By The Trade Times, Shweproperty.com
Updated at 8 April 2015
လက်ရှိတွင် နေပြည်တော် အိမ်ခြံမြေဈေးကွက်သည် အေးနေ ဆဲဖြစ်ပြီး အရောင်းအဝယ်မှာ ထက် ဝက်ခန့် ကျဆင်းလျက်ရှိကြောင်း နေပြည်တော်ရှိ အိမ်ခြံမြေ အကျိုး ဆောင်များထံမှ သိရသည်။ နေပြည်တော်ရှိ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ ဟူသည့် သီရိငါးမြို့နယ် တွင် ယခင်က ပုဗ္ဗသီရိနှင့် ဇမ္ဗူသီရိ မြို့နယ်များတွင် အများဆုံး အရောင်း အဝယ်ဖြစ်ခဲ့ရာမှ ယခုအခါ ယင်း မြို့နယ်များတွင်ပါ အရောင်းအဝယ် အေးသွားပြီး အမှန်တကယ် နေထိုင် မည့် ဒေသခံအချို့နှင့် စီမံကိန်းရှိ သည့် နေရာအနီးတစ်ဝိုက်တို့တွင် သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ”အရောင်းအဝယ် အေးတာက တစ်လခွဲလောက် ရှိသွားပြီ။ အများ ဆုံး ဝယ်လက်တွေကလည်း ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်ဘက်တွေပဲ များတာကိုး။ နိုင်ငံရေး အခြေအနေ ကြောင့်လို့လည်း တွက်တယ်။ ရှမ်း ပြည်နယ်ဘက်က အရင်လာတဲ့ ဝယ်လက်တွေဆို မလာသလောက် ဖြစ်သွားတယ်။ ဒီမှာ ဒေသတွင်း နေဖို့ထိုင်ဖို့ ဝယ်တဲ့ ဝယ်လက်တွေ လောက်ပဲ နည်းနည်းရှိတယ်။ ရွှေ ကြာပင်ရပ်ကွက်ဘက်မှာ အောက် ဈေးလေးတွေနဲ့ တစ်ဝိုင်းစ၊ နှစ်ဝိုင်းစ လောက်ပဲ ဖြစ်တယ်။ သပြေကုန်း ရပ်ကွက်ဘက်မှာလည်း နည်းနည်း ဖြစ်တယ်။ နေပြည်တော် သီရိငါးမြို့ နယ်လုံးက အိမ်ခြံမြေအကျိုးဆောင် တွေ အားလုံးလည်း ဒီလိုပါပဲ။ ပြီးခဲ့ တဲ့ တနင်္ဂနွေနေ့ကပဲ အသင်းမှာ အစည်းအဝေးလုပ်တယ်။ အကုန်လုံး ကို မေးကြည့်တဲ့အခါ အကုန်လုံး လည်း အဲဒီလိုပဲ ဖြစ်နေတယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း (နေပြည်တော်ရုံးခွဲ) EC တစ်ဦးဖြစ်သည့် High Way Star အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်ဝင်းက ပြောသည်။ ဝယ်ရောင်းဈေးကွက် အေးစက် သွားသော်လည်း အငှားဈေးကွက် မှာမူ ဖြစ်ထွန်းနေဆဲဖြစ်ပြီး အချို့ စီမံကိန်းများကြောင့်လည်း နေပြည် တော် အိမ်ခြံမြေဈေးကွက်မှာ လည် ပတ်၍ ရနေဆဲဟု ဆိုနိုင်ကြောင်း လည်း အိမ်ခြံမြေအကျိုးဆောင် အချို့က သုံးသပ်ပြောဆိုသည်။ ဈေးကွက်က အေးသွားတယ်။ တစ်ဝက်နီးပါးလောက်ကို အေးသွား တယ်။ ဝယ်ရောင်းကတော့ လုံးလုံး ကို မရှိတော့ဘူး။ ဒါပေမယ့် အငှား တွေတော့ ရှိတယ်။ နေမယ့် လူတွေ ဝယ်တယ်။ တစ်ပြည်လုံးထက်စာရင် နေပြည်တော်က မဆိုးဘူးလို့ ပြောရ မယ်။ လည်ပတ်လို့ ရနေသေးတာ ပေါ့။ ရွှေကြာပင်ဘက်နဲ့ သပြေကုန်း ဘက်မှာ တချို့အကွက်လေးတွေ အရောင်းအဝယ်ဖြစ်တယ်။ အောက် ဈေးတွေ အရောင်းအဝယ်ဖြစ်နေ တာပေါ့။ ဈေးနှုန်းတွေကတော့ မကျပါဘူး။ တချို့နေရာလေးတွေဆို တစ်ခါတစ်ရံ အတက်ဘက်လေး တွေတောင် ပြတယ်။ စီမံကိန်းရှိတဲ့ နေရာလေးတွေပေါ့” ဟု ဇေယျာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနန္ဒကျော်က ပြောသည်။ နေပြည်တော်၏ ပထမဦးဆုံး အဆင့်မြင့် ကွန်ဒိုဖြစ်သည့် Kris Plaza ကို နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ သပြေကုန်းရပ် ကွက်တွင် တည်ဆောက်လျက်ရှိရာ အဆိုပါနေရာ အနီးတစ်ဝိုက်တွင် မြေကွက် အရောင်းအဝယ်အချို့ ရှိနေသည်ဟု သိရသည်။ Tower နှစ်ခုနှင့် အထပ် ၁ဝ ထပ်ပါဝင်သည့် ၎င်းကွန်ဒိုမှာ ၂ဝ၁၆ ခုနှစ်အတွင်း ဆောက်လုပ်ပြီးစီးမည် ဖြစ်သော ကြောင့် ဝယ်လက်အချို့မှာ ယင်း နေရာအနီးတစ်ဝိုက်ကို စိတ်ဝင် တစားရှိကြောင်းလည်း သိရသည်။ အဆိုပါ သပြေကုန်းရပ်ကွက် အပြင် ယခင်က အရောင်းအဝယ်နှင့် အငှားဈေးကွက် အများဆုံးဖြစ်ထွန်း ခဲ့သည့် ရွှေကြာပင်ရပ်ကွက်တို့မှ လွဲ၍ ကျန်နေရာများတွင်မူ အရောင်း အဝယ်အေးနေဆဲဖြစ်သည်။ ပုဗ္ဗသီရိ မြို့နယ်အတွင်းတွင်လည်း အောက် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ် လျက်ရှိသည်ကို တွေ့ရသည်။ သင်္ကြန်နား နီးလို့ အေးတာ လားဆိုရင်တော့ မဟုတ်ဘူးဗျ။ နေပြည်တော် အိမ်ခြံမြေဈေးကွက် မှာက သင်္ကြန်နားနီးလို့ ဘာလို့ရယ် မရှိဘူး။ ဝါတွင်းဝါပမို့ ဆိုတာမျိုး လည်း မရှိဘူး။ ဝယ်ကြ ရောင်းကြ တာပဲ။ အခုဟာက အေးကို အေးနေ တာပါ။ ရန်ကုန်အိမ်ခြံမြေဈေးကွက် ကျဆင်းတာရဲ့ ဂယက်ရိုက်မှုလို့ လည်း ပြောလို့ ရမယ်ထင်တယ်” ဟု ဦးနန္ဒကျော်က ပြောသည်။
Ref : The Trade Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ