By မိုးညို, Shweproperty.com
Updated at 30 July 2012
အသစ်ဖော်ထုတ်မည့်နေပြည်တော် စက်မှုဇုန်အတွက် လုပ်ငန်းရှင်ပေါင်း ၂ဝ ကျော် လာ ရောက်ရင်းနှီးမြပ်နှံရန် လျေှက် ထားမှုများရှိနေပြီဖြစ်ကြောင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေး ကော်မတီမှ သိရသည်။မေလလယ်မှ စတင်ကာ နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် နေပြည်တော် နှင့် ရှမ်းပြည်နယ် တို့ တွင်အသစ်ဖော်ထုတ်မည့် စက်မှုဇုန်နယ်မြေသစ်အား ပြည်တွင်း လုပ်ငန်းရှင်များ ဝင်ရောက်လုပ် ကိုင်ရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။မေလမှစတင်ခေါ်ယူခဲ့ရာ ယခု ဇူလိုင်လလယ်အထိ သုံးလအတွင်း နေပြည်တော် စက်မှုဇုန်တွင် ဝင်ရောက်လုပ်ကိုင်ရန် လုပ်ငန်းရှင် ၂ဝ ကျော် လာရောက် လျှောက်ထားခဲ့သော်လည်း ရှမ်းပြည်နယ် တွင်ဖော်ထုတ်မည့် စက်မှုဇုန်နယ်မြေများအတွက်မူ လတ် တလော လာရောက်လျှောက်ထားမှုမရှိသလောက် နည်းပါးနေ ပြီး စုံစမ်းမေးမြန်းမှုများသာရှိနေ သေးကြောင်း အထက်ပါကော် မတီမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။''လုပ်ငန်းက ကိုယ့်စိတ်ကြိုက်လုပ်ငန်း အကုန်လျှောက်ထားလို့ရပါတယ်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်ဖို့ဘဲ လိုတယ်'' ဟုအထက်ပါတာဝန်ရှိသူကပြောသည်။အဆိုပါစက်မှုဇုန်လုပ်ငန်း နှစ်ခုစလုံးကို မိမိလုပ်ကိုင်လို သည့် လုပ်ငန်းပေါ်မူတည်ကာ မြေဧက လျှောက်ထားနိုင်ပြီး လုပ်ငန်းအမျိုးအစားနှင့် မြေဧက သွင်းဈေးကိုမူ လတ်တလောတွင် မသတ်မှတ်ရသေးကြောင်း သိရ သည်။ ထို့ပြင်လျှောက်လွှာတင် သွင်းမည့်ရက်ကိုလည်းသတ်မှတ် ထားခြင်း မရှိဘဲ သတ်မှတ်ထား သည့် မြေဧက ပမာဏပေါ်မူတည် ကာ အချိန်ကာလအလိုက် သတ် မှတ် ချထားပေးသွားမည်ဖြစ် သည်။''အုပ်ချုပ်ရေးမြို့တော်ရဲ့ အနီးအနားမှာ ဖြစ်တဲ့ အတွက်စိတ်ဝင် စားမှုများတာမဆန်းပါဘူး။ ရှမ်းပြည်နယ်ကျတော့ အလှမ်းလည်း ဝေးတယ်။ နောက်ပြီးတချို့နယ် မြေ တွေမှာ စက်မှုဇုန်တွေ က အရင် ကတည်းကရှိပြီးသားမို့ ရင်းနှီးမြုပ် နှံချင်တဲ့ သူနည်းနေတာဖြစ်မယ်'' ဟုစက်မှုလုပ်ငန်းရှင်တစ်ဦးက ၎င်း ၏အမြင်ကိုပြောသည်။အသစ်ဖော်ထုတ်မည့် နေပြည်တော်စက်မှုဇုန်မှာ နေပြည်တော် နှင့် တက်ကုန်း မြို့နယ် ကြား မြေဧက ၅ဝဝ ကျော် တွင်အကောင် အထည်ဖော်မည်ဖြစ်ကာ ရှမ်း ပြည်နယ်ရှိ စက်မှုဇုန်ကို ကွတ်ခိုင်မြို့ ကြားနမ့်အွန်ဒေသ တွင် တည်ထောင်သွားမည်ဖြစ် သည်။Source : 7days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ