By 7 Day Daily, Shweproperty.com
Updated at 20 October 2017
သီတင်းကျွတ်နောက် ပိုင်း ပွင့်လင်းရာသီတွင် ရန်ကုန် အိမ်ခြံမြေဈေးကွက်၌ မူလတန်ဖိုး ထက် ဈေးလျှော့ရောင်းသည့်ခြံ မြေ အနည်းငယ်သာ အရောင်းအ ဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေအ ကျိုးဆောင်အချို့က ပြောသည်။
ရန်ကုန်အိမ်ခြံမြေဈေးကွက် သည် အရောင်းအဝယ်အေးနေ သော်လည်း ပြီးခဲ့သည့် ၂ နှစ်ခန့် က ပေါက်ဈေးများထက် ၄၀ ရာ ခိုင်နှုန်းကျော် ဈေးလျှော့ရောင်း သည့်ခြံမြေအချို့ အရောင်းအ ဝယ်အနည်းငယ်ဖြစ်ကြောင်း ၎င်း တို့က ပြောသည်။
‘‘အောက်ဈေးတွေနဲ့ အ ရောင်းအဝယ် တချို့တော့ ဖြစ် တယ်’’ဟု စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ ဦးစိုင်းခွန် နောင်က ပြောသည်။
၂၀၁၇ နှစ်ဆန်းပိုင်းမှ ရန် ကုန်အိမ်ခြံမြေ အရောင်းအဝယ် များ ပြန်လည် ကောင်းလာနိုင် ကြောင်း အကျိုးဆောင်အချို့က ခန့်မှန်းသော်လည်း လက်ရှိတွင် အရောင်းအဝယ်အေးပြီး ဈေးနှုန်းများ ထပ်မံကျနေကြောင်း ဆို သည်။ မြို့တွင်းလမ်းမတန်းများ၌ တစ်ပေပတ်လည်ဈေးနှုန်း ကျပ်လေးသိန်းမှ သုံးသိန်းခန့်အထိ ကျဆင်းပြီး ဒဂုံဆိပ်ကမ်းကဲ့သို့ သော မြို့ပြင်ရှိ ပါမစ်မြေကွက် များသည် ကျပ်သိန်း ၃၀၀ မှ သိန်း ၁၅၀ ခန့် ဈေးကျကြောင်း အကျိုးဆောင်အချို့က ဆိုသည်။
‘‘စီးပွားရေးမကောင်းတော့ လူတွေက ငွေမသုံးကြဘူး။ အကျိုး ဆောင်တွေလည်း အတော်အခက်အခဲဖြစ်တယ်’’ဟု မဏ္ဍိုင်အိမ် ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန် နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောသည်။ အိမ်ခြံမြေဈေးကျသော် လည်း အစိုးရ၏အသစ်ပြဋ္ဌာန်း သည့် တစ်ပေပတ်လည် စံနှုန်း သည် သတ်မှတ်ချက် ယခင်တစ်ကြိမ်ထက် ၁၀ ရာခိုင်နှုန်းအောက် သာ လျှော့ချသဖြင့် အရောင်းအ ဝယ် ပိုအေးစေကြောင်း အကျိုး ဆောင်များက ပြောသည်။
ရန်ကုန်အိမ်ခြံမြေ စံနှုန်း သတ်မှတ်ချက်ကို သုံးနှစ်ခန့်ကြာ ပြန်လည် ထုတ်ပြန်လေ့ရှိသည်။ ပြီးခဲ့သည့် အစိုးရ လက်ထက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်ခဲ့သော စံနှုန်းသတ်မှတ် ချက်သည် ရန်ကုန်မြို့တွင်း ပန်းဘဲ တန်း၊ လသာတို့တွင် တစ်ပေပတ် လည် ကျပ်သုံးသိန်းသတ်မှတ်ပြီး ယခုဘဏ္ဍာနှစ်အတွက် ထုတ်ပြန် သည့် ယင်းမြို့နယ်များမှ မြေ တစ်ပေပတ်လည်နှုန်းထားသည် ကျပ်နှစ်သိန်းခုနစ်သောင်း ဖြစ် သည်။
အိမ်ခြံမြေအရောင်းအဝယ် အေးနေသော်လည်း အိမ်ငှားဈေး ကွက်က မြို့တွင်း အချက်အချာကျသည့် နေရာတွင် ပုံမှန်ဈေးများဖြင့် ငှားရမ်းနေပြီး ကျန်နေရာ များတွင် ငှားရမ်းမှုနှုန်း အနည်း ငယ် ကျဆင်းလာကြောင်း အကျိုး ဆောင်အချို့က ပြောသည်။
Ref & Photo Credit : 7 Day Daily
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ