By Myanmar Builders Guide, Shweproperty.com
Updated at 23 July 2019
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အဆောက်အအုံများဆောက်လုပ်ရန် တင်ဒါခေါ်ယူလျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဥတ္တရသီရိမြို့နယ် နေပြည်တော် တွင် RC (၃) ထပ်ရုံး ပေ ၁၂၀ × ပေ၆၀မြေပေါ်တွင် Foundation အပါအဝင် ရေမီး ကားပါကင်နှင့် ရုံးအဝင်၊ အထွက်လမ်းများ၊ အစအဆုံး ဆောက်လုပ်ခြင်း
(က) တင်ဒါစတင်ရောင်းချမည့့်ရက် -(၁၈.၇.၂၀၁၉) နံနက် (၀၉း၃၀ မှ ၁၆း၃၀)နာရီထိ
(ခ) တင်ဒါပိတ်မည့်ရက်နှင့်အချိန် -(၂.၈.၂၀၁၉)ရက် (၁၆း၃၀)နာရီထိ
(ဂ) တင်ဒါပေးသွင်းရမည့်နေရာ -ရုံးအမှတ်(၃၇)၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်
အဆောက်အအုံ အရည်အသွေးကောင်းမွန်ရေးနှင့် အချိန်မီပြီးမြောက်ရေးအတွက် ဇူလိုင်လ ၄ရက်နေ့နှင့် ၅ရက်နေ့က ခေါ်ယူခဲ့သည့် RC (၃) ထပ်ရုံး Main Building (Up to Plinth Bean , Ground Floor to First Floor Columns 141 Nos) ကွန်ကရစ်လောင်းခြင်း Phase 1 ဆောက်လုပ်ရန် တင်ဒါကြော်ငြာ ကိုပယ်ဖျက်ပြီး ယခုတင်ဒါကို ထပ်မံအစားထိုးခေါ်ယူခဲ့ခြင်းဖြစ်သည်။
စည်းကမ်းချက်များနှင့်တင်ဒါပုံစံများကို စက်မှုကြီးကြပ်ရေးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ရုံးအမှတ်(၃၇)၊နေပြည်တော်၌ ရုံးချိန်အတွင်းဝယ်ယူနိုင်ပါသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ