By 7daydaily, Shweproperty.com
Updated at 13 February 2017
မီးသင့်မင်္ဂလာဈေးသစ် ပြန်လည်တည်ဆောက်ရေး တင် ဒါကို ယခုလအတွင်း ခေါ်ယူမည် ဟု ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ (YCDC) မှ သတင်းရရှိသည်။
ရန်ကုန်မြို့တော် စည်ပင် သည် အသစ်တည်ဆောက်မည့် ဒီဇိုင်း တင်ဒါကို ဇန်နဝါရီက ခေါ် ယူထားပြီး တင်ပြလာသည့်တင်ဒါ များကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ ဗိသုကာ အသင်းခန်းမ ၌ ရွေးချယ်မည်ဟု အင်ဂျင်နီယာ နှင့် အဆောက်အအုံဌာနမှ ဌာန မှူးက ပြောသည်။
ဗိသုကာဒီဇိုင်းပိုင်း ရွေးချယ် မှုများ ပြီးစီးပါက ဆောက်လုပ် ရေး လုပ်ငန်းများ စတင်နိုင်ရန် တည်ဆောက်ရေး တင်ဒါကိုပါ တစ်ဆက်တည်း ခေါ်ယူမည်ဟု YCDC တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။
မင်္ဂလာဈေး ဈေးအသစ် အလျင်အမြန် တည်ဆောက်ရန် ဈေးသူ၊ ဈေးသားများက ဆန္ဒ ထုတ်ဖော်ခြင်း၊ သတင်းစာရှင်း လင်းပွဲများပြုလုပ်ခြင်းဖြင့် တောင်းဆိုခဲ့သည်။
မီးသင့် မင်္ဂလာဈေးကို ဖြို ဖျက်ရန် ၂၀၁၆ အောက်တိုဘာက တင်ဒါခေါ်ယူခဲ့ပြီး နှစ်လအတွင်း အပြီးဖြိုဖျက်ပြီးဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီတို့ သည် ဖြိုဖျက်ခြင်း လုပ်ငန်းစဉ် ပြီးစီးချိန်တွင် ဈေးသစ်ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ် များ စတင်နိုင်ရန် ဒီဇိုင်းပုံစံရွေး ချယ်ခြင်း၊ ဆောက်လုပ်ရေးတင် ဒါခေါ်ယူခြင်း စသည့်လုပ်ငန်းစဉ် များ ကြိုတင်လုပ်ဆောင်သင့်ပြီး ဈေးသည်များ ဈေးပေါ်ပြန်တက် နိုင်မည့်အချိန်ကို ထုတ်ဖော်ကြေ ညာသင့်ကြောင်း မီးသင့် မင်္ဂလာ ဈေးသူ၊ ဈေးသားများက ဆို သည်။ မင်္ဂလာဈေးကို ၁၉၉၈ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ၌ ပထမအကြိမ်၊၂၀၁၆ ဇန်နဝါရီ ၉ ရက်တွင် ဒုတိယအကြိမ် မီး လောင်ကျွမ်းခဲ့သည်။ ဒုတိယအ ကြိမ် မီးလောင်ကျွမ်းမှုတွင် တတိ ယထပ်မှ ခေါင်မိုးထပ်အထိ ဆိုင် ခန်းပေါင်း ၁,၆၃၆ ခန်း ဆုံးရှုံးခဲ့ သည်။
မင်္ဂလာဈေး မီးလောင်မှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့တွင် သက်ဆိုင်ရာ မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းအသီးသီး မေးမြန်းပြီးမီးဘေးသင့် မင်္ဂလာဈေးအသစ် တည်ဆောက်မည့် လုပ်ငန်းကို အမြန်ဆုံးအကောင် အထည်ဖော် မည်ဟု လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၂၀၁၆ မေလ၌ လွှတ်တော်သို့ ဖြေကြားထား သည်။
Ref & Photo Credit : 7daydaily
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ