By Kumudra, Shweproperty.com
Updated at 2 January 2019
နေပြည်တော်မှာ နေအိမ်အငှားနဲ့အရောင်းဈေးကွက်တွေ အောက်တိုဘာလကုန်ပိုင်းကစပြီး သိသိသာသာ တက်လာတယ်လို့ နေပြည်တော် အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောပါတယ်။
နေပြည်တော်မှာ အငှားနဲ့ အရောင်း အဝယ်က တက်ဈေးနဲ့ မဟုတ်ပေမဲ့ ပုံမှန်ဈေးလေးနဲ့ အရောင်းအဝယ်ဖြစ်နေကြပါ တယ်။ရှေ့နှစ်ဆန်းပိုင်းအထိ အရောင်းအဝယ် ဆက်တိုက်ကောင်းဖို့ မျှော်လင့်တယ်လို့ ရွှေလက်ပံအိမ်ခြံမြေ အကျိုးတော်ဆောင်က ခန့်မှန်းပါတယ်။
တခြားမြို့နယ်တွေမှာတော့ အရောင်း အဝယ်ပါးရင် ပါးတာတွေရှိကြ ပေမဲ့ နေ ပြညတော်ရဲ့ အိမ်ခြံမြေက ဈေးနှုန်းသင့်တော့ နေထိုင်ဖို့နဲ့ လုပ်ငန်းလိုအပ်ချက်ရ သူတွေက မျက်စိကျကြတယ်။ ဒါကြောင့် နေပြည်တော်ရဲ့ မြို့နယ်တိုင်းမှာ အရောင်းအဝယ်ဖြစ်လာကြတယ်။လုပ်ငန်းတွေဖြစ်လာတော့ အိမ်ခြံမြေအကျိုးဆောင်တွေလည်း အလုပ်ဖြစ်လာပြီး အဆင်ပြေကြ တယ်လို့ နေပြည်တော် အိမ်ခြံမြေ အကျိုးတော်ဆောင် အချို့က ပြောပါတယ်။
ရွှေလက်ပံ အိမ်ခြံမြေအကျိုးဆောင်က ဦးကျော်စွာမြင့်က “နေပြည်တော် အနေနဲ့ မြေကွက်ဈေးအရမ်းသာနေတယ်၊ ဈေးနှုန်းကလဲ သက်သာတော့ တခြားမြို့နယ် တွေနဲ့ ယှဉ်ရင် ဒီဘက်ကို ရင်းနှီးမြှုပ်နှံတာတွေ ပိုများလာတယ်”လို့ ပြောပါတယ်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ရွှေကြာပင်နဲ့ သပြေကုန်းမှာ အရောင်းအသွက်ဆုံးဖြစ်သလ ဥတ္တရသီရိ၊ ပုဗ္ဗူသီရိနဲ့ ပျဉ်းမနား ၊ ပေါင်းလောင်း တို့မှာ အရောင်းသွက်နေပါတယ်။
ကျပ်သိန်း ၁ဝဝဝ၊ ၁၅ဝဝ အောက် မြေ ကွက်အလွတ်တွေက ပိုအရောင်းသွက်ပါ တယ်။သပြေကုန်း ဧရာဝတီလမ်းမကြီးပေါ်မှာဆိုရင် ပေ ၁ဝဝ ပတ်လည် မြေကွက်ကိုကျပ်သိန်း ၂၈ဝဝ ကနေ ၅ဝဝဝ ဝန်းကျင် ထိရှိပြီးပေ ၁ဝဝ ပတ်လည် အိမ်ပါဆိုရင်တော့ ကျပ်သိန်း ၄ဝဝဝ ဝန်းကျင် အစားစား ရှိပါတယ်။ ပေ ၆၀ ပတ်လည်ကို ကျပ်သိန်း၈ဝဝ မှ ၁ဝဝဝအထိ ဈေးပေါက်ပါတယ်။ ရွှေကြာပင် ပဒုမ္ဗာလမ်းဘက်ဆိုရင် ပေ ၆၀ ပတ်လည်ကို ကျပ်သိန်း ၁ဝဝဝ ဝန်း ကျင်မှာ ရှိပါတယ်။
အငှားဈေးကွက်
နေပြည်တော်မှာ ချေးငွေလုပ်ငန်းနဲ့ ပရောဂျက်လုပ်ငန်းတွေ အဝင်များလာလို့ ငှားဖို့ အိမ်ကြီး အိမ်ကောင်း မရှိတော့တဲ့ အထိ ဖြစ်နေပါတယ်။ ကျပ် ၅ဝဝ,ဝဝဝ ကနေ ၁၅ သိန်းကြား အငှားသွက်လာတယ်လို့ သိရပါတယ်။
သပြေကုန်း ပိတောက်လမ်းနဲ့ ဧရာဝတီလမ်းမကြီးပေါ်မှာ လုပ်ငန်းတိုးချဲ့ဖို့နဲ့ စားသောက်ဆိုင်တွေ တိုးလာလို့ မြေကွက် အလွတ်တွေ အငှားသွက်လာတယ်လို့ ဦးကျော်စွာမြင့်က ပြောပါတယ်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ ပရိဘောဂ အပြည့်အစုံပါ လူနေအိမ်အ တွက် ပေ ၁ဝဝ ပတ်လည်ကို ကျပ်၁၀ သိန်းရှိပြီး ပေ ၈၀ပတ်လည်ကို ကျပ် ၃၅၀,ဝဝဝ ကနေ ၅ဝဝ,ဝဝဝ အထိ ရှိပါတယ်။ ပေ ၆၀ ပတ်လည်မှာလည်း ကျပ် ၅ဝဝ,ဝဝဝ လောက်ဆို ပရိဘောဂထည့်ပေးပြီး ပရိဘောဂမပါဘဲ အလွတ်က ၂၅၀,ဝဝဝ ကနေ ၃ဝဝ,ဝဝဝ အထိ ရှိတယ်လို့ မေတ္တာမွန်အိမ်ခြံမြေ အကျိုးတော်ဆောင်က သိရပါ တယ်။
“ရန်ကုန်မြို့မှာတော့ ပရိဘောဂစုုံတဲ့ အိမ်အငှားက ၅၀ ရာခိုင်နှုန်း လောက်ရှိပေမဲ့ နေပြည်တော်မှာက နည်းနည်းရှားတယ်၊ရေမီးအစုံ လောက်ပဲ လုပ်ပေးနိုင်တဲ့ အိမ်ရှိတယ်၊အိမ်ရှင်တွေက ပရိဘောဂအစုံမထည့် ပေးတာကလဲ အိမ်ငှားမရှိတဲ့ အခါမှာ အဲဒါတွေကအလဟဿ ဖြစ်တယ်လို့ ယူဆကြတော့ ပလိန်းငှားတာ များပါ တယ်” လို့ ဦးကျော်စွာမြင့်က ပြောပါတယ်။
Ref & Photo Credit : Kumudra
Posted : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ