By Pyae Phyo & Le' Moe, Shweproperty.com
Updated at 20 September 2015
အခုလက်ရှိ တန်ဖိုးနည်းအိမ်ရာတွေ အကောင်အထည်ဖော် ဆောင်ရွက်နေပေမယ့် အိမ်ခန်းတစ်ခန်းရဲ့ တန်ဖိုးက ကျပ်သိန်း (၁၀၀) ထက်မနည်းတဲ့ ပမာဏရှိနေတာကြောင့် ပုံမှန်ဝင်ငွေရှိတဲ့ လူလတ်တန်းစားတွေပါ မဝယ်နိုင်တဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ငွေကြေးနည်းနည်းနဲ့ အခြေခံလူတန်းစားတွေ ဝယ်ယူနိုင်မယ့် အိမ်အမျိုးအစားတွေ အကောင်အထည်ဖော်နိုင်ဖို့ အတွက်လည်း အရေအတွက် များများနဲ့ မြေနေရာကျယ်ကျယ် လိုအပ်ပါတယ်။
“အခု မြို့သစ်စီမံကိန်းက မြေဧကကျယ်တော့ တန်ဖိုးနည်းပြီး လူနေထိုင်ရန် သင့်တင့်တဲ့ ကျပ် (၄၅) သိန်းတန်လို တိုက်တွေ ဆောက်လုပ်ရင် လူတိုင်နီးပါး ဝယ်နိုင်မှာ”လို့ တော်ဝင်မိသားစု ဆောက်လုပ်ရေး ဥက္ကဌ ဦးကိုကိုထွေးက ပြောပါတယ်။
တန်ဖိုးနည်းအိမ်ရာများများ အကောင်အထည်ဖော်ဖို့ လိုအပ်ပေမဲ့ တင်ဒါခေါ်ယူထားတဲ့ နေရာတွေကို လာရောက်လျှောက်ထားတဲ့သူ အများစုမှာ စီမံကိန်းအပိုင်းလိုက်တွေထက် တစ်ခုလုံးကို တစ်ဦးတည်းက လာရောက်လျှောက်ထားတာတွေ ရှိနေပါတယ်။ အိမ်ရာစီမံကိန်းတစ်ခု ဆောက်လုပ်အကောင်အထည်ဖော်ဖို့ အနည်းဆုံး (၅) နှစ်ဝန်းကျင်လောက် ကြာနိုင်ပြီး Developer တစ်ဦးတည်း ဆောက်လုပ်ခွင့်ရရှိရင်တော့ သက်မှတ်နှစ်ထက် ပိုမိုကြာမြင့်နိုင်တယ်လို့ သိရှိရပါတယ်။
“အိမ်ခန်းဆောက်လုပ်တဲ့ နေရာမှာ သာမန်ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက တစ်ပြိုင်တည်း တိုက်အလုံးကို ဆောက်လုပ်ဖို့ ခက်ခဲမယ်၊ တကယ်ဆိုရင် စီမံကိန်းတင်ဒါခေါ်ကတည်းက အပိုင်းလိုက်ဖြတ်ပြီး လုပ်ခွင့်ပေးသင့်တယ်”လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက သူ့အမြင်ကိုပြောပါတယ်။
မြို့ပြစီမံကိန်းမှာလည်း လက်ရှိဝန်ကြီးဌာနတွေက တင်ဒါတွေ ဆောက်လုပ်အကောင်အထည် ဖော်သလို စီမံကိန်းတွေကို အပိုင်းလိုက် တာဝန်ယူဆောက်လုပ်တာတွေ ပြုလုပ်သင့်ပါတယ်။ဆောက်လုပ်မယ့် စီမံကိန်းတွေကို သက်ဆိုင်ရာ ဆောက်လုပ်ရေးတွေက ကိုယ့်အပိုင်းအလိုက် တာဝန်ယူ ဆောက်လုပ်ပါက သတ်မှတ်ပေးထားတဲ့ နှစ်အတိုင်း ပြီးစီးဖို့ သေချာတယ်လို့ သိရပါတယ်။
်စီမံကိန်းနဲ့ ပတ်သက်ပြီး တင်ဒါခေါ်ထားတဲ့ ဆောက်လုပ်ရေးတွေထဲက ဘယ်ကုမ္ပဏီကို ဘယ်လို လုပ်ဆောင်ခွင့်ပေးမယ်ဆိုတာ မသေချာသေးပေမယ့် ကုမ္ပဏီတစ်ခုတည်းကို လုပ်ပိုင်ခွင့် အားလုံလွှဲပေးပြီး လုပ်ခိုင်းမှာကိုတော့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုက ပြောပါသည်။
Credit : The Modern ဂျာနယ်ပါ ဆောင်းပါးကို Shweproperty.com မှ ကောက်နှုတ် ရေးသား ဖော်ပြခြင်းဖြစ်သည်။
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ