By 7daydaily, Shweproperty.com
Updated at 22 June 2015
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရန်ကုန်မြို့သစ် စီမံကိန်းကို ပြန်လည် အကောင် အထည်ဖော်ရန် အတည်ပြုခဲ့ပြီး နောက်ပိုင်း စီမံကိန်းဝန်းကျင် နေရာများ၌ မြေဈေးကွက် ပြန်လည်လှုပ်ရှားလာသော်လည်း ဈေးနှုန်းများ အမြင့်ပိုင်း ရောက်ရှိနေမှုကြောင့် အရောင်းအဝယ် မဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၄ သြဂုတ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရန်ကုန်မြို့သစ် စီမံကိန်း လုပ် ဆောင်မည်ဟု ရန်ကုန်မြို့တော် ဝန်က စတင်ပြောကြားခဲ့ရာ ယင်း စီမံကိန်း နေရာများဖြစ်သည့် ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင် တိုနှင့် တွံတေးမြို့နယ်များတွင် မြေဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်ပြီး ဈေးကွက် လှုပ်ရှားခဲ့သော်လည်း တစ်လခန့်အကြာတွင် ကန့်ကွက်မှုများကြောင့် စီမံကိန်းရပ်ဆိုင်းရန် ကြေညာခဲ့ရာ ဈေးကွက်အေးစက်သွားခဲ့သည်။ လက်ရှိတွင် စီမံကိန်းကို ပြန်လည်အတည်ပြု လိုက်သည့်အတွက် ဈေးကွက်ပြန်လည် လှုပ်ရှားလာခြင်းဖြစ်သည်။
‘‘ဈေးကွက်အလှုပ်အယမ်း တွေကတော့ တော်တော်ဖြစ်လာ ပေမယ့် ဈေးတွေက အမြင့်ဈေး တွေ ဖြစ်နေတယ်။ စီမံကိန်းက သေချာသွားတော့ အမြင့်ဈေးတွေ ပဲ ခေါ်နေတဲ့အတွက် အမှန်တ ကယ်အရောင်းအဝယ်တော့ မဖြစ်ပါဘူး။ မြေကွက်တွေအားလုံးက ဝယ်ရောင်းတွေ လက်ထဲရောက် ကုန်တော့ သူတို့က ဈေးတွေမြင့် ကုန်ပြီ။ အနိမ့်ဆုံး လယ်မြေတစ် ဧကကို သိန်းတစ်ထောင်ဖြစ်နေ တယ်’’ဟု ရွှေကံမြေ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးခင် မောင်အေးက ပြောသည်။
စီမံကိန်းနေရာများသို့ မြေ ဝယ်ရောင်းပွဲစား အများအပြား လာရောက်လျက်ရှိနေပြီး လွန်ခဲ့ သည့် တစ်ပတ်ကပင် လာရောက် မှုများပြားနေကြောင်း ကြည့်မြင် တိုင်မြို့နယ် အေးရွာဒေသခံ ဦးလှအေးက ပြောသည်။
‘‘လွှတ်တော်ကပါ ခွင့်ပြု လိုက်တော့ တော်တော်အလှုပ်အ ယမ်းဖြစ်သွားတာပေါ့။ စီမံကိန်းစ တယ်ဆိုတုန်းက တစ်ဧက ငါးသိန်းပဲရှိတဲ့မြေက ကျပ်သိန်း ၇၀ လောက် ပေါက်သွားတယ်။ အခုတော့ အဲဒီထက် ပိုတက်သွားမယ်လို့ ထင်ရတယ်။ အမြင့်တွေပဲ ခေါ်နေတယ်’’ဟု ၎င်းက ပြောသည်။
‘‘ရောင်းချင်တဲ့ သူတွေပဲ ရှိ တယ်။ တချို့က တအားခေါ်ကြ တယ်။ စိုက်ပျိုးမြေတွေဖြစ်တော့ ခိုင်မာမှု ရှိ၊ မရှိပေါ် မူတည်ပြီး ဈေး တွေမြင့်တယ်။ အတက်အကျ ကြမ်းတာတွေ၊ စာရွက်စာတမ်း ခိုင်မာမှု ရှိ၊ မရှိဆိုတဲ့ ကိစ္စတွေ မျိုးစုံဖြစ်နေတော့ အဲဒီမြေတွေကို ဝယ်ရောင်းအကျိုးဆောင် မလုပ် ရဲဘူး’’ ဟု Estate Myanmar Enterprise မှ ဦးဟိန်းမိုးမြင့်လွင်က ပြောကြားသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ