By Ra Wai, Shweproperty.com
Updated at 3 May 2022
၁/ တိုက်အသစ်နံရံသားအသစ်ကိုဆေးစမသုတ်ခင် သုတ်မဲ့နံရံကို ပန်းရံသားချောပြီး အနည်ဆုံးသုံးပတ် ကြာထားပေးသင့်ပါတယ် သုံးပတ်ကြာတဲ့အခါမှာ ပန်းရံချေားသားကခြောက်သွေ့ပြီး ရေစိုပြန်တာ ရေငွေ့ရိုက်တာတွေမရှိတော့ပါဘူး။ ၂/ နံရံသားခြောက်သွေ့သွားမှ ဆေးသုတ်ဖို့ နံရံကို ကော်ပတ်တိုက် နံရံထဲမှာရှိတက်တဲ့ သစ်စအမှိုက်တွေထွင်းထုတ် အဖုထစ်တွေထိုးချပြီး နံရံကို သန့်ရှင်းရေးလုပ်ရပါမယ်။ ၃/ ဆီလာချုပ်ရပါမယ် ဆီလာကိုရေအချိုးစား အတိုင်းရောစပ်ပြီး နံရံများအားလုံးကိုသုတ်ရပါ မယ် ဆီလာခြောက်သွေ့ချိန်ထိထားရပါမယ်။ ၄/ ပတ်တီးရိုက်မယ် ပတ်တီးရိုက်တဲ့အခါ ပထမ ၀မ်းကုတ်မှာ ဘိလပ်မြေအနည်းငယ်အသုံးပြုလို့ရပါတယ် ၀မ်းကုတ်မှာ ဘိလပ်မြေအနည်းငယ်ထည့်သုံးတဲ့အခါ နံရံက မာကြောပြီး ကျစ်လှစ်စေပါတယ်။ ၅/ ပတ်တီး၀မ်းကုတ်ခြောက်သွေ့ပြီဆိုရင် ဒုတိယ တူးကုတ် ရိုက်လို့ရပါပြီ ရိုက်တဲ့အခါ ဘိလပ်မြေထည့်စရာမလို့တော့ပါဘူး တူးကုတ်မှာတော့ နံရံသား လှပ ချောမွှေ့စေဖို့အသုံးပြုရတာပါ။ ၆/ ကော်ပတ်တိုက်မယ် ပတ်တီးသား ခြောက်သွေ့ပြီးရင် ကော်ပတ်တိုက်လို့ရပါပြီ ကော်ပတ်တိုက်တဲ့အခါနံရံ သားညီညာချောမွှေ့စေဖို့ ကော်ပတ်တိုက် စက်(သို့မဟုတ်)ကော်ပတ်ကိုင်းတို့နဲ့ တိုက်လို့ရပါတယ် ကော်ပတ်တိုက်စက်(သို့မဟုတ်)ကော်ပတ်ကိုင်းတို့နဲ့ တိုက်ပြီးရင် ကော်ပတ်အနောက်ဘက်နဲ့ပြန်တိုက်ပြီး ကော်ပတ်အဆင်းရာများကိုပြန်ညှိပေးရင် ပိုကောင်း ပိုချောမွှေ့စေပါတယ်။ ၇/ ဆီလာချုပ်မယ် ကော်ပတ်တိုက်ပြီးသားနံရံကို ကော်ပတ်အမှုံတွေခါချပြီး သန့်ရှင်းရေးလုပ်ရပါမယ် သန့်ရှင်းရေးအားလုံးပြီးရင် ဆီလာချုပ်လို့ရပါပြီ ၈/ ဆေးသုတ်မယ် ဆီလာများခြောက်သွေ့ပြီးရင် ကော်ပတ်တိုက်ပြီးသားအဟောင်းနဲ့ နံရံကို ဖွဖွလေးတိုက်ပေးဖို့လိုပါတယ် ကော်ပတ်အဟောင်းနဲ့တိုက်လိုက်တဲ့အခါ နံရံမှာဆီလာချုပ်လိုက်တုန်းက အနည်းငယ်ကျန်ရှိတဲ့အမှုံအမွှားများကို ဖယ်ရှာပေးပါတယ် ပြီးရင်ဆေး၀မ်းကုတ် သုတ်လိုရပါပြီ။ ၉/ နံရံအနာစာများ ပတ်တီးတက်ရှင်ဖာရပါမယ် ဆေး၀မ်းကုတ်ခြောက်သွေ့ပြီးရင် အနာစားများပတ်တီးတက်ရှင်ဖာလို့ရပါပြီ ပတ်တီးတက်ရှင်များ ခြောက်သွေ့ပြီးရင် ပတ်တီးတက်ရှင်များကော်ပတ်တိုက် ဆီလာပြန်ချုပ်ရပါမယ် ဆီလာခြောက်သွေ့ပြီးရင် တက်ရှင်နေရာကို ဆေး၀မ်းကုတ်ပြန်သုတ်ရပါမယ်။ ၁၀/ ဆေးတူးကုတ်သုတ်မယ်ဆေး၀မ်းကုတ်ဖာထားသေားဆေးများ ခြောက်သွေ့ပြီးရင် ကော်ပတ်အဟောင်းနဲ့ ပြန်တိုက်ပြီး နံရံကအမှုံမွှားများကို ဖယ်ရှားပြီး ဆေးတူးကုတ် (ဖိုင်နယ်)သုတ်လို့ရပါပြီ။ ဆေးတူးကုတ်သုတ်လို့ ဆေးမပိတ်သေးရင်နောက်တစ်ကုတ်ထပ်သုတ်လို့ရပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ကုန်ကျစရိတ်နည်း အိမ်အလှဆင်နည်းများ ကိုယ့်အခန်းကို နေချင်စဖွယ်ဖြစ်အောင် ဘယ်လို DECORATION လုပ်ကြမလဲ လှပသေသပ်တဲ့ အိပ်ခန်းတစ်ခန်းရရှိဖို့ လိုအပ်တဲ့ အခြေခံအချက်တွေက ဘာတွေလဲ သင့်ရဲ့အိမ်လေးကို အလွယ်ကူဆုံး အလှဆင်နိုင်မည့် နည်းလမ်းကောင်းများ Credit By: ရန်ကုန် ဆေးသုတ် လုပ်ငန်း Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ