By Myanmar Times, Shweproperty.com
Updated at 19 November 2015
မန္တလေးမြို့ရဲ့ မြို့သစ်ဧရိယာအတွင်းရှိ 'စ' နဲ့ 'ဆ' ရပ်ကွက်တွေရဲ့ အိမ်ခြံမြေဈေးကွက် အနေအထားဟာ လာမယ့်ကာလတွေမှာ စိတ်ဝင်စားသူ ပိုများပြားလာနိုင်ဖွယ် ရှိကြောင်း မြို့သစ်က အိမ်ခြံမြေအကျိုး ဆောင်အများစုက သုံးသပ်ကြပါတယ်။ အိမ်ခြံမြေဈေးကွက်ဟာ မန္တလေးမြို့ တင် မကဘဲ တခြားအလုပ်လုပ်လို့ကောင်းတဲ့ မြို့ကြီးတွေအားလုံး အရောင်းအဝယ်မကောင်းဘဲဖြစ်နေခဲ့တာ ပျမ်းမျှအားဖြင့် အချိန် နှစ်နှစ်တာကာလကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ထူးခြားတဲ့ အခြေအနေမျိုး မရှိသေးပေမယ့် နိုင်ငံရေးအပြောင်းအလဲကြောင့် လာမယ့် ကာလတွေမှာ အိမ်ခြံမြေဈေးကွက်ဟာ အမြင့်ဘက်ကို ပြန်လည် ဦးမော့လာနိုင်ကြောင်း အိမ်ခြံမြေလောကမှာ ကျင်လည်နေသူအများစုက မျှော်လင့်နေကြပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ် ပြန်သွက် လာခဲ့ရင် မန္တလေးမြို့အနေနဲ့ မြို့သစ်ဧရိယာဟာ အလုပ်လုပ်လို့ ကောင်းမွန်တဲ့ နေရာတွေ ဖြစ်လာနိုင် ပါတယ်။ ဒီမြို့သစ် ဧရိယာဟာ ဈေးနှုန်းတန်းအရလည်း အလယ်အလတ်တန်းစားမှာရှိပြီး အိမ်မြေ ဈေးကွက်မှာ အဓိကထားပြီး စဉ်းစားကြရတဲ့ ရှေ့အလားအလာအရ လည်း အားသာချက် တွေ ရှိနေတာကြောင့် အရှုံးမရှိနိုင်တဲ့ ရင်းနှီး မြှုပ်နှံမှု ဖြစ်နိုင်တယ်လို့လည်း အတွေ့ အကြုံ ရင့်ကျက်တဲ့ အကျိုးဆောင်တချို့က ဆို ပါတယ်။ ဒီလို မြို့သစ်ဧရိယာထဲမှာ 'စ' နဲ့ 'ဆ' ရပ်ကွက်ကြီးထဲက အိမ်ခြံမြေတွေ လည်း ပါဝင်နေပါတယ်။
မြို့သစ်ဧရိယာထဲက အိမ်ခြံမြေတွေရဲ့ ဈေးနှုန်းတန်းအရ ကြည့် ရင် 'စ' နဲ့ 'ဆ' ရပ်ကွက်က ဈေးနှုန်းတွေ ဟာ ဒုတိယတန်းစားထဲမှာ လိုက်နေတယ် လို့ ဆိုနိုင် ပါတယ်။ ဒီအနေအထားမှာ ဝယ်ယူချင်တဲ့ လူလတ်တန်းစားနဲ့ ငွေကြေးတတ်နိုင် တဲ့ သူတွေအနေနဲ့ စဉ်းစားသင့်တဲ့ ဧရိယာတွေဖြစ်ကြောင်းလည်း ဈေးကွက် သတင်းတွေအရ သိရပါတယ်။ 'စ'နဲ့ 'ဆ' ရပ်ကွက်ဟာ မြို့သစ်ဧရိယာထဲမှာ မြို့သစ်နဲ့ မြို့တွင်းကို ဆက်သွယ်ပေး တဲ့ အဓိကလမ်းဖြစ်တဲ့ သိပ္ပံလမ်းမနဲ့ အနီး ဆုံး ဧရိယာထဲမှာ ပါဝင်ပါတယ်။ ချမ်းမြသာ စည် မြို့နယ်ထဲမှာ ပါဝင်တဲ့ ဒီရပ် ကွက်ကြီး နှစ်ခုရဲ့ အတွင်းပိုင်းလမ်းတွေဟာ ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း အများကြီး ကောင်းမွန်လာခဲ့ပါတယ်။ အရင်က မိုးရာသီ ထူးထူးခြားခြား မိုးများတဲ့ ကာလ မျိုးမှာ ရေဝင်တာ ရှိခဲ့ပေမယ့် အခုအခါမှာ အဲဒီဒုက္ခတွေကနေ ကင်းဝေးခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိဈေးနှုန်းတန်းအနေနဲ့ ပုံမှန် ပေ ၄၀၊ ပေ ၆၀ အကျယ်ဆိုရင် နေရာအနေ အထားကို လိုက်ပြီး ပျမ်းမျှ ကျပ်သိန်း ၃,၀၀၀ ပတ်ချာလည်ပေါက်ဈေး ရှိနေကြောင်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။ အဓိကကျတဲ့ မိန်းလမ်းတစ်လမ်း လမ်းပေါ် ကို တင်ရင်တော့ ဈေးနှုန်းဟာအဲဒီထက် နှစ်ဆလောက် ဈေးခေါ်နိုင် ဖွယ်ရှိပါတယ်။
ဈေးနီး၊ ကျောင်းနီး၊ ဆေးရုံဆေးခန်းတွေနီးတာ၊ အကောင်အထည်ဖော်နေဆဲ မြို့ပြဆိုင်ရာစီမံကိန်းတွေ နီးနီးကပ်ကပ် ရှိနေတာဟာ ဒီရပ်ကွက်တွေရဲ့ အားသာချက် ဖြစ်နေပြီး လူနေထိုင်မှု သန့်တာကလည်း မျက်စိကျစရာ ကောင်းနေ ပါတယ်။ မြို့သစ် မှာ အခြေချနေထိုင်ဖို့ စဉ်းစားနေပြီဆိုရင်၊ ဈေးနှုန်းလည်း လိုက်နိုင်ခြေရှိရင် ဒီရပ်ကွက် နှစ်ခုဟာ မမှားနိုင်တဲ့ ရွေးချယ်မှု ဖြစ်နိုင်ပြီး ရှေ့အလားအလာကောင်းတွေ ရှိနေတဲ့အတွက် အမြင့်ကို ဆက်လှမ်းမယ့် အိမ်ခြံမြေ အကွက်အကွင်းတွေ ဖြစ်တယ်လို့ အတွေ့ အကြုံရှိတဲ့ အိမ်မြေ အကျိုးဆောင်တချို့က ပြောပါတယ်။
Ref : Mynmar Times
Photo Credit : Myanmar Times
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ