By The Trade Times, Shweproperty.com
Updated at 27 July 2015
မြို့သစ်များ ဖော်ထုတ်ကာ လူနေထိုင်ခြင်းကို ခွင့်ပြုပေးခဲ့သည် မှာ နှစ်ပေါင်း ၂ဝ ကျော်ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း လက်ရှိအချိန်အထိ မြို့သစ်များတွင် နေအိမ်ဆောက်လုပ် ခြင်းမရှိသည့် မြေကွက်လွတ်ပေါင်း တစ်သိန်းနီးပါးခန့်အထိ ရှိနေဆဲဖြစ် ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သတင်းရရှိသည်။
”၁၉၉၃-၁၉၉၄ ခုနှစ်အထိ မြို့ကွက်မှာ မြေရတဲ့ ဝန်ထမ်းတွေကို ဘဏ်တွေကနေ ငွေတွေ ချေးပေးခဲ့ သလို အိမ်ဆောက်ပစ္စည်းတွေကို လည်း ဈေးချိုချိုနဲ့ ရောင်းပေးခဲ့တယ်။ ဒါကြောင့် အိမ်တွေ အများကြီး ဆောက်လုပ်လာနိုင်ခဲ့ပေမယ့် ၁၉၉၄ ခုနှစ် နောက်ပိုင်း ဘဏ်ချေးငွေတွေ လည်း ရပ်ပြီး ဆောက်လုပ်ရေးပစ္စည်း တွေကိုလည်း ရောင်းပေးနိုင်ခြင်း မရှိ တော့ အိမ်ဆောက်ဖို့ ငွေကြေး အခက် အခဲတွေဖြစ်လာပြီး အခုလို နှစ် ၂ဝ ကျော် ကြာလာတဲ့အထိ မြို့သစ်တွေ ထဲမှာ မြေကွက်လပ်တွေ အများအပြား တွေ့လာရတာ ဖြစ်ပါတယ်”ဟု မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မြေနှင့် အိမ်ရာဌာနခွဲမှ ဒုတိယညွှွန်ကြားရေး မှူး ဦးထွန်းမြင့်အောင်က ပြောသည်။
၁၉၉၁ ခုနှစ်မှ စတင်၍ ရန်ကုန် မြို့တော်တွင်းရှိ အစိုးရပိုင် မြေနေရာ များပေါ်တွင် ကျူးကျော်နေထိုင်သူ များ၊ အိမ်ရာလိုအပ်သည့် ဝန်ထမ်း များအတွက် ရန်ကုန်မြို့၏ အနောက် ဘက်နှင့် အရှေ့ဘက်၊ မြောက်ဘက် တွင် မြို့သစ်များကို ဖော်ထုတ်ကာ အများပြည်သူတို့ကို မြေနေရာများ ချထားပေးခဲ့ပြီး အစိုးရဝန်ထမ်းများ အတွက် ပေ ၄ဝ x ၆ဝ အကျယ် မြေ ကွက်များနှင့် ပြည်သူများအတွက် ပေ ၂ဝ x ၆ဝ အကျယ်မြေကွက်များ ဖြင့် အကွက်ရိုက်ကာ နေရာချထား ပေးခဲ့သည်။
ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံ မြို့သစ် တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း မြို့နယ်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ လှိုင်သာယာ၊ ရွှေပြည်သာ အစ ရှိသည့် မြို့ကွက်သစ်များ ဖော်ထုတ် နေရာချထားပေးခဲ့ပြီး မြေကွက်ရရှိ ထားသူများအနေဖြင့် အိမ်ဆောက် လုပ်နေထိုင်နိုင်ရန်အတွက် ငွေကြေး ဆိုင်ရာ အခက်အခဲများ ရှိသဖြင့် နှစ် ၂ဝ ကျော်ကာလအထိ တိုင်အောင် ယခုကဲ့သို့ မြို့ကွက်သစ်များတွင် မြေကွက်လပ်များ အများအပြား ကျန်ရှိနေဆဲ ဖြစ်သည်။
”ပထမအသုတ် မြေကွက် စရတဲ့ သူတွေကျတော့ အိမ်ဆောက်ဖို့ ချေးငွေအပြင် အိမ်ဆောက်ပစ္စည်း တွေပါ ရောင်းပေးပေမယ့် ကျွန်တော် တို့ ဒုတိယ အသုတ်ကျတော့ ငွေပဲ ချေးပြီး ပစ္စည်းကို မရောင်းပေးတော့ ဘူး။ နောက်အသုတ်တွေကျတော့ ငွေလည်း မချေးတော့သလို ပစ္စည်း လည်း မရောင်းတော့ အိမ်ဆောက် ဖို့ ငွေကြေးအခက်အခဲတွေ အများ ကြီးဖြစ်ပြီး ရပ်ကွက်ထဲမှာ မြေကွက် လွတ်တွေ အများကြီး ကျန်ခဲ့တာ”ဟု ဒဂုံံမြို့သစ်အရှေ့ပိုင်း (၉) ရပ်ကွက်၌ နေထိုင်နေသည့် အငြိမ်းစား သမဝါယမ ဝန်ထမ်း ဦးအောင်ထွန်းက ပြောသည်။
နေအိမ်များ ဆောက်လုပ်ရန် အတွက် နိုင်ငံပိုင်ဘဏ်များမှ ငွေများ ကို ထုတ်ချေးခဲ့ရာတွင် ဆောက်လုပ် မည့် အိမ်၏ပုံသဏ္ဌာန်၊အင်ဂျင်နီယာ ၏ တွက်ချက်ကုန်ကျစရိတ်များဖြင့် တင်ပြရခြင်းဖြစ်ပြီး ဘဏ်မှ ချေးငွေ များကို ထုတ်မချေးခင် တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးပြီးမှသာ အရစ်ကျငွေ ထုတ်ချေးပေးခဲ့ခြင်း ဖြစ် သော်လည်း ၁၉၉၄ ခုနှစ် နောက်ပိုင်း မှ စတင်၍ အဆိုပါ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။
မြို့သစ်များအတွင်း မြေကွက် များကို ဝန်ထမ်းများနှင့် အများ ပြည်သူများကို မြေချပါမစ်များဖြင့် ချထားပေးစဉ်ကပင် ယင်းမြေကွက် များပေါ်တွင် တစ်နှစ်အတွင်း အိမ်ရာ ဆောက်လုပ်ပြီး ဖြစ်ရမည်ဟု သတ် မှတ်ထားသော်လည်း မြေကွက် ပိုင်ရှင်များအနေဖြင့် အိမ်ရာဆောက် လုပ်ရန် ငွေကြေးအခက်အခဲများ ရှိနေသည့်အတွက် နိုင်ငံတော်မှ ချေးငွေများနှင့် အိမ်ဆောက်ပစ္စည်း များကို ဈေးနှုန်းချိုချိုသာသာဖြင့် ပြန်လည်ရောင်းချရန် လိုအပ်ကြောင်း မြို့သစ်များအတွင်း မြေကွက် ရရှိ ထားသူများက ပြောသည်။
မြို့သစ်များအတွင်း မြေကွက် များကို နိုင်ငံ့ဝန်ထမ်းများအတွက် ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ်နှင့် စတုတ္ထအသုတ် များခွဲကာ ရပ်ကွက်များအတွင်း မြေကွက်များကို ချထားပေးခဲ့ပြီး အိမ်ဆောက်လုပ် နေထိုင်နိုင်ရန်နှင့် မြို့သစ်များ စည်ပင်ဖွံ့ဖြိုးစေရန် အတွက် နိုင်ငံတော်မှ ဝန်ထမ်းများကို ချေးငွေများ ထုတ်ချေးပေးခဲ့သည့် အပြင် အိမ်ဆောက်ပစ္စည်းများကို လည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ ပေးခဲ့သည့်အတွက် မြို့သစ်များတွင် အိမ်ရာဆောက်လုပ်နေထိုင်သူများ များပြားခဲ့ခြင်း ဖြစ်သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ