By Myanmar Builders Guide, Shweproperty.com
Updated at 17 May 2019
ရန်ကုန် မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရက ကန့်ကွက်ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
တိုင်းအစိုးရကအကောင် အထည်ဖော်နေသည့် မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး မေလ ၁၀ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်အပြီး သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က ပြောကြားသည်။
‘‘ ရန်ကုန်မြို့သစ်စီမံကိန်းကို ပြည်ထောင်စုအစိုးရက သဘောမတူဘူးဆိုတာ မဟုတ်ပါဘူး။ လက်ရှိစီမံကိန်းက လွှတ်တော်ကသဘောတူထားတဲ့ စီမံကိန်းဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက် ပြီး ပွင့်လင်းမြင်သာအောင် ဆောင်ရွက်နေပါတယ်’’ဟု ဝန်ကြီးချုပ် က ပြောသည်။
ယခုအခါ မြေသိမ်းမှုများပြား ၍ မြေလျော်ကြေးပေးရန် ဆောင်ရွက်နေပြီး စီမံကိန်းလုပ်ငန်းဖြစ်နိုင်ခြေကို ဆန်းစစ်လေ့လာနေကာ မြို့သစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။
ရန်ကုန်မြို့သစ်အကောင်အထည်ဖော်ရေး တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီနှင့် ရန်ကုန်တိုင်းအစိုးရတို့သည် ၂၀၁၈ ဧပြီ ၃၀ရက်က ပဏာမမူဘောင်သဘောတူညီမှုစာချုပ် (Frame−work Agreement)ကို လက်မှတ်ရေးထိုးခဲ့သည်။
ထိုစီမံကိန်းသည် ကန်ဒေါ် လာ ၁ ဒသမ ၆ ဘီလီယံကျော် ကုန်ကျမည်ဖြစ်၍ ပြည်ထောင်စု အစိုးရခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ တင်ပြရမည်ဖြစ်သည်။ လက်ရှိတွင် ပြည်ထောင်စု အစိုးရက ခွင့်ပြုမိန့်ပေးရန် ကျန်ရှိနေသောကြောင့် မကြာမီ ခွင့်ပြုမိန့်တင် မည်ဖြစ်ကြောင်း အစိုးရပိုင် NYDC ကုမ္ပဏီအမှုဆောင် အရာရှိချုပ်ဦးသိမ်းဝေက မေလ၌ ပြောကြားထားသည်။
ရန်ကုန်မြို့သစ် ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းခြောက်ခုကို ရန်ကုန်တိုင်းအစိုးရပိုင်ကုမ္ပဏီ NYDC က ကုမ္ပဏီများ ကို ဖိတ်ခေါ်ခဲ့သည်။ ထိုလုပ်ငန်းများသည် ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ဆိုက်ဘာဆက် သွယ်ရေးအခြေခံအဆောက်အအုံများ၊ ရေဆိုးသန့်စင်ရေးစနစ်များ၊ သဘာဝဓာတ်ငွေ့ထောက်ပံ့ရေး၊ ဖြန့်ဖြူးရေးနှင့် ကွန်ဗင်းရှင်းစင်တာတို့ဖြစ်သည်။
ထိုလုပ်ငန်းများအတွက် မြန်မာနိုင်ငံအပါအဝင် ၁၃ နိုင်ငံမှ စိတ်ဝင်စားမှုဖော်ပြလွှာ (EOI) ၇၇ ခု တင်ပြမှုရှိကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NYDC)က သတင်းထုတ်ပြန်သည်။
Ref : Myanmar Builders Guide
Photo Credit : ရန်ကုန်မြို့သစ် (New Yangon)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ