By Myanmar Times, Shweproperty.com
Updated at 12 April 2018
Y Complex Project ဟု အမည်ပေးထားသည့် ရွှေတိဂုံဘုရားအနီးရှိ ယခင်စစ်သမိုင်းပြတိုက်နေရာတွင် ဆောက်လုပ်မည့် တန်းမြင့်ဟိုတယ်နှင့် ရုံးခန်းများပါဝင်သော ဆောက်လုပ်ရေးစီမံကိန်းကို မကြာမီစတင်တော့မည်ဟု အကောင်အထည်ဖော်မည့် ကုမ္ပဏီက ထုတ်ဖော်ကြေညာသည်။
စီမံကိန်းတည်ဆောက်ရန် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ဧပြီ ၈ ရက်တွင် ကျင်းပခဲ့သည်။
အကောင်အထည်ဖော်မည့် ထိုကုမ္ပဏီသည် ဂျပန်နိုင်ငံဘက်မှ Fujita ကော်ပိုရေးရှင်း၊ Tokyo Tatemono ကုမ္ပဏီ၊ ဂျပန်အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ပူးပေါင်းတည်ထောင်ထားသည့် JOIN ခေါ် Japan Overseas Infrastructure Investment Corporation for Transport and Urban Development နှင့် မြန်မာနိုင်ငံဘက်မှ YTTC ခေါ် Yangon Technical and Trading Company ကုမ္ပဏီတို့ ပူးပေါင်းဖွဲ့ စည်းထားသည်။ YTTC ကုမ္ပဏီသည် ဧရာဟင်္သာ ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည်။
စီမံကိန်းသည် ရွှေတိဂုံဘုရားလမ်းနှင့် ဦးဝိစာရလမ်းတို့၏ ကန့်လတ်ဖြတ်လမ်းသွယ် ပန်တျာလမ်းတွင် တည်ရှိမည်ဖြစ်ပြီး ယခင်စစ်သမို င်းပြ တိုက်နေရာဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးပိုင်နေရာတွင် အကောင်အထည်ဖော်မည့် ထိုစီမံကိန်းသည် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃၃၂ သန်းရှိမည်ဖြစ်ပြီး လာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် ပြီးစီးရန် မျှော်မှန်းထားကြောင်း ကုမ္ပဏီက ပြောသည်။
ကုမ္ပဏီအနေဖြင့် အဆိုပါအဆောက်အအုံစီမံကိန်းအတွက် ၂ဝ၁၃ တွင် တင်ဒါအောင်မြင်ခဲ့ပြီး ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက်တို့ကို ရရှိထားပြီးဖြစ်သည်ဟု ကုမ္ပဏီ၏ တာဝန်ရှိသူများက ပြောသည်။
စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ချက်ကို E Guard Environmental Service မှလေ့လာပြီး လူမှုစီးပွား ထိခိုက်မှု စစ်တမ်းကောက်ယူခြင်းနှင့် လူထုနှင့် တွေ့ဆုံခြင်းတို့ကို REM UAE Laboratory and Consultant ကုမ္ပဏီမှ ဆောင်ရွက် မည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိ န်းသိမ်းရေးဝန်ကြီးဌာနလ က်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ လာမည့်မေလတွင် တင်ပြမည်ဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေအရ အဆိုပါ အစီရင်ခံစာကို ရက်ပေါင်း ၉ဝ အတွင်း လေ့လာသုံးသပ်မည်ဖြစ်သည်။
ဝန်ကြီးဌာနမှ စီမံကိန်း၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာကို လေ့လာသုံးသပ်ပြီး ခွင့်ပြုချက်ရရှိသည်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်သွားမည်ဟု Fujita ကော်ပိုရေးရှင်း၏ စီမံကိန်းနှင့် လုပ်ငန်းစဉ် ရေးဆွဲရေးဌာန အထွေထွေမန်နေဂျာ ရှိုအိချိအီနိုဝိက ပြောသည်။
စီမံကိန်းတည်နေရသည် ရွှေတိဂုံဘုရားကို ဖူးမြင်ရသည့်မြင်ကွင်း မကွယ်စေရန် ကန့်သတ်အမြင့်ပေ သတ်မှတ်ထားသည့်ဧရိယာတွင် ပါဝင်လျက်ရှိသည်။
စီမံကိန်းတွင်ပါဝင်မည့် အဆောက်အအုံသည် ကိုးထပ်ရှိမည်ဖြစ်ပြီး မြေပြင်မှ အဆောက်အအုံအမြင့်ပေ ၁၃ဝ ပေ ၁၁ လက်မရှိမည်ဖြစ်ပြီး ပင်လယ်မျက်နှာပြင်မှဆိုလျှင် အမြင့်ပေ ၁၈၄ ပေဖြစ်သည်။
ရွှေတိဂုံဘုရားကို ဖူးမြင်ရသည့် မြင်ကွင်းမကွယ်ရန် ကန့်သတ်အမြင့်သည် ၁၉ဝ ပေဖြစ်ရာ ထိုပမာဏထက် အဆောက်အအုံက ငါးပေကျော်နိမ့် မည်ဟု ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောသည်။
စီမံကိန်းဆောက်လုပ်ရေးကာလအတွင်း အလုပ်အကိုင် ၈ဝဝ ကျော်နှင့် အဆိုပါအဆောက်အအုံလုပ်ငန်းများ လည်ပတ်ချိန်တွင် အလုပ်အကိုင် ၅ဝဝ ကျော် ပေးနိုင်မည်ဟု ကုမ္ပဏီကဆိုသည်။
ဆောက်လုပ်ရေးအပိုင်းကို Fujita ကော်ပိုရေးရှင်းမှ တာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး ဟိုတယ်စီမံခန့်ခွဲမှုအပိုင်းကို Hotel Okura နှင့် ရုံးခန်းပိုင်းစီမံခန့်ခွဲမှုကို Tokyo Tatemono က တာဝန်ယူမည်ဖြစ်သည်။
Ref & Photo Credit : Myanmar Times Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ