By Zay Thiha, Shweproperty.com
Updated at 15 December 2015
လူတော်တော်များများက အိမ်ဈေးကျသွားလိမ့်မယ်လို့ထင်နေကြတယ်။ အာဆီယံနိုင်ငံထဲမှာတောင် မြေဈေးမြင့်တဲ့အထဲမှာပါနေလို့ ထပ်မတက်တော့ပဲ ပြန်ကျသွားမယ်ခန့်မှန်းကြတယ်။ ပူဖောင်းကြီးပေါက် ကွဲတော့မယ်လို့ပြောကြတယ်။ ဈေးကွက်တစ်ခုက တည်ငြိမ်နေဖို့ ဒါမှမဟုတ်လှုပ်ခါသွားဖို့ဆိုတာ သူ့ကို ထိန်းကျောင်းနေတဲ့ ဂေဟစနစ်တွေပေါ်မှာ မူတည်ပါတယ်။ အစိုးရသစ်အပြောင်းအလဲဖြစ်လာမဲ့ ၂၀၁၆ မှာ မြေဈေးကွက်ကို ကြီးမားတဲ့အပြောင်းအလဲဖြစ်မှာတော့ သေချာပါတယ်။ အစိုးရသစ်ကြောင့် မေလ အတွင်း နိုင်ငံတကာဆန်ရှင်လွှတ်ပါလိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြှတ်နှံမှုတွေ အကြီးအကျယ်မဝင်လာရင်တောင် infrastructure development, tourism industry နဲ့ trading ပိုင်းတွေမှာ သိသိသာသာ FDI တွေ ဝင်လာပါလိမ့်မယ်။
နိုင်ငံခြားရင်းနှီးမြှတ်နှံမှုတွေ ဝင်လာတိုင်း မြေဈေးတက်မယ်လို့ အကြမ်းတွက်လို့ရပါတယ်။ ဥပမာ ၁ ဘီလီယံ ဝင်လာတိုင်း သန်း၃၀၀ လောက်က မြေကြီးနဲ့ အဆောက်အဦးအတွက် direct or indirect ဝင်သွားပါတယ်။ အိမ်ယာစီမံကိန်းအသစ်တွေ ဖေါ်နိုင်တဲ့အင်အားများရင် ကျတယ်ဆိုပေမဲ့ စီးပါွးရေး ဖွံ့ဖြိုးမှုနဲ့ ယှဉ်ရင် ဝယ်လိုအားကို လုံလောက်အောင်ဖြည့်ပေးနိုင်မယ်လို့မထင်ပါဘူး။ ဒါကြောင့် တက်နိုင်ပါတယ်။
ရန်ကုန်မြို့နေ အိမ်ထောင်စု အရေအတွက်ရဲ့ ၇၀%က အိုးပိုင်အိမ်ပိုင်မရှိသေးတာကလည်း ခိုင်မာတဲ့ buyer တွေ အဆင်သင့် စောင့်နေတဲ့ပုံစံဖြစ်တဲ့အတွက် တက်နိုင်ပါသေးတယ်။ ဘဏ်စနစ်အပြောင်းအလဲ ပုံစံအားကောင်းလာရင် အဲဒီလူတွေ ဝယ်အားမြင့်ပြီး ဈေးတက်မယ်။
အာဆီယံနိုင်ငံတွေထက်မြေဈေး ဒီထက်မကတက်လာနိုင်ပါ့မလားလို့ တွက်ကြပါတယ်။ ကျွန်တော့ အမြင်က တက်မှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားသည် ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်နဲ့ ထိစပ်နေတာကတကြောင်း ဥရောပနိုင်ငံများနဲ့ အာရှထိပ်သီးနိုင်ငံများသို့အဝင်အထွက် gateway ဖြစ်နေတာကတကြောင်း၊ ရာသီဥတုအနေအထားကတကြောင်းကြောင့်ထပ်တက်မယ်ဆိုရင်လည်းတက်လို့ရပါသေးတယ်။
နိုင်ငံခြားရင်းနှီးမြှတ်နှံသူများအင်အားကြီးကုမ္ပဏီများအနေနဲ့ မြေဈေးမြင့်လို့ မလာနိုင်ဘူးဆိုတာ အလကားပြောတာပါ။ world known Brand ဖြစ်ဖို့အတွက် အရှုံးအတွက် မမှုပါ။ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ပြည်သူပိုင်ပြန်မသိမ်းဘူး။ နိုင်ငံတကာက အရေးတယူဆောင်ရွက်ပေးတဲ့နိုင်ငံဖြစ်ရင် သူတို့အတွက်လုံလောက်ပါပြီ။ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ ဈေးကွက်စီးပွါးရေး ချဲ့ထွင်ရန် အကောင်းဆုံး နောက်ဆုံးလက်ကျန်နိုင်ငံဖြစ်နေတယ်ဆိုတာ မမေ့ရင် မနက်ဖြန်မှာ ရွှေမဝယ်ပဲ မြေဝယ်ပြီး wave အသစ်ကိုစောင့်သင့်ပါတယ်လို့ ပြောလိုပါတယ်။
Ref : Zay Thiha
Photo Credit : Tripvisor
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ