By Kumudra, Shweproperty.com
Updated at 6 December 2018
ပြီးခဲ့တဲ့ကာလ နှစ်လအတွင်း အိမ်ခြံမြေအငှား၊အရောင်းအဝယ်အေးစက်နေခဲ့ပေမဲ့ အောက်တိုဘာလနောက်ပိုင်းကစပြီး အငှား၊ အရောင်း ပြန်သွက်လာတယ်လို့ နေပြည်တော် အခြေစိုက်အိမ်ခြံမြေအကျိုးဆောင်အချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
၂၀၁၇ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၈ နှစ်စပိုင်းတွေမှာ အရောင်းဈေးကွက်ကျနေခဲ့ပြီး နှစ်ကုန်ခါနီးမှာတော့ အရောင်းဈေးကွက် ပြန်သွက်လာပါတယ်။ အရောင်းဈေးကွက် သွက်လာတာကလည်း ကျဈေးနဲ့သွက်လာတာလို့ နေပြည်တော်အခြေစိုက်အိမ်ခြံမြေ အကျိုးဆောင်တွေထံကသိရပါတယ်။
တခြားမြို့တွေနဲ့ယှဉ်ရင် နေပြည်တော်က အရောင်းအဝယ်ဈေးနှုန်းသင့်တယ်။ဝန်ထမ်းတွေနဲ့အရောင်းအဝယ်သမားတွေကလည်း သူတို့တတ်နိုင်လောက်နဲ့ ဝယ်လာကြပါတယ်။အရောင်းဈေးကွက်က ဖြည်းဖြည်းမှန်မှန်လေး သွက်လာတယ်လို့လည်း သိရပါတယ်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင်ရပ်ကွက်နဲ့သပြေကုန်းရပ်ကွက်တို့မှာ အရောင်းအသွက်ဆုံး ဖြစ်ပါတယ်။ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်နဲ့ ဒက္ခိဏသီရိမြို့နယ်တို့လည်း အရောင်းသွက်ကြပါတယ်။
“ဇမ္ဗူသီရိမြို့နယ်နဲ့ တခြားမြို့တွေက အရောင်းလိုက်ကြပါတယ်။ဇေယျာသီရိ မြို့နယ်ဘက်ကတော့ တပ်က ချပေးထားတဲ့အကွက်လောက်ပဲ အရောင်းထိုင်းတာပါ”လို့ မေတ္တာမွန်အိမ်ခြံမြေအကျိုးဆောင် မှ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
ရွှေကြာပင်မှာတော့ ပေ၁ဝဝ ပတ်လည်မြေကွက်ကို ကျပ်သိန်း ၁၃၅၀ ဝန်းကျင်ဈေးရှိပြီး နေရာကောင်းတဲ့ မိန်းလမ်းမကြီးတွေမှာ ကျပ်သိန်း ၆ဝဝဝကျော် မှ ၈ဝဝဝ ကျော်အထိ နေရာပေါ်မူတည်ပြီး ဈေးရှိပါ တယ်။
အငှားဈေးကွက်
အငှားဈေးပါးနေတာ လေးလလောက်ရှိပေမဲ့လည်း အခုနောက်ပိုင်း အငှားဈေးပြန်တက်လာတယ်လို့ သိရပါတယ်။ တင်ဒါအောင်တဲ့ကုမ္ဗဏီတွေ၊ ချေးငွေလုပ်ငန်း ပရောဂျက်လုပ်ငန်းတွေကလည်း စီးပွားရေးအလားအလာကောင်းတယ်လို့ ထင်မြင်လာတာကြောင့် နေပြည်တော်မှာ အိမ်ခြံမြေအငှားဈေးကွက် ပြန်သွက်လာပါတယ်။ လိုင်းခန်းမရသေးတဲ့ အစိုးရဝန်ထမ်းတွေနဲ့ ကုမ္ဗဏီဝန်ထမ်းတွေကလည်း လူနေအိမ်တွေကို ငှားလာကြပါတယ်။
အရောင်းဈေးကွက်သွက်တဲ့မြို့နယ်တွေမှာပဲ အဆောက်အအုံအငှားဈေးကွက် ပြန်သွက်လာပါတယ်။ဇမ္ဗူသီရိမြို့နယ်အတွင်း ရွှေကြာပင်မှာ အငှားဈေး ပိုသွက်တယ်လို့ မေတ္တာမွန်အိမ်ခြံမြေအ ကျိုးဆောင်မှ သိရပါတယ်။
လူနေအိမ်အနေနဲ့ ကျပ်သုံးသိန်းမှ ငါးသိန်းကြားအတွင်း၊ချေးငွေလုပ်ငန်းတွေက ကျပ် ၁၀ သိန်းအထက်နဲ့ ကုမ္ဗဏီတွေက ကျပ်ငါးသိန်းမှ ခုနစ်သိန်းကြား အဆောက်အအုံ၊ နေရာပေါ်မူတည်ပြီး အငှား ဈေးပေါက်ကြပါတယ်လို့ ရွှေလက်ပံအိမ် ခြံမြေအကျိုးဆောင်မှ ဦးကျော်စွာမြင့်က ပြောပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ