By 7daydaily, Shweproperty.com
Updated at 29 September 2015
ရန်ကုန်မြို့သစ်စီမံကိန်း တင်ဒါ နောက်ဆုံးအဆင့်တွင် ကျန်ရှိခဲ့သည့် ကုမ္ပဏီ သုံးခုကို ဆက်လက်ရွေးချယ်ရန် အချိန်ပေးစစ်ဆေးရမည်ဖြစ်၍ နောက်ဆုံး ရွေးချယ်မည့်အချိန်ကို အတိအ ကျမပြောနိုင်သေးကြောင်း ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦး ကျော်စိုးက ပြောသည်။
ယခုအစိုးရလက်ထက်တွင် အပြီးသတ်ရွေးချယ်ပေးနိုင်ရန် စီ စဉ်ထားခြင်းရှိ၊ မရှိကိုလည်း တိ ကျစွာ ဖြေကြားပေးနိုင်ခြင်းမရှိ ပေ။
မြို့သစ်စီမံကိန်းတင်ဒါနှင့် ပတ်သက်ပြီး စောင့်ကြည့်နေသူ များ၊ မြို့ပြပညာရှင်များနှင့် တင် ဒါဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပ ဏီအများစုကမူ ရန်ကုန်မြို့သစ် စီမံကိန်းတင်ဒါကို ယခုအစိုးရ လက်ထက်တွင် ရွေးချယ်ပေးနိုင် မည်မဟုတ်ဘဲ အစိုးရသစ်လက် ထက်ရောက်မှသာ ရွေးချယ်နိုင် ဖွယ်ရှိသည်ဟု ထင်ကြေးပေးခန့် မှန်းပြောကြားနေကြသည်။
ရင်းနှီးမြှုပ်နှံမှုကြီးမားပြီး အ ချိန်ပေးတည်ဆောက်ရမည့် မြို့ သစ်စီမံကိန်းအတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့က အချိန်ပေးစိ စစ်ခြင်းသာဖြစ်ပြီး အများပြည်သူ အား ပွင့်လင်းမြင်သာမှုရှိစေရန် အဓိကလုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ဆိုထားသည်။
‘‘ဒီလောက်သက်တမ်းတိုတိုလေး ကျန်တော့တဲ့ ဒီစီမံကိန်းကို ဘာကြောင့် အလောတကြီး လုပ်ချင်နေသလဲဆိုတာ သံသယဖြစ်စရာပဲ’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်းအ တွက် စုစုပေါင်း ကုမ္ပဏီ ၂၀ လာ ရောက်လျှောက်ထားသော်လည်း တင်ဒါဖွင့်ဖောက်စစ်ဆေးသည့် စက်တင်ဘာ ၂၂ ရက်တွင် ကုမ္ပ ဏီသုံးခုသာ လာရောက်သဖြင့် နောက်ဆုံးအဆင့်၌ ကုမ္ပဏီ သုံးခုသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။
နောက်ဆုံးကျန်ရှိသည့် ကုမ္ပ ဏီသုံးခုမှာ ရန်ကုန်အနောက် တောင်ဒေသဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီ၊ Busi-ness Capital City Develop-ment Ltd နှင့် ရွှေပုပ္ပားအပြည် ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီတို့ဖြစ်သည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၁၄ သြဂုတ်တွင် ရန်ကုန်မြို့ တော်ဝန် ဦးလှမြင့်က စတင်ကြေ ညာခဲ့ပြီး ထိုစဉ်က စီမံကိန်းတည် ဆောက်ရန် မြန်မာ့စေတနာမြို့ သစ်အများပိုင်လီမိတက်ကို ရွေးချယ်ခဲ့သော်လည်း ပွင့်လင်းမြင် သာမှုမရှိဟု ဝေဖန်မှုများရှိခဲ့၍ စီ မံကိန်း ရပ်တန့်ထားခဲ့သည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြို့ အနောက်ဘက်ပန်း လှိုင်မြစ်နှင့် တွံတေးတူးမြောင်း ကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေး ကားလမ်းကြားတွင် တည်ထောင်မည်ဖြစ်ပြီး ပြီးခဲ့ သည့် ဇွန်လ ၁၅ ရက်က ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်၌ စီမံ ကိန်းကို အတည်ပြုခဲ့ခြင်းဖြစ် သည်။
ယခုစီမံကိန်းအပြင် ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ်၊ ရန် ကုန် အရှေ့မြောက်ပိုင်းမြို့သစ်၊ မှော်ဘီ၊ သန်လျင်၊ ဒလ၊ ထန်းတ ပင်နှင့် လှည်းကူးမြို့နယ်တို့တွင် မြို့သစ် စီမံကိန်းများ တည် ဆောက်ရန် မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာ စီမံကိန်း (၂၀၄၀) ကို လွှတ်တော်၌ အတည်ပြုခဲ့ပြီးဖြစ်သည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ