By Shwesathtagan, Shweproperty.com
Updated at 15 September 2014
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ရန်ကုန်မြို့တော်အတွင်းဈေးသစ် ၁၀ ဈေးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးခုနှစ်အတွင်း ငွေကျပ်သန်း ၁၃၀၀ ကျော်အကုန်အကျခံတည်ဆောက်သွားမည်ဖြစ် ကြောင်းသိရသည်။
ယခုနှစ်အတွင်း တည်ဆောက်မည်ဖြစ်သော ဈေးသစ် ၁၀ ဈေးကို ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ သာကေတမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒေါပုံမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေ ပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်တို့တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ဈေးသစ်များတည်ဆောက်ပြီပါက ဆိုင် ခန်းများကို ပြည်သူများအားရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ” ဈေးသစ် ၁၀ ဈေးကို ယခုနှစ်အတွင်း တည်ဆောက်သွားမှာပါ။
ဒီဈေးတွေတည်ဆောက်ပြီးရင် ရန်ကုန်မြို့မှာ ဈေးစုစုပေါင်း ၁၂၀ အထိရှိလာမှာဖြစ်ပါ တယ်။ ဈေးသစ်တွေကိုတည်ဆောက်ပြီးရင် ပြည်သူတွေကို ရောင်းချမှာဖြစ်ပါတယ်။ ကြံ့ခိုင်မှုအားနည်းနေတဲ့ဈေး တွေကို အကြီးစားပြင်ဆင်သွားမှာပါ” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဈေးများဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။
Ref : Shwesathtagan
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ