By Popular Journal, Shweproperty.com
Updated at 7 January 2019
လက်ရှိနေပြည်တော်အိမ်ခြံမြေဈေးကွက်အခြေအနေမှာအရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်းမြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(နေပြည်တော်)မှသိရသည်။
"လက်ရှိဈေးကွက်အခြေအနေကတော့အပေါင်းလက္ခဏာလို့ပြောရမယ်။အရောင်းအဝယ်တွေဖြစ်နေတယ်။သို့သော်အမြင့်ဈေးမှာမဟုတ်ပဲနဲ့ဈေးနှုန်းသင့်တင့်လျောက်ပတ်တာလေးတွေဖြစ်တယ်"ဟုမြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(နေပြည်တော်)မှတွဲဖက်အတွင်းရေးမှူးဦးဝင်းဇော်ဦးကဆိုသည်။
ထို့ပြင်ဇဗ္ဗူ သီရိမြို့နယ်၊ပုပ္ပသီရိမြို့နယ်နှင့်ဥတ္တရသီရိမြို့နယ်များမှာအရောင်းအဝယ်ပိုမိုကောင်းမွန်ပြီးရွှေနံ့သာမြေဈေးကွက်မှာအရောင်းအဝယ်ဖြစ်သော်လည်းသိပ်မသွက်ကြောင်း၎င်းကပြောသည်။
ဈေးနှုန်းများမှာဇဗ္ဗူသီရိမြို့နယ်တွင်ကျပ်သိန်း(၂၅၀)အထက်မှစပြီးကျပ်သိန်း(၃၅၀၀)နှင့်အထက်အထိဖြစ်ကာပုပ္ပသီရိမြို့နယ်တွင်ကျပ်သိန်း(၈၀)၊(၉၀)မှစပြီးကျပ်သိန်း(၁၀၀၀)ခန့်အထိမြေနေရာအမျိုးအစားအပေါ်မူတည်၍ဈေးရရှိနေကြောင်းသိရသည်။လက်ရှိနေပြည်တော်အိမ်ခြံမြေအငှားဈေးကွက်အခြေအနေမှာလည်းကောင်းမွန်လျက်ရှိသည်။
Ref & Photo Credit : Popular News Journal
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ