အိမ်အသစ်ဆောက်မည့်သူများ အိမ်ခိုက်တာအခုလိုလှေခါးထစ်နဲ့ဆိုင်လားမဆိုင်လားဗဟုသုတအနေဖြင့်ဖတ်ပါ


ကျနော်တို့အိမ်ပြောင်းပြီးမှအိမ်စီးပွားရေးသိသိသာသာကျသွားတယ်။မိသားစုအိမ်ထောင်ရေးတွေလည်းအဆင်မပြေဖြစ်နေတယ်မှန်မမှန်ပြောပြပေးပါနော်အိမ်ဆောက်တေါ့မည်ဆိုလျှင်လှေခါးဘယ်နှစ်ထစ်လုပ်မလဲအိမ်တွေအဆောက်အဦးတွေအမျိုးမျိုးဆောက်လုပ်ကြတယ်။


အိမ်ဆောက်တဲ့အခါအိမ်သာဖို့နဲ့အိမ်မခိုက်ရအောင် လောကီမင်္ဂလာအရသတိပြုဆင်ခြင်စရာဆောင်ရန်ရှောင်ရန်တွေအတော်အများများရှိတဲ့အထဲကလှေခါးနဲ့ပတ်သက်ပြီးမှတ်သားရမိသလောက်တင်ပြပါရစေ။


တိုက်အိမ်တွေ သစ်သားအိမ်တွေ ဝါးအိမ်တွေ အမျိုးမျိုးပေါ့ ဘယ်လိုအမျိုးအစားဘဲဆောက်ဆောက် တစ်ထပ် နှစ်ထပ်ကအစအထပ်မြင့်တွေဆောက်လဲလှေခါးကတော့လုပ်ရတာပါဘဲ လှေခါးသုံးမျိုးရှိတယ်။


အဲဒါတွေက ဒီလိုဗျာ့(၁)လာဘလှေခါးထစ် (၂)သုခလှေခါးထစ် (၃)မရဏလှေခါးထစ်ဆိုပြီးရှိပါတယ်။လှေခါးအထစ်အရေအတွက်ပေါ်မူတည်ပြီးအကျိုးပြုတာရှိသလိုအကျိုးမဲ့စေတဲ့လှေခါးရှိတယ်။





ဒီလိုဗျာ့ ၁ထစ် ၄ထစ် ၇ထစ် ၁၀ထစ် ၁၃ထစ်လိုအရေအတွက်ရှိတဲ့လှေခါးမျိုးကို လာဘလှေခါးထစ်လို့ခေါ်ပြီး အိမ်ထောင်မိသားစုအတွက် လာဘ်လာဘရွှင်စေတဲ့အကျိုးကိုခံစားရသတဲ့။


၂ထစ် ၅ထစ် ၈ထစ် ၁၁ထစ် ၁၄ထစ်လိုအရေအတွက်ရှိတဲ့ လှေခါးကိုတော့ သုခလှေခါးထစ်လို့ခေါ်ပြီး အိမ်ထောင်မိသားစုအတွက် စိတ်ချမ်းမြေ့ခြင်းအကျိုးကို ခံစားရပါသတဲ့။


၃ထစ် ၆ထစ် ၉ထစ် ၁၂ထစ် ၁၅ထစ်လိုအရေအတွက်ရှိတဲ့ လှေခါးကိုမရဏလှေခါးထစ်လို့ခေါ်ပြီး အိမ်ထောင်မိသားစုအတွက် ဘေးအန္တရာယ်ကြုံခြင်း အိမ်ခိုက်ခြင်းစတဲ့ မကောင်းတဲ့အကျိုးကိုခံစားရတတ်ပါတယ်လိ့ုဆိုတယ်။





အလွယ်မှတ်လို့ကောင်းတာကတော့ လှေခါး၃မျိုးကို အစဉ်လိုက်၁၊၂၊၃မှတ်ပြီး ၁ကို၃ဂဏန်းကိုအစဉ်လိုက်လိုက်ပေါင်းသွားရတဲ့ ပေါင်းလဒ်တွေဟာ လာဘလှေခါးထစ်တွေဘဲ အလားတူ၂ကသုခလှေခါးထစ် ၃ဂဏန်းတွေပေါင်းရတဲ့ပေါင်းလဒ်တွေဟာ သုခလှေခါးထစ် ဒီလိုဘဲ ၃ကမရဏလှေခါးထစ်၃ဂဏန်းတွေပေါင်းရတဲ့ပေါင်းလဒ်တွေဟာ မရဏလှေခါးထစ်တွေပါဘဲလို့ တင်ပြရင် မိတ်ဆွေတို့အဆောက်အဦးဆောက်ရင် စဉ်းစားချင့်ချိန်ရွေးချယ်နိုင်ကြပါစေလို့။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အိုးပိုင် အိမ်ပိုင်နှင့် ဖြစ်လာအောင် ယတြာ


ဘုမ္မိအရပ်ဆို ဝေးဝေးရှောင် ဧကန်မုချ အကျိုးအောင်


အိမ်တစ်အိမ်မှာ စီးပွားဥစ္စာ မတက်ရခြင်းနောက်ကွယ်


နေအိမ် မျက်နှာမူရာအရပ်ဒေသကို လိုက်၍ ကံဇာတာအနိမ့်အမြင့် ခြားနားပုံ


Credit : Eainshinma
Posted By : Sint Sint (ShweProperty.com)