By mizzima, Shweproperty.com
Updated at 30 December 2014
ရန်ကုန်တိုင်းအတွင်းရှိ အစိုးရပိုင်မြေ ခြောက်နေရာတွင် အဆင့်မြင့်အဆောက်အအုံ တည်ဆောင်ရေး လုပ်ငန်း စီမံကန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသည့် ရန်ကုန်တိုင်းရှိ မြေနေရာများတွင် အဆင့်မြင့် အဆောက်အအုံများ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒီဇင်ဘာ ၂၇ ရက်တွင် တင်ဒါ စတင်ခေါ်ယူထားသည်။ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ၄၁ လမ်းရှိ မြေကွက်လွတ် (၁၀၀'×၄၀') ၊ ၄၂ လမ်းရှိ မြေကွက်လွတ် (၅၀'x၆၀')၊ သင်္ဃန်းကျွန်း မြို့နယ်၊ လေးထောင့်ကန်လမ်းရှိ နှစ်ခန်းတွဲ တစ်ထပ်တိုင်ဟောင်းသုံးလုံး တည်ရှိသည့် မြေကွက် (၂၀၀'×၁၀၀') ၀ ဒသမ ၄၅၉ ဧက၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းရှိ မြေကွက်လွတ် နှင့် ဂိုဒေါင်ဟောင်းမြေနေရာ ၅ ဒသမ ၉၆ ဧက တို့တွင် အဆင့်မြင့် အဆောက်အအုံများ ဆောက်လုပ်သွားမည် ဖြစ်သည်။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းအတွင်း ဧရာဝဏ်လမ်းနှင့် ရွှေလီလမ်း အကြားနေရာ၊ ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းအတွင်း ရတနာလမ်းနှင့် ချင်းတွင်းလမ်းအကြားရှိ မြေနေရာများတွင် လူနေအိမ်ရာအဆောက်အအုံ၊ စီးပွားရေးအဆောက်အအုံ (သို့မဟုတ်) အခြားသင့်တော်သည့် ရင်းနှီးမြှုပ်နှံလိုသည့် စီမံကိန်းများပါဝင်သည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် မြေနေရာ ခြောက်နေရာတွင် ဆောင်ရွက်သွားမည့် အဆောက်အအုံစီမံကိန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များသည် ဒီဇင်ဘာ ၂၉ ရက်တွင် တင်ဒါပုံစံနှင့် စည်းကမ်းများကို စတင်ထုတ်ယူနိုင်ပြီး ၂၀၁၅ ဖေဖော်ဝါရီ ၁၃ ရက်တွင် တင်ဒါနောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသည် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများအနက် အကြီးဆုံးစီမံကိန်း တစ်ခုဖြစ်သည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာအဆင့်မြင့်အိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိပြီး တန်ဖိုးမျှတအိမ်ရာများဖြစ်သည့် ရွှေလင်ပန်း၊ ကျန်စစ်မင်းအိမ်ရာများကိုလည်း အကောင်အထည်ဖော်နေသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ