By Myanmar Builders Guide, Shweproperty.com
Updated at 13 November 2018
ရန်ကုန်မြို့တွင် အစိုးရ ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းနှင့် ကျူးကျော်နေထိုင်သူများအတွက် အိမ်ရာသုံးသိန်းကျော်လိုအပ်နေ ပြီး ၎င်းတို့အတွက် အစိုးရကမြေနေရာနှင့်ရင်းနှီးမြှုပ်နှံမှုရှာဖွေနေ ဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဝန် ကြီးချုပ် က ပြော သည်။
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ နိုဝင်ဘာ ၂ ရက်တွင်ပြုလုပ်သည့် မြန်မာဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်းနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေးနှင့် အိမ်ရာလုပ်ငန်းအသင်း ဆွေးနွေးပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
‘‘ဒီအခြေအနေတွေကို ဆောင်ရွက်ဖို့ အစိုးရသစ်စတင်တာဝန်ယူတဲ့ကာလကတည်းက ဆောင်ရွက်ခဲ့တာပါ။ လက်ရှိမှာ မြေနေရာနဲ့ရင်းနှီးမြှုပ်နှံမှုရှာဖွေ တဲ့ကာလတစ်ခုပဲရှိပါသေးတယ်။ နေစရာအခက်အခဲရှိသူတွေကို နေစရာရအောင်ဆောင်ရွက်ပေးတာမြို့ကို မြှင့်တင်ရာရောက်ပါ တယ်’’ဟုရန်ကုန်တိုင်းဝန် ကြီးချုပ်က ပြောသည်။
လက်ရှိတွင် ဂျပန်ဆောက် လုပ်ရေးပစ္စည်းနှင့် ဂျပန်နည်း ပညာကို အသုံးပြု၍ ရှေ့ပြေးစီမံ ကိန်းအဖြစ် နှစ်ထပ်အိမ်နှစ်လုံးတည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင် ယင်းပုံစံအတိုင်းတန်ဖိုးနည်း အိမ်ရာများဆက်လက်အကောင်အထည်ဖော်မည်ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌဦးရှိန်ဝင်းက ပြောသည်။
ဂျပန်နိုင်ငံက အိမ်ရာစီမံကိန်းအတွက် ကျပ်ဘီလီယံ ၁၅၀ ကို နှစ်ဆင့်ချေးငွေအဖြစ်ပထမ ဆုံးထုတ်ချေးရန် သဘောတူထားသည်ဟု ၎င်းကဆိုသည်။
ချေးငွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့်ထုတ်ချေးရန် စီစဉ်ထား သည်ဟုဆိုသည်။ ထိုအိမ်ရာများ အကောင်အထည်ဖော်ရန် တိုင်း ဒေသကြီးအစိုးရက မြေနေရာစီ စဉ်ပေးမည်ဖြစ်ပြီး တည်ဆောက်မှုကို ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းက တာဝန်ယူမည် ဖြစ်သည်။ အချို့ကိုလည်း တိုင်းအစိုးရအစီအစဉ်ဖြင့် တင်ဒါခေါ်ယူရန်ရှိသည်ဟု ဆိုသည်။
ရန်ကုန်မြို့ပေါ်တွင် နေစရာမရှိ၍ ကျူးကျော်နေထိုင်နေရသည့် အိမ်ထောင်စုတစ်သိန်းခွဲ ကျော်ရှိပြီး လူဦးရေလေးသိန်းခန့် ရှိသည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်တိုင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ လာသဖြင့် ရန်ကုန်သို့ပြောင်းရွှေ့ မှုများလာ၍ နေစရာအခက်အခဲရှိ လာခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
Ref & Photo Credit : Myanmar Builder Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ