By Shwe Kyaw (ShweProperty.com), Shweproperty.com
Updated at 9 March 2018
အိမ်ဆောက်ရက်ရွေးတဲ့အခါမှာ တနင်္ဂနွေနေ့ရွေးရင် ဒုက္ခဆင်းရဲရောက်တတ်ပါတယ်။ တနင်္လာနေ့ဆောက်ရင် ချမ်းသာကြွယ်ဝမှုကို ရစေတယ်လို့ ရှေးလူကြီးတွေက ဆိုကြတယ်။
အင်္ဂါနေ့ဆောက်ရင် ဆန်ရေစပါးပေါများကြွယ်ဝပြီး ဗုဒ္ဓဟူးနေ့ဆောက်ရင် သုခချမ်းသာရစေမှာပါ။ ကြာသပတေးနေ့ဆောက်ရင် ချမ်းသာကြွယ်ဝပြီး သောကြာနေ့ဆောက်တဲ့အခါ (၃)လကြာရင် သုခပွားတတ်တယ်လို့ ဆိုပါတယ်။
အိမ်ဆောက်လရွေးတဲ့အခါမှာလည်း တန်ခူးလ မှာ အိမ်ဆောက်ရင် ချမ်းသာကြွယ်ဝတတ်ပြီး ကဆုန်လ ဆန်ရေစပါးပေါများ ကြွယ်ဝပါတယ်။
ဝါခေါင်လ စီးပွားဥစ္စာတိုးပွားပြီး နတ်တော်လ ထင်ပေါ်ကျော်ဇောတတ်ပါတယ်။
ပြာသိုလဆောက်ရင် လူအများ ချီးမွမ်းခံရတတ်ပြီး တပေါင်းလ ချမ်းသာကြွယ်ဝတတ်ပါတယ်။ ကျန်ခြောက်လလောက်မှာ ဆောက်ရင် ပျက်စီးခြင်းတွေ ကြုံရတတ်တယ်လို့ ဆိုပါတယ်။
Photo Credit : ArchDaily
Written By : Shwe Kyaw (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ