By Khine Zar, Shweproperty.com
Updated at 24 December 2020
အစိုးရရုံးများအခြေစိုက်မြို့ဖြစ်သော နေပြည်တော်သည် ယခုအခါမှာ အိမ်ခြံမြေစျေးကွက်မှာ သိသိသာသာထိုးတက်သွားနေသည်။ ယခင်က နေပြည်တော်သို့ အစိုးရဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းတွေများသာ အများစုနေထိုင်သော မြို့လည်းဖြစ်သည်။ယခင်က ရုံးစိုက်ရာမြို့လည်းဖြစ်သောကြောင့် အိမ်ခြံမြေနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းခဲ့ပါတယ်။အခုတော့ နေပြည်တော်တွင် ဝန်ထမ်းအိမ်ယာတွေကိုလည်း အစိုးရက ဖော်ဆောင်ပေးနေပြီလည်း ဖြစ်သည်။ အခုလအနည်းငယ်အတွင်းမှာလည်း မြို့တွင်း မြို့ပြင်အိမ်ခြံမြေစျေးကွက်ကသွက်လာတာလည်း ဖြစ်ပါတယ်။ ယင်းကဲ့သို့ နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်များ ပိုဖြစ်လာကြောင်း ကို နေပြည်တော်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်များက ထုတ်ဖော်ပြောကြားထားတာလည်း ဖြစ်ပါတယ်။ထိုသို့ အရောင်းအဝယ် ဖြစ်နေခြင်းသည် မြေကွက် ဝယ်ယူစုဆောင်းသူ များပြားလာသောကြောင့် ဖြစ်ပြီး အကျဈေးဖြင့် အရောင်းအဝယ် ဖြစ်နေခြင်း မဟုတ်ဘဲကာလပေါက်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေသည်ဟု အိမ်ခြံမြေ လုပ်ကိုင်သူများက ပြောဆိုထားခြင်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်၊ မန္တလေးထက်စာရင် နေပြည်တော်က စျေးကွက်အသွက်ဆုံးဖြစ်နေကြာင်း၊ အငှားစျေးကွက်တော့ ရန်ကုန်က ဦးဆောင်နေပြီးတော့ နေပြည်တော်ကတော့ ဒုတိယအသွက်ဆုံးဖြစ်နေကြောင်းသိရပါတယ်။ နေပြည်တော် (၈) မြို့နယ် အတွင်း မြို့နယ်အလိုက် အိမ်ခြံမြေအကျိုးဆောင်များရှိနေကာ ယင်းမြို့နယ်အားလုံးတွင် တရက်ကို (၁၀ ) ကွက်မှ (၂၀ )ကွက်အထိ အရောင်းအဝယ်ဖြစ်နေတယ်လို့ အကျိုးဆောင်အများစုကဆိုသည်။ NLD အစိုးရတက်ခါစက နှစ်ဆန်းပိုင်းတွင်နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ လျှော့ဈေးဖြင့် အရောင်းအဝယ်လုပ်ရသည်အထိ ကျဆင်းသွားခဲ့ဖူးသည်။လက်ရှိ၌ဒေသခံ လုပ်ငန်းရှင်များအပြင် အခြားဒေသများမှစီးပွားရေး လုပ်ငန်းရှင်များကပါ နေပြည်တော်တွင် စီးပွားရေးလုပ်ငန်းများအတွက် အိမ်ခြံမြေတွေ ဝယ်ယူကြသလို အိမ်ခြံမြေတွင် င်းနှီးမြှုပ်နှံသူ များပြားလာခြင်းကြောင့် အေးစက်နေ သည့်နေပြည်တော် အိမ်ခြံမြေစျေးကွက်က ပြန်လည်ဦးမော့လာခဲ့တာဖြစ်ပါတယ်။ နေပြည်တော်ရှိမြို့နယ်တိုင်းအရောင်းအဝယ် ဖြစ်နေသော်လည်းဈေးနှုန်းကွာဟမှုများ ရှိနေကြောင်း၊ ပုဗ္ဗသီရိမြို့နယ်တွင် ငွေကျပ်သိန်း (၁၀၀) မှ သိန်း (၄၀၀) ကြား၊ ဥတ္တရသီရိ မြို့နယ်တွင် သိန်း (၅၀၀) နဲ့ (၁၅၀၀) ကြား၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်တွင် သိန်း (၁၀၀၀ )အောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ သပြေကုန်းတွင် အကွက်ကြီး သိန်း ၁ ထောင်နှင့် သိန်း ၄၀၀၀ ကြားအရောင်းအဝယ်ဖြစ်နေကြောင်း နေပြည်တော်အခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင်များထံက သိရပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းအိမ်ခြံမြေ အကျိုးဆောင်များအလုပ်ပြန်လည် ဖြစ်လာကြောင်းသိရသည်။ ယခင်ကထက် အစိုးရကဖွံံ့ဖြိုးရေးလုပ်ငန်းတွေ တိုးချဲ့ပေးမည်ဆိုပါက နေပြည်တော်အိမ်ခြံမြေစျေးကွက်အတွင်းသို့ အနယ်နယ်အရပ်ရပ်က လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်လာနိုင်မှာလည်း ဖြစ်ပါတယ်။နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့ဟောင်းများဖြစ်သည့် လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်းမြို့များတွင်လည်း ယာမြေများကိုအိမ်ခြံမြေအဖြစ် အကွက်ရိုက် ရောင်းချမှုများရှိနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့၌ နှစ်ဦး သဘောတူ အရောင်းအဝယ်စာချုပ်ချုပ်ဆို၍ အရောင်းအဝယ် ဖြစ်နေခြင်းဖြစ်သည်။ NLD အစိုးရတက်လာပြီးနောက်ပိုင်းတွင် နေပြည်တော်၌အကွက်သစ် ဖော်ထုတ်မှု မရှိတော့သဖြင့် မြေကွက်အဟောင်းများကိုသာ အပြန်အလှန်အရောင်းအဝယ် ဖြစ်နေပြီး ပုဗ္ဗသီရိ မြို့နယ်အတွင်း ပေ ၄၀ ပေ ၆၀ မြေကွက်ကို ကျပ်သိန်း ၂၀၀ မှ ၃၀၀ ကြားတွင် အများဆုံး အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါတယ်။လက်ရှိ နေပြည်တော်၌ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ လယ်ဝေး နှင့်တပ်ကုန်းဟူ၍ မြို့နယ် ၈ မြို့နယ်နှင့်ဖွဲ့စည်းထားပြီး အကျယ်အဝန်း စုစုပေါင်း ၂၇၂၄ ဒသမ ၇၅ စတုရန်းမိုင်ရှိကာ လူဦးရေ ၁ သန်းကျော် နေထိုင်ကြောင်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများတွင် ဖော်ပြထားသည်။ နောက်ဆုံးရ သတင်းများ အမြန်လမ်းဖောက်လုပ်ရာတွင် လယ်ယာမြေ သိမ်းဆည်းခံခဲ့ရသည့် တောင်သူများအတွက် နစ်နာကြေး ကျပ်သိန်း ၃၀၀ ကျော်ပေးအပ် သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ ကိုရီးယား၊ ထိုင်း၊ စင်ကာပူတို့နှင့် ဖက်စပ်စီးပွားရေးဇုန်များ ဆက်အကောင်အထည်ဖော်မည်ဟုဆို စက်ရုံလုပ်သားတစ်သိန်းကျော် အလုပ်အကိုင်ရရှိနိုင်မည့် ထန်းတပင်စက်မှုဇုန်စီမံကိန်း စက်မှုဇုန်များ အမှိုက်သိမ်းဝန်ဆောင်မှုအတွက် သြစတြေးလျကုမ္ပဏီကဒေါ်လာ ၁၁ သန်း ရင်းနှီးမြှုပ်နှံ Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ