By Myanmar Builders Guide, Shweproperty.com
Updated at 19 November 2019
#Unicode
စည်ပင်နေပြည်တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပေ ၈ဝပတ်လည်မြေကွက်များကို အိမ်ဆောက်နေထိုင်ချင်သူများကိုပထမအကြိမ်အဖြစ် မြေကွက် ၁၉၇ကွက်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ဒီဇင်ဘာ ၁ ရက်မှ ၃ဝ ရက်အတွင်း မြေကွက်တစ်ကွက်လျှင် ယခင်သတ်မှတ်ဈေးနှုန်း ကျပ်သိန်း ၃၅ဝမှ လျော့ဈေး အဖြစ် ကျပ်သိန်း ၂၅ဝဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။မြေကွက်ဝယ်ယူချင်သူများအနေဖြင့် အမှန်တကယ်အိမ်ဆောက်နေထိုင်လိုသည့် သူများဖြစ်ရမည်ဖြစ်ပြီး လျှောက်ထားသူတစ်ဦးလျှင် မြေကွက်တစ်ကွက်ကိုသာလျှောက်ထားနိုင်မည်ဖြစ်သည်။
မြေကွက်ဝယ်ယူခွင့်ရရှိသူများအနေဖြင့် နေအိမ်ဆောက်လုပ်ပြီးမှသာ နှစ် ၃ဝမြေငှားဂရန်ကို ထုတ်ပေးမည်ဖြစ် သည်။မြေကွက်အားဝယ်ယူသူများအနေဖြင့် သတ်မှတ်ထားသည့် မြေကွက်နှုန်းထားကိုတစ်ကြိမ်တည်း အပြတ် ပေးသွင်းရမည်ဖြစ်သည်။မြေကွက်စတင်ချထားသည့်ရက်မှ ခြောက်လအတွင်း ခြံစည်းရိုးခတ်ခြင်း၊တစ်နှစ်အတွင်း လူနေအိမ်အပြီး ဆောက် လုပ်ရမည် ဖြစ်သည်။နေအိမ်ဆောက်လုပ်ခြင်းမရှိပါက မြေတန်ဖိုးကို ပြန်လည်ထုတ်ပေးမည်မဟုတ်ပဲ မြေကွက်ကို ကော်မတီက ပြန်လည်သိမ်းယူမည်ဖြစ်သည်။
ခြံစည်းရိုးခတ်ခြင်း၊နေအိမ်ဆောက်လုပ်ခြင်းကို အင်ဂျင်နီယာဌာန (အဆောက်အအုံ)ခွင့်ပြုချက်ယူ ဆောင်ရွက်မည် ဖြစ်သည်။မြေကွက်ဝယ်ယူထားသူများအနေဖြင့် တစ်ဆင့် ပြန်လည်ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေးကမ်းခြင်းများ ပြုလုပ်၍ မရကြောင်း၊မြို့ပြအင်္ဂါရပ်နှင့်အညီ နေပြည်တော်စည်ပင်သာယာရေးကော်မတီကသတ်မှတ်ထား သည့် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်သည်။
ပေးသွင်းထားသောမြေတန်ဖိုးကို မည်သည့်အကြောင်းပြချက်များနှင့် ပြန်လည်ထုတ်ယူခွင့်မပြုဟု ထုတ်ပြန်ထားသည်။မြေကွက်ဝယ်ယူရန်အတွက် လျှောက်လွှာဝယ်ယူရန်မလိုအပ်ပဲ လျှောက်လွှာပုံစံနှင့်အတူ မြေကွက်အမှတ်နှင့် တည်နေရာများကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ဝက်ဘ်ဆိုက်www.nptdc.gov.mmတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
လျှောက်လွှာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊အိမ်ထောင်စုလူဦးရေးမိတ္တူ၊သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူး၏အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်၊သက်ဆိုင်ရာရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊၆ လအတွင်းရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ်ရေင်စုံလိုင်စင်ဓာတ်ပုံ ၂ပုံတို့ကိုပူးတွဲတင်ပြရမည်ဖြစ်သည်။
လျှောက်လွှာများကို ဒီဇင်ဘာ ၁ ရက်မှ ၃ဝရက်အထိ မွန်းလဲ၄နာရီခွဲနောက်ဆုံးထားကာ လျှောက်ထားရမည် ဖြစ်သည်။လျှောက်ထားသည့် မြေကွက်များကို မဲစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မဲနှိုက်မည့်ရိုက်အား နိုင်ငံပိုင်သတင်းစာများ၊နေ့စဉ်ထုတ်သတင်းစာများတွင် ခုနှစ်ရက် ကြိုတင်၍ ကြေငြာသွားမည် ဖြစ်သည်။
လျှောက်လွှာနှင့် စပ်လျဉ်း၍သတ်မှတ်ထားသော စာရွက်စာတမ်းများ၊မပြည့်စုံ၍သော်လည်းကောင်း၊သတ်မှတ်ရက်ထက် နောက်ကျမှ ရောက်လာသည့် လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။မြေကွက်ရောင်းချခြင်းနှင့်အသေးစိတ်သိရှိလိုပါက နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနခွဲ ဖုန်း ၀၆၇-၃-၄၁၄၂၉၂၊၀၆၇-၃-၄၁၄၂၆၃သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
#Zawgyi
စည္ပင္ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ နယ္နိမိတ္အတြင္းရွိ ဒကိၡဏသီရိျမိဳ႕နယ္အတြင္းရွိ ေပ ၈ဝပတ္လည္ေျမကြက္မ်ားကုိ အိမ္ေဆာက္ေနထုိင္ခ်င္သူမ်ားကုိပထမအၾကိမ္အျဖစ္ ေျမကြက္ ၁၉၇ကြက္ကုိ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္သည္။
ဒီဇင္ဘာ ၁ ရက္မွ ၃ဝ ရက္အတြင္း ေျမကြက္တစ္ကြက္လွ်င္ ယခင္သတ္မွတ္ေစ်းႏႈန္း က်ပ္သိန္း ၃၅ဝမွ ေလ်ာ့ေစ်း အျဖစ္ က်ပ္သိန္း ၂၅ဝျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္သည္။ေျမကြက္ဝယ္ယူခ်င္သူမ်ားအေနျဖင့္ အမွန္တကယ္အိမ္ေဆာက္ေနထုိင္လုိသည့္ သူမ်ားျဖစ္ရမည္ျဖစ္ျပီး ေလွ်ာက္ထားသူတစ္ဦးလွ်င္ ေျမကြက္တစ္ကြက္ကုိသာေလွ်ာက္ထားႏုိင္မည္ျဖစ္သည္။
ေျမကြက္ဝယ္ယူခြင့္ရရွိသူမ်ားအေနျဖင့္ ေနအိမ္ေဆာက္လုပ္ျပီးမွသာ ႏွစ္ ၃ဝေျမငွားဂရန္ကုိ ထုတ္ေပးမည္ျဖစ္ သည္။ေျမကြက္အားဝယ္ယူသူမ်ားအေနျဖင့္ သတ္မွတ္ထားသည့္ ေျမကြက္ႏႈန္းထားကုိတစ္ၾကိမ္တည္း အျပတ္ ေပးသြင္းရမည္ျဖစ္သည္။ေျမကြက္စတင္ခ်ထားသည့္ရက္မွ ေျခာက္လအတြင္း ျခံစည္းရုိးခတ္ျခင္း၊တစ္ႏွစ္အတြင္း လူေနအိမ္အျပီး ေဆာက္ လုပ္ရမည္ ျဖစ္သည္။ေနအိမ္ေဆာက္လုပ္ျခင္းမရွိပါက ေျမတန္ဖုိးကုိ ျပန္လည္ထုတ္ေပးမည္မဟုတ္ပဲ ေျမကြက္ကုိ ေကာ္မတီက ျပန္လည္သိမ္းယူမည္ျဖစ္သည္။
ျခံစည္းရုိးခတ္ျခင္း၊ေနအိမ္ေဆာက္လုပ္ျခင္းကုိ အင္ဂ်င္နီယာဌာန (အေဆာက္အအုံ)ခြင့္ျပဳခ်က္ယူ ေဆာင္ရြက္မည္ ျဖစ္သည္။ေျမကြက္ဝယ္ယူထားသူမ်ားအေနျဖင့္ တစ္ဆင့္ ျပန္လည္ေရာင္းခ်ျခင္း၊လႊဲေျပာင္းျခင္း၊ေပးကမ္းျခင္းမ်ား ျပဳလုပ္၍ မရေၾကာင္း၊ျမိဳ႕ျပအဂၤါရပ္ႏွင့္အညီ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီကသတ္မွတ္ထား သည့္ စည္းကမ္းခ်က္မ်ားကို လုိက္နာရမည္ျဖစ္သည္။
ေပးသြင္းထားေသာေျမတန္ဖုိးကုိ မည္သည့္အေၾကာင္းျပခ်က္မ်ားႏွင့္ ျပန္လည္ထုတ္ယူခြင့္မျပဳဟု ထုတ္ျပန္ထားသည္။ေျမကြက္ဝယ္ယူရန္အတြက္ ေလွ်ာက္လႊာဝယ္ယူရန္မလုိအပ္ပဲ ေလွ်ာက္လႊာပုံစံႏွင့္အတူ ေျမကြက္အမွတ္ႏွင့္ တည္ေနရာမ်ားကုိ ေနျပည္ေတာ္စည္ပင္သာယာေရး ေကာ္မတီ၏ဝက္ဘ္ဆုိက္www.nptdc.gov.mmတြင္ ဝင္ေရာက္ၾကည့္ရႈႏုိင္သည္။
ေလွ်ာက္လႊာႏွင့္အတူ ႏုိင္ငံသားစိစစ္ေရးကတ္မိတၱဴ၊အိမ္ေထာင္စုလူဦးေရးမိတၱဴ၊သက္ဆုိင္ရာ ရပ္ကြက္၊ေက်းရြာ အုပ္ခ်ုပ္ေရးမွဴး၏အက်င့္စာရိတၱေကာင္းမြန္ေၾကာင္း ေထာက္ခံခ်က္၊သက္ဆုိင္ရာရဲစခန္း၏ ျပစ္မႈကင္းရွင္းေၾကာင္း ေထာက္ခံခ်က္၊၆ လအတြင္းရုိက္ကူးထားသည့္ ပတ္စ္ပုိ႕အရြယ္ေရင္စုံလုိင္စင္ဓာတ္ပုံ ၂ပုံတုိ႕ကုိပူးတဲြတင္ျပရမည္ျဖစ္သည္။
ေလွ်ာက္လႊာမ်ားကုိ ဒီဇင္ဘာ ၁ ရက္မွ ၃ဝရက္အထိ မြန္းလဲ၄နာရီခြဲေနာက္ဆုံးထားကာ ေလွ်ာက္ထားရမည္ ျဖစ္သည္။ေလွ်ာက္ထားသည့္ ေျမကြက္မ်ားကုိ မဲစနစ္ျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ျပီး မဲႏႈိက္မည့္ရုိက္အား ႏုိင္ငံပုိင္သတင္းစာမ်ား၊ေန႕စဥ္ထုတ္သတင္းစာမ်ားတြင္ ခုႏွစ္ရက္ ၾကိဳတင္၍ ေၾကျငာသြားမည္ ျဖစ္သည္။
ေလွ်ာက္လႊာႏွင့္ စပ္လ်ဥ္း၍သတ္မွတ္ထားေသာ စာရြက္စာတမ္းမ်ား၊မျပည့္စုံ၍ေသာ္လည္းေကာင္း၊သတ္မွတ္ရက္ထက္ ေနာက္က်မွ ေရာက္လာသည့္ ေလွ်ာက္လႊာမ်ားကုိ လက္ခံစဥ္းစားမည္မဟုတ္ေၾကာင္းထုတ္ျပန္ခ်က္တြင္ ပါရွိသည္။ေျမကြက္ေရာင္းခ်ျခင္းႏွင့္အေသးစိတ္သိရွိလုိပါက ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ ျမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႕ခြဲမႈဌာနခြဲ ဖုန္း ၀၆၇-၃-၄၁၄၂၉၂၊၀၆၇-၃-၄၁၄၂၆၃သုိ႕ဆက္သြယ္ေမးျမန္းႏုိင္ေၾကာင္း ထုတ္ျပန္ထားသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ