By Popular News Journal, Shweproperty.com
Updated at 25 February 2019
လက်ရှိနေပြည်တော်အိမ်ခြံမြေဈေးကွက်အခြေအနေမှာအရောင်းအဝယ်ဖြစ်နေပြီးပုဗ္ဗသီရိမြို့နယ်မှာအရောင်းအဝယ်အကောင်းဆုံးနှင့်အသွက်ဆုံးဖြစ်ကြောင်းမြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(နေပြည်တော်)မှသိရသည်။
"မဆိုးပါဘူး။အရောင်းအဝယ်ဖြစ်ပါတယ်။အရမ်းကြီးတော့ဟိုလိုမျိုးဝယ်/ရောင်းဈေးကွက်ရှိတဲ့ဟာမျိုးမဟုတ်ပါဘူး။နောက်တစ်ခုကဈေးတက်မယ့်အလားလာအပေါ်မှာတော့လည်းအဲ့ဒီလိုလဲမမြင်မိပါဘူး"ဟုရွှေလက်ပံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှဦးဝင်းဇော်ဦးကဆိုသည်။
လက်ရှိတွင်ပုဗ္ဗသီရိမြို့နယ်၊ဥတ္တရသီရိမြို့နယ်၊ပျဉ်းမနား၊ပေါင်းလောင်း၊ရွှေကြာပင်နှင့်သပြေကုန်းတို့တွင်အများဆုံးအရောင်းအဝယ်ဖြစ်နေပြီးအမှန်တကယ်အသုံးပြုနေထိုင်သူများနှင့်ရုံးခန်းဆောက်မည့်သူများမှာဝယ်ယူမှုအများဆုံးဖြစ်ကြောင်းသိရသည်။
ဦးဝင်းဇော်ဦးက"ဈေးက(၆၀)၊(၁၀၀)ကနေပြီးတော့ထောင်နီးပါးအထိပေါ့။ဆယ်ဂဏန်းကနေထောင်နီးပါးအထိရှိတယ်။အခုလောလောဆယ်အရောင်းအဝယ်အကောင်းဆုံးနဲ့အသွက်ဆုံးကပုဗ္ဗလို့ပြောရမှာပေါ့။သူက အရောင်းအဝယ်စိတ်ပါတယ်"ဟုဆိုသည်။
နေပြည်တော်အိမ်ခြံမြေအငှားဈေးကွက်အခြေအနေမှာလည်းအဆင်ပြေလျက်ရှိပြီးသပြေကုန်း၊ပေါင်းလောင်းနှင့်ဥတ္တရသီရိမြို့နယ်တို့တွင်ပိုမိုဌားရမ်းရကြောင်းသိရသည်။
Ref & Photo Credit : Popular News Journal
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ