By Sint Sint, Shweproperty.com
Updated at 14 January 2021
နေပြည်တော်တွင် အဆင့်မြင့်အပန်းဖြေစရာနေရာတစ်ခုဖြစ်လာမည့် နေပြည်တော် CITY PARK စီမံကိန်းကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှစ၍ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်း၏ ပထမအပိုင်းကို ၂၀၂၁ ခုနှစ်အတွင်း ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ နေပြည်တော် CITY PARK စီမံကိန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ အဆိုပါ စီမံကိန်းကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလခန့်မှစ၍ နေပြည်တော် Hotel Zone နှင့် Diplomatic Zone အနီးတွင် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကို အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထိုစီမံကိန်း၏ ပထမအဆင့်ကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားနိုင်ရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ အခုစီမံကိန်းကိုက ဧက ၂၀ ပေါ်မှာ အကောင်ထည်ဖော်နေတာပါ။ အဲ့ဒီမှာ နေပြည်တော် Hotel Zone နှင့် Diplomatic Zone အနီးမှာ တည် ရှိပြီး Commercial Zone ရဲ့ ဗဟို အချက်အခြာ အတွင်း တည်ဆောက်နေတာဖြစ်ပါတယ်။ City Park ဟာ နေပြည်တော်ရဲ့ Future Iconic Landmark တစ်ခုဖြစ်လာတော့ မှာဖြစ်ပါတယ်။ ဒီ စီမံကိန်းမှာ Shopping center, Cafe’, Traditional & International Restaurants တွေ ပါဝင်မယ့် Dining Area၊ Entertainment Area တွေအပြင် သစ်ရိပ်၊ ဝါးရိပ်တွေနဲ့ သဘာဝရေကန်များပါဝင်ပြီး၊ တိုးတက်လာတဲ့ နေပြည်တော် ရဲ့ အဆင့်မြင့် အပန်းဖြေ နေရာ တစ်ခု အဖြစ် ထင်ရှားလာမှာ ဖြစ်ပါတယ် ။” ဟု ၎င်းက ဆက်လက်ပြောသည်။ အဆိုပါ စီမံကိန်းအတွင်း Game Zone၊ Fitness Center၊ နိုင်ငံတကာ အဆင့်မီ ကလေးကစားကွင်းများ လည်းပါဝင်မည်ဖြစ်ကြောင်း၊ ၎င်းစီမံကိန်းကို နေပြည်တော်၏ Landmark တစ်ခု အဖြစ် ရပ်တည်သွားနိုင်သည့် နိုင်ငံတကာအဆင့်မီအပန်းဖြေနေရာတစ်ခုအဖြစ် ရည်ရွယ်ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း၊ စီမံကိန်းအကောင်ထည်ဖော်ဆောင်ရွက်ပြီးပါက နေပြည်တော်ဒေသခံများအတွက်သာမက နေပြည်တော်သို့ လာရောက်ကြသည့် သံတမန်များ၊ နိုင်ငံခြားသားဧည့်သည်တော်များ၊ NGO အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအတွက် နိုင်ငံတကာအဆင့်မီ အပန်းဖြေအနားယူ နိုင်မည့် နေရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ နောက်ဆုံးရ သတင်းများ လယ်မြေများအပါအဝင် တရားမဝင် မြေကွက်ရိုက်ရောင်းဝယ်မှုများကို ဖော်ထုတ်အရေးယူမည် Public Shelter ဘက်စုံသုံး အဆောက်အဦးကို ၂၀၂၁ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည် အမေရိကန် ဒေါ်လာ ၁ သိန်း ၉ သောင်းဖြင့် PUBLIC SHELTER ဘက်စုံသုံး အဆောက်အဦးကို ဒလမြို့နယ်၌ တည်ဆောက်မည် ရန်ကုန်မြို့ရှိ မြန်မာ့မီးရထားဝန်ထမ်းအိမ်ရာအဆောက်အအုံများ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး Credit : Nutritionalmenu Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ