By RW, Shweproperty.com
Updated at 18 March 2025
ရေခဲသေတ္တာဆိုတာ အစားအစာတွေကို လတ်ဆတ်အောင် ထိန်းသိမ်းပေးနိုင်တဲ့ အကောင်းဆုံးဖြစ်ပေမယ့် တချို့ အစားအစာတွေကတော့ ထည့်သိမ်းထားမိရင် ပိုပြီးတောင် ပျက်စီးသွားနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားမိရင် မူလအရာသာတွေ ပျက်စီးသွားစေနိုင်တာကြောင့် ရှောင်သင့်တဲ့ အစားအစာ (၆) မျိုးကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ၁။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းတာဟာ လတ်ဆတ်မှုကို ပျက်စီးစေပါတယ်။ ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲ မထည့်ဘဲ နေရောင်တိုက်ရိုက်မကျအောင် ထားပြီး သိမ်းဆည်းတာက ပိုသင့်တော်စေပါတယ်။ ၂။ ပေါင်မုန့် ပေါင်မုန့်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းတာဟာ ပေါင်မုန့်ကို ပိုမိုမြန်ဆန်စွာ မာကြောသွားစေပါတယ်။ ပေါင်မုန့်တွေက မှို နှင့် ဘက်တီးရီးယားတွေကို အလွယ်တကူစုပ်ယူနိုင်တဲ့ အတွက် ပေါင်မုန့်တွေကို တကူပျက်စီးစေတာကြောင့် ထည့်သိမ်းဖို့ မသင့်ပါဘူး ၃။ ကြက်သွန်ဖြူ ရေခဲသေတ္တာထဲမှာ ကြက်သွန်ဖြူကို သိမ်းဆည်းတာဟာ ပိုပြီး ပျော့ပျောင်းသွားစေပြီး မူလအရသာနဲ့ အနံ့ကို ပျက်စီးစေကာ အနံ့တွေစွဲစေတတ်တဲ့အတွက် ထည့်မသိမ်းသင့်ပါဘူး။ ကြက်သွန်ဖြူကို အေးပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ သိမ်းဆည်းတာပိုသင့်တော်ပါတယ်။ ၄။ ကြက်သွန်နီ ကြက်သွန်နီတွေဟာ မီးဖိုချောင်တိုင်းအတွက် အဓိက ပါဝင်ပစ္စည်းတစ်ခုဖြစ်ပေမယ့်၊ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းတာဟာ မှိုနဲ့ ဘက်တီးရီးယားတွေ ဖြစ်စေတက်ပါတယ်။ ကြက်သွန်နီကို လေဝင်လေထွက်ကောင်းတဲ့ အိတ် ဒါမှမဟုတ် ခြင်းတောင်းထဲမှာ ထားရှိတာ ပိုကောင်းပါတယ်။ ၅။ ပျားရည် ပျားရည်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းတာဟာ ပျားရည်ကို ခဲသွားစေတာကြောင့် လုံးဝ ထည့်သိမ်းထားဖို့ မသင့်တော်ပါဘူး။ မပူလွန်း ၊ မအေးလွန်းတဲ့နေရာမှာ သိမ်းဆည်းတာက ပျားရည်ကို ပိုသင့်တော်စေပါတယ်။ ၆။ ထောပတ်သီး ထောပတ်သီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းတာဟာ သဘာဝအလျောက် မှည့်တဲ့ဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ မှည့်ပြီးသား ထောပတ်သီးတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင် လီမွန်ရည် ညှစ်ထည့်ပြီး အညိုရောင်မတက်အောင် ကာကွယ်နိုင်ပါတယ်။ အစားအစာတွေကို လတ်ဆတ်အောင် ထိန်းသိမ်းဖို့ ရေခဲသေတ္တာကို အသုံးပြုတာကောင်းပေမယ့်၊ အထက်ပါ အစားအစာတွေကိုတော့ ရေခဲသေတ္တာထဲ မထည့်သင့်ပါဘူး။ ဒီလို သိမ်းဆည်းမှုမျိုးက မူလအရသာ အနံ့နဲ့ လတ်ဆတ်မှုကို ထိခိုက်စေနိုင်တာကြောင့် လုံးဝ ထည့်မသိမ်းထားမိဖို့လိုပါတယ် Source: Thepassportkitchen
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ