ရန်ကုန်တွင် တိုက်ခန်းဝယ်ယူခြင်းသည် မြေပိုင်ဆိုင်မှုမပါဝင်၍ မြေပိုင်ရှင်၏ မြေပေါ်တွင် တည်ဆောက်ထားသည့် တိုက်ခန်းအား ဝယ်ယူခြင်းဖြစ်သောကြောင့် မြေပိုင်ရှင်အား မြေငှားရမ်းခပေးချေရမှာဖြစ်ပါတယ်။
 
ကန်ထရိုက်တာထံမှ ဝယ်ယူခြင်း၊ မြေရှင်ထံမှ ဝယ်ယူခြင်း မည်သည့်ဝယ်ယူခြင်းမဆို မြေငှားခပေးရပါသည်။ ကန်ထရိုက်ပိုင်ဆိုင်သည့် မြေဆိုလျှင်လည်း ကန်ထရိုက်တာကို မြေငှားခပေးရပါတယ်။

မြေငှားရမ်းခနှုန်းထားများသည် မြို့နယ်တစ်ခုနဲ့ တစ်ခု မတူညီပါဘူး။ အကောင်းဆုံးကတော့ ဝယ်ယူထားတဲ့ တိုက်ခန်း ပတ်ဝန်းကျင်ရှိ အခြားတိုက်ခန်းများကို မေးမြန်းစုံစမ်းခြင်းဖြင့် မြေငှားခနှုန်းကို သိရှိနိုင်ပါတယ်။

လက်ရှိ အများဆုံးကောက်ခံနေသည့် နှုန်းထားများကတော့ ငွေကျပ် ၁၀၀၀ိ/- ကျပ်မှ စတင်ကာ ၅၀၀၀ိ/- ကျပ်အထိ အမျိုးမျိုး ကောက်ခံကြတာတွေ့ရပါသည်။ ပေးချေပုံတွေကတော့ မြေရှင်ပေါ်မူတည်ပါတယ် တစ်လခြင်း ကောက်ခံကျသလို၊ တစ်နှစ်စာ ကောက်ခံခြင်းလည်းရှိပါတယ်။



မြေရှင်တောင်းခံသည့် နှုန်းထားသည် မိမိတိုက်တစ်ခုတည်းများနေခြင်းဖြစ်တယ်ဆိုလျှင် သက်ဆိုင်ရာ မြို့နယ်စည်ပင်ရုံးကို တိုင်ကြားဖြေရှင်းခိုင်းလို့ရပါတယ်။

မြေငှားခနည်းတူ ပေးရသည့်နောက်တစ်မျိုးက ရေဖိုးဖြစ်ပါသည်။ ရေဖိုးနှင့်ပတ်သက်လျှင်လည်း မီတာတစ်ခုတည်းကနေ တိုက်တစ်တိုက်လုံး စုပေါင်းသုံးခြင်း ဖြစ်၍ အချိုးကျ ကျခံရပါတယ်။ လက်ရှိ အများဆုံးကောက်ခံနေသည့် နှုန်းထားများကတော့ ငွေကျပ် ၅၀၀၀ိ/- ကျပ်မှ စတင်ကာ ၆၀၀၀ိ/- ကျပ်အထိ အမျိုးမျိုး ကောက်ခံကြတာတွေ့ရပါတယ်။

အကောင်းဆုံးကတော့ တိုက်ခန်း ဝယ်ယူခြင်း မပြုခင်ကတည်းက မြေဖိုး၊ ရေဖိုး တစ်ခါတည်းမေးမြန်းပြီးမှ စာချုပ်တွင် ထည့်သွင်း ဖော်ပြချုပ်ဆို ထားခြင်းသည် အကောင်းဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ဖုန်းရွှေနှင့် ညီသောအိမ်

လူတို့ ဦးခေါင်းထား၍ အိပ်ရမည့်အရပ်

လူနေတိုက်ခန်းများ ပြိုကျပျက်စီးလျှင် အခန်းပိုင်ရှင် အတွက် ပိုင်ဆိုင်မှု အာမခံချက်မရှိ

အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုရန်မြေပုံကူးလျှောက်ထားခြင်း

Credit By: ဥပဒေရေးရာ
Posted By : Ra Wai (ShweProperty.com)