By Yangon Media Group, Shweproperty.com
Updated at 2 November 2016
ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမှ ဟံသာဝတီ လေဆိပ်(ပဲခူး)အထိ ဖောက်လုပ်ရန်လျာထားသော အထပ်မြင့်အမြန်လမ်းမကြီးအား အမေရိကန်ဒေါ်လာ သန်း ၆၂ဝ ခန့် ကုန်ကျခံတည်ဆောက် မည်ဖြစ်ကြောင်း ဆောက် လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ စီမံကိန်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်း ရေကျော်လမ်းဆုံအလွန်မှ မင်္ဂလာဒုံ ဥယျာဉ် စက်မှုမြို့အထိ ၂ဝ ဒသမ ၅ ကီလိုမီတာ အရှည်ရှိသော လေးလမ်းသွားတံတား ပထမအဆင့်အဖြစ် တည်ဆောက်ပြီး ဒုတိယ အဆင့်အဖြစ် အပြည်ပြည်ဆိုင်ရာ ဟံသာဝတီ လေဆိပ်(ပဲခူး)အထိ ဆက်သွယ်ဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။ ယင်းစီမံကိန်း တည်ဆောက်ရေး ကာလကို ငါးနှစ်အဆိုပြု တင်ပြထားသော်လည်း ခွင့်ပြုချက်ရရှိပါက စီမံကိန်းလုပ်ငန်းခွင် အပိုင်းသုံးပိုင်းအား တစ်ပြိုင်တည်း တည်ဆောက်သွားမည်ဖြစ်သည်။ အထပ်မြင့်အမြန်လမ်းမကြီး စီမံကိန်းသည် နိုင်ငံတော် အစိုးရနှင့် ကိုရီးယားနိုင်ငံ ပုဂ္ဂလိက ကုမ္ပဏီကြီး များ၊ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီများ အကျိုးတူ ပူးပေါင်းသည့် Public Private Partnership (PPP) စနစ်ဖြင့် ပူးတွဲ ဆောင်ရွက်မည့် အစီအစဉ်ဖြစ်သည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ