By 7daydaily, Shweproperty.com
Updated at 21 January 2016
ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့မှ အငြိမ်းစား ဝန်ထမ်းများ မြေကွက်လျှောက် ထားခြင်းကိစ္စနှင့် ပတ်သက်၍ ကောလာဟလအဖြစ် ငြင်းဆို ထားသော်လည်း နေပြည်တော်ဗ ဟိုစာတိုက်ကြီးတွင် လျှောက်ထား မှုများရှိနေကြောင်း သတင်းရရှိ သည်။
‘‘ကောလာဟလဆိုပေမယ့် ရတာ၊မရတာတော့မသိဘူးပေါ့။ သူများတွေလျှောက်လို့ လျှောက် ထားလိုက်တယ်။ ခုပင်စင်သာယူ သွားရတာ ကိုယ်ပိုင်မြေကွက်ဆို တာမရှိသေးဘူး။ ရလိုရငြားပေါ့’’ ဟု ဇမ္ဗူသီရိမြို့နယ်နေ ယခင် ကုန်သွယ်ရေးဝန်ကြီးဌာန ကုန်သွယ်လယ်ယာမှ အငြိမ်းစား ဝန်ထမ်း အသက်(၇၃)နှစ်အရွယ်ဒေါ် ရင်ကြည်ကပြောသည်။
အဆိုပါ မြေကွက်လျှောက် ထားမှုများနှင့်ပတ်သက်၍ ‘‘ဝန် ကြီးဌာနကို ညွှန်ကြားချက်တွေ လည်းမရောက်ဘူး။ အဲဒီသတင်း တွေက ကြားတော့ကြားနေရတာ ပဲ။ မြေကွက်ကို ဘယ်သူကပေး မှန်းလည်းမသိဘူး။ ဘယ်ကကိုင် မှန်းလည်းမသိဘူး။ ညွှန်ကြား ချက်အနေနဲ့ကတော့ ဘာမှမကြား ပါဘူး’’ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။
‘‘လျှောက်လွှာပုံစံကို မိတ္တူ ဆိုင်တွေမှာ ဝယ်လို့ရတယ်။ လျှောက်လွှာမှာ ပုံစံဖြည့်ပြီးဗဟို စာတိုက်ကြီးမှာလာတင်ပေါ့။ ရိုး ရိုးဆိုရင် ခုနစ်ရာကျပ်ပေးရတယ်။ အမြန်ချောပို့နဲ့ဆို ၂၇၀၀ကျ တယ်’’ဟု လက်ပံခါးကျေးရွာမှ လာလျှောက်သူတစ်ဦးကပြော သည်။ တပ်မတော်တွင် တာဝန် ထမ်းဆောင်ကာ အငြိမ်းစားယူခဲ့ သည့် ဖခင်ကိုယ်စားမြေကွက်လာ ရောက်လျှောက်ထားခြင်းဖြစ် ကြောင်းလည်း ၎င်းကဆိုသည်။
မိတ္တူရောင်းချသည့် မြေ ကွက်လျှောက်လွှာပုံစံများတွင် ဦး မြင့်ဆွေ၊ ဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်ဟု လိပ်မူရောင်းချနေပြီး လျှောက် ထားသည့် ဌာနဆိုင်ရာအသီးသီး မှ အငြိမ်းစားဝန်ထမ်းများအနေ ဖြင့် နေပြည်တော်ဗဟိုစာတိုက် ကြီးတွင် ယင်းအတိုင်းလိပ်မူ လျှောက်ထားနေကြသည်။
မြေကွက်လျှောက်ထားရန် အတွက် ပင်စင်စာအုပ်မိတ္တူ(သို့) စမတ်ကတ်မိတ္တူ၊ အိမ်ထောင်စုဇယား (ပုံစံ ၁၀၊ ပုံစံ၆၆)မိတ္တူ၊ မှတ်ပုံတင်မိတ္တူများဖြင့် ပူးတွဲလျှောက်ထားတင်ပြရမည်ဖြစ်ကြောင်း လျှောက်ထားသူများကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ နေပြည်တော်ဗဟို စာတိုက်ကြီးသို့ ဆက်သွယ်မေးမြန်းရာ ‘‘လာတော့တင်နေတယ်။ ကျွန်မတို့အနေနဲ့ကတော့ လာတင်တာတွေကို လက်ခံထားဖို့ပါပဲ။ ကျန်တာတော့ မသိဘူး’’ဟုတာဝန်ရှိသူ တစ်ဦးက ဖြေကြားသည်။
အငြိမ်းစားဝန်ထမ်းများအ နေဖြင့် မြေကွက်လျှောက်ထားမှု များ ပြုလုပ်နေသော်လည်း ရန် ကုန်တိုင်းဒေသကြီး အစိုးရကမူ မြေကွက်ချထားပေးရန် လျှောက် လွှာခေါ်ယူထားခြင်းမရှိကြောင်း ငြင်းဆိုသည်။
ထို့အတူ ယခုသတင်းမှာ မှားယွင်းကြောင်း၊တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ဆောင်နေခြင်းမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးရဲထွဋ်ကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
Ref : 7daydaily
Photi Credit : skyscrapercity
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ