By Myanmar Builders Guide, Shweproperty.com
Updated at 29 July 2019
NYDC ကုမ္ပဏီက ဇူလိုင် ၂၄ ရက်တွင် ရန်ကုန်မြို့သစ်တည်ဆောက်ရန် မဟာဗျူဟာစီမံကိန်းပုံစံ (Master Plan) ကို ပထမဆုံး ထုတ်ပြန်လိုက်ကြောင်းသိရသည်။ထုတ်ပြန်လိုက်သည့်ပုံစံတွင် လူဦးရေ ၁ ဒသမ ၂ သန်းအတွက် လုံခြုံပြီးနေချင်စဖွယ်ကောင်းသည့် မြို့တော်တစ်ခုအဖြစ် ရည်မှန်းရေးဆွဲထားကြောင်း သိရသည်။
စင်ကာပူ AECOM ကုမ္ပဏီက စီမံကိန်းပုံစံကို ရေးဆွဲပေးထားပြီး ထို မဟာဗျူဟာစီမံကိန်းပုံစံတွင် ကြံ့ခိုင်သောမြို့၊ နည်းပညာအဆင့် မြင့်မားသောမြို့၊စိမ်းလန်းစိုပြည်သောမြို့နှင့် ပြည်သူများအတွက်မြို့ဟူ၍ မဏ္ဍိုင် လေးရပ်ဖြင့်ရေးဆွဲခဲ့သည်ဟု ရန်ကုန်တိုင်းအစိုးရပိုင်ကုမ္ပဏီဖြစ်သည့် NYDC (ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ) အမှုဆောင်အရာရှိချုပ်နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးသိမ်းဝေကပြောထားသည်။
ရန်ကုန် မြို့သစ်၏ Master Plan အား AECOM အဖွဲ့ကစည်း စနစ်အကျဆုံး၊ ထိရောက်မှုအရှိဆုံး၊အလေအလွင့်အနည်းဆုံးနှင့်မြေကိုအသုံးချနိုင်ရန်အတွက်သာမက တည်ဆောက်အကောင် အထည်ဖော်မည့် လိုအပ်နေသော အခြေခံအဆောက်အအုံများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲနိုင်မှု၊ သယ်ယူပို့ဆောင်ရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုတို့နှင့်သက်ဆိုင်သည့် အဆောက်အအုံစီမံကိန်းများပါသည့် မြို့သစ်တစ်ခု ကို စဉ်ဆက်မပြတ်ဟန် ချက်ညီညီနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီးစေ့စေ့စပ်စပ်ဂရုတစိုက်နှင့်ဘက်ပေါင်းစုံက စဉ်းစားပြီး ရေးဆွဲခဲ့ပါကြောင်း ၎င်းကဆိုထားသည်။
ယင်းစီမံကိန်း၏ လူမှု စီးပွားပင်မစီမံချက်တွင် ဖော်ပြခဲ့သည့်အတိုင်း ၂၀၂၅ တွင် နေထိုင်သူဦးရေ ၁၈၀,၀၀၀ ရှိမည် ၂၀၃၂ တွင် အလုပ်အကိုင်လေးသိန်းရှိမည် ၂၀၅၀ တွင် မြို့သစ်တွင် ၌လူဦးရေ ၁ ဒသမ၂ သန်းရှိလာပြီး အလုပ်အကိုင်အားဖြင့် ကိုးသိန်းဖန်တီးနိုင်ရန်ဖြစ်ကြောင်းသိရသည်။
မဟာဗျူဟာစီမံကိန်းတွင် ရန်ကုန်မြို့သစ်သည် မဟာဗျူဟာကျသည့် နေရာတွင်တည်ရှိပြီး ကပ္ပလီပင်လယ်၏အရေးပါဆုံးအခန်းကဏ္ဍတွင် ရှိနေပြီး ရန်ကုန်မြို့ဟောင်းနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပြီး မဟာရန်ကုန်မြို့ပြစီမံကိန်း အဓိကအစိတ်အပိုင်း တစ်ခုဖြစ်လာမည်ဟုလည်းဆိုထားသည်။
ထိုသို့ မဟာဗျူဟာကျတည်ရှိနေခြင်းကြောင့် မြို့သစ်သည် သင်္ဘောများဆိုက်ကပ်၊ကုန်စည်ထောက် ပံ့ရေးလုပ်ငန်းနှင့်ဝန်ဆောင်မှုကဏ္ဍများတွင် တရုတ်နှင့် ဥရောပကို ချိတ်ဆက်ပေးရန်စီးပွားရေးအတွက် အဓိက နှလုံးခုန်ချက်တစ်ခုဖြစ်လာမည် ဟုဆိုထားသည်။ရန်ကုန်မြို့သည် အရှေ့တောင်အာရှနှင့်တောင်အာရှကို တစ်နာရီအတွင်း လေကြောင်း ဖြင့် ဆက်သွယ်ပေးနိုင်သည့်ဇုန်အတွင်းကျရောက်နေပြီး အနာဂတ်ခရီးသွားလုပ်ငန်းအတွက် လူဦးရေသန်း၄,၀၀၀ ကို လေကြောင်းခရီးဖြင့် ချိတ်ဆက်နိုင်မည်ဟု ဆိုထားသည်။
ရန်ကုန်မြို့သစ်နှင့်ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းတို့သည် စင်ကာပူနှင့်ကိုလ်းကတ္တား မြို့များကိုချိတ်ဆက်နိုင်မည်ဟုဆိုသည်။
ရန်ကုန်မြို့သစ်တွင် အပိုင်းနှစ်ပိုင်းပါဝင်ပြီး အပိုင်း (က)သည် ရန်ကုန်မြို့ပြင်ပတ်လမ်း၏ အဓိကအပိုင်း၌ ပါဝင်နေပြီး အပိုင်း (ခ) တွင် လေဆိပ်၊ အထူးစီးပွားရေးဇုန်နှင့်ရေနက် ဆိပ်ကမ်းတို့ပါဝင်မည်ဖြစ်ပြီး နှစ်ပိုင်းစလုံး ပြီးစီးပါက လူဦးရေ နှစ်သန်းကိုအလုပ်အကိုင်ပေးနိုင်မည်ဟုဆိုသည်။
ရန်ကုန်မြို့သစ်တွင် လူတစ်ထောင်လျှင် ပန်းခြံဧရိယာ ၂ ဒသမ ၂ ဧကထားမည်ဖြစ်ပြီးမြို့နေလူဦးရေ ၉၅ ရာခိုင်နှုန်း သည် ၁၀ မိနစ်အတွင်း ပန်းခြံသို့ လျှောက်သွားနိုင်မည်ဖြစ်ပြီး မြို့နေလူဦးရေ ၉၇ ရာ ခိုင်နှုန်းသည် ပေ ၈၀၀ ကျော်အတွင်း စက်ဘီးကွန်ရက်ကို ရရှိမည်ဖြစ်ကာ မြို့နေလူဦးရေ ၆၀ ရာခိုင်နှုန်းသည် ၁၀ မိနစ် အတွင်း အလုပ်ကို အရောက်သွားနိုင်မည့် သယ်ယူပို့ဆောင်ရေးစနစ်လည်း တည်ထောင်ထားသည်ဟု စီမံကိန်းတွင် ဖော်ပြထားသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ