By Myanmar Builders Guide, Shweproperty.com
Updated at 23 May 2017
ရန်ကုန်တိုင်းဒေသကြီးအတွင်းအိမ်ရာစီမံကိန်းများဖော်ဆောင်ရန် မြေနေရာလိုအပ်ချက်ရှိမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းများညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့်ချိတ်ဆက်ပြီး နှစ်ရှည်အရစ်ကျချေးငွေစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာများဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးထားကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့်မူလ ကရန်ကုန်မြို့အတွက် လိုအပ်နေသော အိမ်ရာစီမံကိန်းများ လုပ်ဆောင်ရန် မြေနေရာဆောင် ရွက်ပေးထားသော်လည်း လက်ရှိကာလ လယ်ယာမြေ နစ်နာမှုများပေါ်မူတည်ပြီး မူလလက်ငုတ် လယ်ယာလုပ်ကိုင် သူများကကန့် ကွက်မှုများကြောင့်မြေနေရာတစ်စိတ်တစ်ပိုင်းအနေဖြင့်အခက်အခဲရှိကြောင်းသိရသည်။
ယင်းအတွက်သက်ဆိုင်ရာတာဝန်ရှိသူများညှိနှိုင်းဆွေးနွေးဆောင်ရွက်မည်ဆိုပါကအခက်အခဲများပြေလည်စေမည်ဖြစ်ကြောင်းသိရသည်။
ဝင်ငွေနည်းပြည်သူများအတွက် နှစ်ရှည်အိမ်ရာချေးငွေစနစ်ဖြင့် ငွေကျပ်သိန်း ၁၀၀ ဝန်းကျင်ရှိ တန်ဖိုးနည်းတိုက်ခန်းဝယ်ယူခွင့်ရသူများတိုက်ခန်းတန်ဖိုးငွေပြန်ဆပ်ကာလကိုယခင်ရှစ်နှစ်အထိထားပေးထား သော်လည်းလက်ရှိတွင် ၁၀ နှစ်အထိတိုးမြှင့်ထားကြောင်းသိရသည်။
ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင်အိမ်ရာစုဆောင်းငွေစာရင်းဖွင့်လှစ်၍ တိုက်ခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်းပြည့်မီစုဆောင်းထားသူများစာရင်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီၤးဌာနသို့ အပတ်စဉ်ပေးပို့ပြီးတိုက်ခန်းများရောင်းချသည့်အခါ ဆောက်လုပ်ရေးဝန်ကြီးဌာနကချမှတ်ထားသည့် မူဝါဒအတိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စိစစ်ရောင်းချပေးကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ