By 7daydaily, Shweproperty.com
Updated at 31 March 2016
အရပ်သားအစိုးရသစ် စတင်တာဝန်ယူမည့်နှစ်တွင် ငွေ ကြေးဖောင်းပွမှု အနည်းငယ်မြင့် မားနေသော်လည်း စီးပွားရေးပြန် လည်ဦးမော့လာနိုင်ဖွယ်ရှိသည် ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏အစီ ရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏စီးပွားရေးတိုး တက်မှုနှုန်းသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၄ ရာခိုင် နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးမှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် နိုင်ငံအနှံ့ဖြစ်ပွားသော ရေကြီးနစ်မြုပ်မှုများကြောင့် ၇ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းပြီး ငွေကြေးဖောင်းပွမှုမှာ ၁၁ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။
‘‘၂၀၁၁ က စတင်ခဲ့တဲ့ စီး ပွားရေးပြုပြင်ပြောင်းလဲမှုတွေက အပြုသဘောရလဒ်တွေဖြစ်ထွန်း ပေမယ့် မြန်မာနိုင်ငံရဲ့အစိုးရသစ် နဲ့ ပြုပြင်ပြောင်းလဲမှုမှ ပိုမိုအရှေ့ ရောက်ဖို့အတွက် အခြေခံ အ ဆောက်အအုံနဲ့ လုပ်သားလိုအပ် ချက်တွေ ဖြည့်ဆည်းဖို့၊ ငြိမ်းချမ်း ရေးနဲ့ လူမှုအသိုင်းအဝိုင်းတွေအ ချင်းချင်း သွေးစည်းချစ်ကြည်ကြ ဖို့ တကယ့် စိန်ခေါ်မှုတွေ ရင်ဆိုင် ရမှာဖြစ်ပါတယ်’’ဟု အာရှဖွံ့ဖြိုး ရေးဘဏ်၏မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာဗင်း ဖရက်ဗစ်ကလိုင်းက ပြောသည်။
ကျေးလက်ဒေသများတွင် ဈေးကွက်နှင့်ဝန်ဆောင်မှုများ ပိုမို လက်လှမ်းမီစေပြီး စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ထုတ်ဖော်ရန် ကျေးလက်ဒေသနှင့်ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုကြိုးပမ်းအားထုတ်သင့်သည်ဟု ၎င်းက အကြံပြုသည်။
၂၀၁၅-၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေး၌ အဓိက မှီခိုနေရသည့် တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေး ကျဆင်းနေမှု အခြေအနေသည် မြန်မာနိုင်ငံ၏ အစိုးရသစ်အတွက် စိုးရိမ်စရာအခြေအနေ ဖြစ်နေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ဒုတိယဌာနေ ကိုယ်စား လှယ်မစ္စတာ ပီတာဘရင်းဘယ်လ်က ပြောသည်။
‘‘တရုတ်စီးပွားရေး ကျတာ က ဒေသတွင်းဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် သတိထားစရာတစ်ခုဖြစ် လာတယ်’’ ဟု မစ္စတာ ပီတာဘ ရင်းဘယ်လ်က သတိပေးလိုက် သည်။
လက်ရှိတွင် တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းနေသော်လည်း မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသော အိန္ဒိယနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်နေသည်။
သို့သော် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုစုစုပေါင်း ၄ ရာခိုင်နှုန်းသို့ ကျဆင်းလာသည်။ ယခင် ဘဏ္ဍာနှစ်များက ၇ ရာခိုင်နှုန်းရှိခဲ့သည်။ သို့သော် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ၏ကုန်သွယ်မှု ပမာဏစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော် ရှိနေသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍ ၌ အဓိက စိန်ခေါ်မှုလေးခုရှိနေ သည်ဟု မစ္စတာ ပီတာဘရင်း ဘယ်လ်က ပြောသည်။ အစိုးရ တွင် နိုင်ငံခြားအရန်ငွေနည်းပါး ပြီး ကုန်သွယ်ရေးတွင် လိုငွေပမာ ဏများနေခြင်း၊ အစိုးရဟောင်း၏ လုပ်ဆောင်ချက်အချို့ ပြုပြင် ပြောင်းလဲရန်ရှိနေခြင်း၊ ဘာသာ ရေးပဋိပက္ခများနှင့်ပတ်သက်ပြီး စနစ်တကျကိုင်တွယ်ရန် လိုအပ် ခြင်း၊ အယ်လ်နီညိုကဲ့သို့ ရာသီဥတုဖောက်ပြန်မှု များအား စနစ်တကျထိန်းသိမ်းရန် လိုအပ်ခြင်းစသော စိန်ခေါ်မှုများရှိနေသည်ဟု ၎င်းက ဆိုသည်။
ထိုစိန်ခေါ်မှုများနှင့်ဆက်စပ် ပြီး ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး အလုပ်အကိုင်ဖန်တီးရေး၊ ပြည် တွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်း ပြီး တည်ငြိမ်အေးချမ်းမှုရှိစေရေး စသည်တို့သည် စီးပွားရေးကဏ္ဍ အတွက် များစွာ အရေးကြီးသည် ဟု ပီတာက ပြောသည်။
စီးပွားရေးကဏ္ဍတွင် လိုအပ် သည့် အခြေခံ အဆောက်အအုံ ပိုင်းဖြစ်သည့် လျှပ်စစ်၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတိုး တက်ရေး၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး ရေး စသည်တို့လည်း အရေးကြီး ကြောင်း ၎င်းက ပြောသည်။
Ref : 7daydaily
Photo Credit : bankokpost
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ