By Kumudra, Shweproperty.com
Updated at 8 October 2017
နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိမှာ အငှားထက်အဆောက်အအုံပါ မြေကွက်တွေအရောင်းအဝယ် သွက်နေတယ်လို့ နေပြည်တော်အိမ်ခံ မြေဈေးကွက်က သိရပါတယ်။သွက်တာကတော့ အရောင်းရော အငှားရောပဲ၊ ယှဉ်လိုက်ရင်တော့ အရောင်းအဝယ်က ပိုကောင်းတယ်၊ ဝါဝင်ခါစကလဲ သိသိသာသာအေးသွားတာမရှိဘူး၊ သူ့ဟာနဲ့သူတော့ ရောင်းကြရတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(နေပြည်တော်)မှ အတွင်းရေးမှူး ဦးကျော်စွာမြင့်က ပြောပါတယ်။
လက်ရှိအဆောက်အအုံပါ မြေကွက်တွေအရောင်းအဝယ်ဖြစ်နေတာကတော့ ဥတ္တရသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်နဲ့ ပေါင်းလောင်းဘက်တွေဖြစ်ပါတယ်။ အရောင်းအဝယ်ကတော့ ကျပ်သိန်း ၂၀ဝ၀ တန်ဝန်းကျင်အထိဖြစ်နေပြီး သိန်း ၁၀ဝ၀ ကျော်တန်တွေပိုပြီး အရောင်းအဝယ်ဖြစ်ပါတယ်။ အငှားကတော့ လက်ရှိမှာ သုံးသိန်းတန်အဆောက်အအုံတွေအငှားသွက်နေပြီး သပြေကုန်ရပ်ကွက်မှာ ပိုငှားတာများတယ်လို့ သိရပါတယ်။
တခြားနယ်က လာဝယ်ကြတာများတယ်၊ ကိုယ့်နယ်က လူတွေသိပ်မရှိဘူး၊ ရန်ကုန်ဘက်ကလဲပါတယ်၊ တခြားနယ်ဘက်ကလဲလာတယ်၊ မြေကွက်သီး သန့်ဝယ်တာတော့ ရှိတော့ရှိတယ်နည်းတယ်၊ အဆောက်အအုံပါတာတွေပဲ ပိုကောင်းနေတယ်လို့ ဦးကျော်စွာမြင့်က ပြောပါတယ်။နေပြည်တော်ရဲ့ အိမ်ခြံမြေအလားအလာကတော့ တခြားမြို့ကြီးတွေနဲ့ ယှဉ်ရင်အလားအလာကောင်းနေဆဲဖြစ်သလို ဈေးနှုန်းပိုင်းမှာလည်း တခြားမြို့ကြီး တွေထက်သက်သာတဲ့နှုန်းထားတွေမှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
လမ်းမကြီးတွေပေါ်မှာရှိတဲ့ အဆောက်အအုံပါ မြေကွက်တွေဟာဆိုရင် လက်ရှိချိန်အထိ သိန်း ၃၀ဝ၀ ဝန်းကျင်လောက်တွေမှာရှိနေဆဲဖြစ်ပြီး လူစည်ကားတဲ့ ရပ်ကွက်တွေမှာဆိုရင်လည်း အဆောက်အအုံငှားရမ်းချင်တဲ့သူတွေအတွက် ရွေးချယ်စရာတွေကျန်ရှိနေသေးတယ်လို့ သိရပါတယ်။အခုလို တန်ဖိုးကြီးမြေကွက်တွေ အဝယ်လိုက်လာတာက သံရုံးတွေလာရောက်ဖွင့်လှစ်မယ်ဆိုတဲ့ သတင်းနဲ့လည်းသက်ဆိုင်သလို စီးပွားရးရင်းနှီးမြှုပ်နှံမှုတွေနဲ့ လည်း သက်ဆိုင်နေပါတယ်။ယခုနှစ် တစ်နှစ်လုံးမှာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ အကျဈေးတွေနဲ့ အရောင်းအဝယ်တွေရှိခဲ့ကြပေမဲ့ နေပြည်တော်ရဲ့ အိမ်ခြံမြေအရောင်းအဝယ်က ပုံမှန်သာရှိနေခဲ့ပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ