By Khine Zar, Shweproperty.com
Updated at 6 January 2021
ယခုနှစ်ပိုင်းအတွင် နိုင်ငံတော်က ပြည်သူများအတွက်တန်ဖိုးနည်းအိမ်ရာများကို ဖော်ဆောင်ပေးလျက်ရှိပါတယ်။ ပြည်သူများအိမ်ခန်းပိုင်ဆိုင်နိုင်ရေးနှင့် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ရန် စီမံပေးထားပါတယ်။ လှိုင်သာယာ ဒဂုံဆိပ်ကမ်း နှင့်အငြိမ်းစားများအတွက်လည်း အိမ်ခန်းပိုင်ဆိုင်နိုင်ရန် ရေရှည်စီမံကိန်းဖြင့် တန်ဖိုးနည်းအိမ်ရာကို ဖော်ဆောင်ပေးနေတာလည်းဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သန်လျင်၊ကျောက်တန်း၊သီလဝါစက်မှုဇုန်အနီး တန်ဖိုးနည်းအိမ်ရာ၊ လှိုင်သာယာ(ကျန်စစ်မင်း)နှင့် ဒဂုံ(ဆိပ်ကမ်း)ရိုးမတန်ဖိုးနည်းအိမ်ရာအပါအဝင် နေပြည်တော်၌ နိုင်ငံ့ဝန် ထမ်းအငှားအိမ်ရာစီမံကိန်းများကို ဆက်လက် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၇၃၀၀ နီးပါးတည်ဆောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး တွင် အများဆုံးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများလာမည့် ၂၀၂၀ တွင်အပြီးတည်ဆောက်မည်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုအနေဖြင့် တိုက် ၁၅၈ လုံး၊ အခန်းပေါင်း ၂၂၇၆ ခန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တိုက် ၁၅၉ လုံး၊အခန်းပေါင်း ၂၅၃၄ ခန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုက် ၁၅၉ လုံး၊အခန်းပေါင်း ၂၄၈၂ ခန်းဖြင့် သုံးနှစ်အတွင်း စုစုပေါင်း တိုက် ၄၇၆ လုံး၊အခန်းပေါင်း ၇၂၉၂ ခန်းရှိကြောင်းသိရပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးတို့တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဝန်ထမ်းအငှားအိမ်ရာများ တည်ဆောက်နေသည့်အပြင် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဝန်ထမ်းအငှားအိမ်ရာများကိုတာဝန်ယူဆောက်လုပ်လျက်ရှိကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည်။ သုံးနှစ်အတွင်း ဝန်ထမ်းအိမ်ရာတည်ဆောက်မှုအနေဖြင့် ကချင်ပြည်နယ်တွင် ၅၂၀ ခန်း၊ ကယားပြည်နယ်တွင် ၃၁၈ ခန်း၊ ကရင်ပြည်နယ်တွင် အခန်း ၁၅၀၊ချင်းပြည်နယ်တွင် ၁၆၂ခန်း၊စစ်ကိုင်းတိုင်းဒေသကြီး တွင် ၁၂၆၂ ခန်း၊တနင်္သာရီတိုင်းဒေသကြီး တွင် ၂၅၂ ခန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၆၇၂ ခန်း၊ မကွေးတိုင်းဒေသကြီးတွင် ၅၅၂ ခန်း၊မန္တလေးတိုင်းဒေသကြီးတွင် ၁၅၃၀ ခန်း၊မွန်ပြည်နယ်တွင် ၂၅၂ ခန်း၊ ရခိုင်ပြည် နယ်တွင် ၆၆၆ ခန်း၊ ရှမ်းပြည်နယ်တွင် ၇၃၂ ခန်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၂၂၄ ခန်းတည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် တိမ်းစောင်းခဲ့သည့် တိုက်ရှစ်လုံးကိုသာ ပြန်လည်တည့်မတ်မည်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဝင်ငွေနည်း ပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ်ရာများကို၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် စုစုပေါင်းအိမ်ခန်း ၈၄၁၆ခန်း တည်ဆောက် ရောင်းချပေးလျက်ရှိကြောင်း၊အတိုးနှုန်းသက်သာသည့် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်နှင့် ချိတ်ဆက်ဝယ် ယူနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ဆောက်လုပ်ပြီး တန်ဖိုးနည်း၊တန်ဖိုးသင့်တိုက်ခန်း များကိုနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ အကြား အချိုးကျခွဲဝေရောင်းချ ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့တွင်တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖိတ်ခေါ်ဆောင်ရွက်ကာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပါတယ်။ ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိစေရေးအတွက် အိမ်ရာများကို ဂျပန်နိုင်ငံ ODA Loan (Two – Step Loan) အစီအစဉ်အရ အတိုးနှုန်းသက်သာသောနှစ်ရှည်အိမ်ရာချေးငွေဖြင့် JICA, ODA Loan Criteria နှင့်ကိုက်ညီသော အိမ်ရာများအတွက် အိမ်ရာချေးငွေများ ချေးပေးနေပြီဖြစ်သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် တန်ဖိုးနည်း၊တန်ဖိုးသင့်နှင့် တန်ဖိုးမြင့်အိမ်ရာစီမံကိန်းတိုက်ခန်းများဝယ်ယူသူများကို ချေးငွေထုတ်ချေး ပေးလျက်ရှိကြောင်း သိရပါတယ်။ နောက်ဆုံးရ သတင်းများ မြန်မာနိုင်ငံစက်မှုဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းတွင်ထိုင်းလုပ်ငန်းစုကြီးများပါဝင်လာ အငြိမ်းစားဝန်ထမ်းအိမ်ယာအတွက် ငွေသွင်းပြီးသူများအား တိုက်ခန်းများ မဲနှိုက်ခြင်းကို ထုတ်လွှင့်ပေးမည် ကြို့ကုန်းအိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းက ရှယ်ယာရှင်တွေ မျှော်လင့်ထားတဲ့ အကျိုးအမြတ် အလုပ်အကိုင် ၄၅၀၀နီးပါး အလုပ်ရမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၅ ခု ကို MICခွင့်ပြု Photo Credit : buildersguide Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ