By ထူးသန့်, Shweproperty.com
Updated at 14 December 2011
နေပြည်တော် ကောင်စီနယ်မြေ အတွင်းပျဉ်းမနားမြို့ နှင့် လယ်ဝေးမြို့များကို ရှောင်ကွင်းဖောက်လုပ်ထားသည့် ၁၅ မိုင်ခန့်ရှည်လျားသော မြို့ရှောင်လမ်း ဘေးဝဲရာရှိ မြေကွက်များ၏ဆိုဈေးများမြင့်တက်လာကြောင်း ဒေသခံများနှင့် ကိုယ်တိုင်ဈေးစုံးစမ်းခဲ့သူ အချို့ကပြောသည်။
ရန်ကုန် နှင့် မန္တလေးမြို့တော် များအကြား ကုန်စည်တင်ယဉ်ကြီးများနေ့စဉ် စီးရေ ရာဂဏန်းဖြတ်သန်းမောင်းနှင်လျက် ရှိသော အဆိုပါလမ်းဘေးတွင် စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းဖြစ်ထွန်း အောင်မြင်ခြင်း နဲ့ ထမင်းဆိုင် နှင့် စားသောက်ဆိုင်လုပ်ငန်းအချို့ အောင်မြင်နေသည့် အတွက် ရင်းနှီးမြုပ်နှံသူများက စိတ်ဝင်စားလျက်ရှိကြောင်းလည်း သတင်းရရှိသည်။
“ အခြားအလုပ်တွေ မသေချာတော့ စက်သုံးဆီဆိုင်ဖွင့် မယ်ဆိုပြီး အဲဒီဘက်သွားစုံးစမ်းတာ ပထမတစ်ခေါက်သွားမေးတုန်းက သိန်း ၃၅၀ ၊ ၄၀၀ နောက်တစ်ပတ်သွားမေးတော့ ၆၀၀ ၊ ၆၅၀ တွေအော်ကြတယ်။ နောက်ထပ်သွားမေးရမှာတောင် ကြောက်နေပြီ” ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သွားရောက်စုံစမ်းလေ့လာခဲ့သော လူငယ်စီပွားရေးသမားတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောခဲ့သည်။
အဆိုပါ လမ်းဘေးတွင် လမ်းနဲ့ ကပ်လျက်ကျေးရွာများရှိသော်လည်း လေယာဉ်ကွင်းစီမံကိန်းနှင့် မလွတ်၍ ရွေ့လာသော ရေလည်ကွေ့နှင့် ဇေယျာသိမ်ကျေးရွာများသာလျှင် မြေနေရာ အထောက်အထားများရှိကြောင်း၊ ယင်းကဲ့သို့ ခိုင်မာမှုကြောင့် ငွေကြေးရှိသူများ ရင်းနှီးမြုပ်နှံလာကြရာ ဈေးနှုန်းများကိုလည်း ဈေးမြင့် ၍ခေါ်လာကြောင်း ဒေသခံတစ်ချို့ကပြောသည်။ “ ဘာတွေဖြစ်မလဲတော့ မသိဘူး။ ရွာမြေကို ဝယ်တဲ့လူရှိသလို လယ်ယာမြေကို ဈေးကောင်းပေးဝယ်ထားတဲ့သူတွေလည်းရှိတယ်။ အချို့လည်း ယာမြေပေါ်မှာ ခပ်တည်တည်ပဲ အိမ်ဆောက်နေကြတယ်။ များသောအားဖြင့် မြို့ပေါ်ကနေ အုပ်စုလိုက် ဆင်းဝယ်ကြတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ထပ်မံရရှိသော သတင်းအရမြို့ရှောင်လမ်းဘေးတွင်စက်သုံးဆီဆိုင်ဖွင့်လှစ်ရန် နေပြည်တော်ကောင်စီသို့ တရားဝင်လျှောက်ထားသော ကုမ္ပဏီများလည်းရှိနေကြောင်းသိရသည်။
Source : 7Days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ