By 7Day TV, Shweproperty.com
Updated at 5 February 2019
ရန်ကုန်မြို့သစ် စီမံကိန်းရဲ့ ဒုတိယအသုတ် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ EOI ကို လာမယ့်အပတ်မှာ ခေါ်ယူဖို့ရှိတယ်လို့ ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက် ရေးကုမ္ပဏီ ဒုဥက္ကဌ ဦးသိမ်းဝေက ပြောပါတယ်။
ဒီလုပ်ငန်းအတွက် EOI တောင်းခံပြီး စိတ်ဝင်စားလို့ တင်ပြလာတဲ့ ကုမ္ပဏီတွေထဲက အသင့်တော်ဆုံးတစ်ခုကို ရွေးချယ်ပြီး Pre Project Document ပြီးဆုံးတဲ့အထိ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ၄၅ ရက်အတွင်း NYDC Challenge ရှိမရှိ ကြည့်ရှုနေပြီး ဧပြီလလယ် မတိုင်မီမှာ ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ဆုံးဖြတ်ပြီး နောက်ပိုင်းမှသာ လုပ်ငန်းဆောင်ရွက်မှုတွေကို စတင်သွားမယ်လို့ သိရပါတယ်။
လုပ်ငန်းတွေစတင်ပါက ၂၄ လကြာမြင့်နိုင်မှာ ဖြစ်ပြီး တချို့လုပ်ငန်းတွေအနေနဲ့ ၂၈ လကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် လုပ်ငန်းအချို့မှာ ၂၀၂၀ ခုနှစ်အတွင်း ပြီးနိုင်မှာ ဖြစ်ပြီး တချို့လုပ်ငန်းတွေကတော့ ၂၀၂၁ နှစ်လယ် လောက်မှ ပြီးနိုင်မယ့် လုပ်ငန်းတွေ ပေါ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်း အဆိုပြုလွှာပြင်ဆင်တင်သွင်းဖို့၂၀၁၈ ခုနှစ် မေလ ၂ ရက်နေ့က ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် China Communication Construction Company နဲ့ မူဘောင်သဘောတူညီချက်လက်မှတ်ရေးထိုးထားတာပါ။
NYDC Challenge ဟာ ကုမ္ပဏီတစ်ခုက မိမိလုပ်ကိုင် လိုတဲ့ စီမံကိန်းတစ်ခုကို အစ၊ အဆုံးကုန်ကျခံလေ့လာစစ်တမ်း ပြုလုပ်ပြီး ပုံစံထုတ်ပေးရတာဖြစ်ပါတယ်။
Ref & Photo Credit : 7Day TV
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ