှိသော်လည်း ဝယ်ယူသူများ ထင်သလောက်မရှိဘဲ ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း မြေဈေးကွက်ကျွမ်းကျင်သူများက ဆိုကြသည်။“ဒီတစ်ခါ ကျောက်မျက်ပွဲလာတဲ့ ကုန်သည်တွေက မြေကွက်တွေကို လေ့လာတာ ဝယ်တာတွေ နည်းသွားတယ်၊ ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျောက်မျက်ပွဲလာရင်းနဲ့ နေပြည်တော်က မြေကွက်တွေကို နေရာကောင်းပြီး ကြိုက်ဈေးတွေ့တာနဲ့ ဝယ်သွားတတ်ကြတယ်” ဟု သပြေကုန်းရပ်ကွက်တွင် နေထိုင်ရင်း အိမ်၊ ခြံ၊ မြေဈေးကွက်ဝယ်ရောင်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။Source: မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ်
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ